အသည္းႏွစ္ခါကြဲၿပီးေနာက္ ခ်စ္ရမွာေၾကာက္သြားၿပီး လူသူမဲ့တဲ့ဂူထဲမွာ ႏွစ္ေပါင္း၂၀ေက်ာ္အၾကာ တစ္ေယာက္တည္း ေနထိုင္ခဲ့သည့္ အမ်ိဳးသား

zawgyi

အသည္းႏွစ္ခါကြဲၿပီးေနာက္ ခ်စ္ရမွာေၾကာက္သြားၿပီး လူသူမဲ့တဲ့ဂူထဲမွာ ႏွစ္ေပါင္း၂၀ေက်ာ္အၾကာ တစ္ေယာက္တည္း ေနထိုင္ခဲ့သည့္ အမ်ိဳးသား

လူသားတိုင္းက အခ်စ္နဲ႔မကင္းေဝးၾကသလို အခ်စ္ေၾကာင့္ ဘဝတိုးတက္ေအာင္ ႀကိဳးစားေျပာင္းလဲတဲ့သူေတြရွိၿပီး အခ်စ္ေၾကာင့္ပဲ ဆင္းရဲဒုကၡေရာက္ရကာ ရစရာမရွိေအာင္ ဘဝကစုတ္ျပတ္သတ္သြားသူမ်ားလည္းရွိသည္။

သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ဦးသည္ ေက်းလက္ေဒသတြင္ ေမြးဖြားၿပီး ငယ္စဥ္တည္းက စာေတာ္သည့္အတြက္ မိဘေတြက ဆင္းရဲႏြမ္းပါးသည့္ၾကား ပညာတတ္ႀကီးျဖစ္ေစလို၍ ေက်ာင္းထားေပးခဲ့သည္။

အမ်ိဳးသားသည္ အထက္တန္းေက်ာင္းေအာင္ၿပီး တကၠသိုလ္တက္ရစဥ္ ၿမိဳ႕ႀကီးျပႀကီးသို႔ ေျပာင္းေနရသည့္အခါ ခ်စ္စရာေကာင္းလြန္းေသာ ေကာင္မေလးတစ္ဦးနဲ႔ ဆုံေတြ႕ၿပီး ခ်စ္ႀကိဳက္ခဲ့သည္။

အမ်ိဳးသားသည္ သူ႔ရဲ႕အခ်စ္ဦးျဖစ္ေသာ ထိုေကာင္မေလးကို ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္ႏိုးခဲ့ေပမယ့္ ႏွစ္ေယာက္သားက ေနထိုင္မႈအေလ့အထခ်င္းကြာျခားကာ ခ်စ္သူသက္တမ္းတစ္ႏွစ္မျပည့္ခင္မွာပဲ ေကာင္မေလးက အေၾကာင္းျပခ်က္မရွိ ထားသြားတာေၾကာင့္

ပထမဆုံးအႀကိမ္ အသည္းကြဲခံစားခဲ့ရသည္။အမ်ိဳးသားသည္ စိတ္ေတြေလၿပီး တကၠသိုလ္စာေမးပြဲလည္း မေအာင္ပဲရွိခဲ့ရာ စက္႐ုံတစ္ခုမွာ အလုပ္ဝင္ခဲ့ရၿပီး ထပ္မံၿပီးေတာ့ စိတ္တူကိုယ္တူသည့္ ေကာင္မေလးတစ္ေယာက္နဲ႔ ခ်စ္ႀကိဳက္ခဲ့ျပန္ရာ

ႏွစ္အေတာ္ၾကာ ခ်စ္ခဲ့ၾကေပမယ့္ သေဘာထားခ်င္းမတိုက္ဆိုင္တာေတြရွိလာသည့္အခါ လမ္းခြဲခဲ့ၾကျပန္သည္။သို႔ေပမယ့္ အမ်ိဳးသားသည္ အလုပ္ႀကိဳးစားၿပီး ကိုယ့္ကိုယ္ကို ေျပာင္းလဲျပဳျပင္ကာ တစ္ႏွစ္ခြဲအၾကာမွာေတာ့ သူ႔ရဲ႕ရည္းစားေဟာင္း ေကာင္မေလးကို

လက္ထပ္ခြင့္ေတာင္းဖို႔ ျပန္သြားရွာခဲ့စဥ္ ထိုေကာင္မေလးမွ အိမ္ေထာင္က်ႏွင့္ေနၿပီျဖစ္တာေၾကာင့္ ႏွစ္ခါျပန္အသည္းကြဲခံစားရ၍ အခ်စ္ကိုလုံးဝေၾကာက္သြားခဲ့ေတာ့သည္။

ထို႔ေၾကာင့္ပဲ အမ်ိဳးသားသည္ လူသူကင္းေဝးေသာ ေတာင္တစ္ခုမွာ ဂူအျဖစ္ေဖာက္လုပ္ၿပီး တစ္ေယာက္တည္း ၂၂ႏွစ္အၾကာ ေနထိုင္ကာ စိတ္ေျဖေဖ်ာက္ရန္ စာေပစာအုပ္မ်ားဖတ္ရႉၿပီး ေဆးပညာအခ်ိဳ႕ကိုနားလည္ေနၿပီျဖစ္သည္။

Rain (For Ialinks)

crd

unicode

အသည်းနှစ်ခါကွဲပြီးနောက် ချစ်ရမှာကြောက်သွားပြီး လူသူမဲ့တဲ့ဂူထဲမှာ နှစ်ပေါင်း၂၀ကျော်အကြာ တစ်ယောက်တည်း နေထိုင်ခဲ့သည့် အမျိုးသား

လူသားတိုင်းက အချစ်နဲ့မကင်းဝေးကြသလို အချစ်ကြောင့် ဘဝတိုးတက်အောင် ကြိုးစားပြောင်းလဲတဲ့သူတွေရှိပြီး အချစ်ကြောင့်ပဲ ဆင်းရဲဒုက္ခရောက်ရကာ ရစရာမရှိအောင် ဘဝကစုတ်ပြတ်သတ်သွားသူများလည်းရှိသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံက အမျိုးသားတစ်ဦးသည် ကျေးလက်ဒေသတွင် မွေးဖွားပြီး ငယ်စဉ်တည်းက စာတော်သည့်အတွက် မိဘတွေက ဆင်းရဲနွမ်းပါးသည့်ကြား ပညာတတ်ကြီးဖြစ်စေလို၍ ကျောင်းထားပေးခဲ့သည်။

အမျိုးသားသည် အထက်တန်းကျောင်းအောင်ပြီး တက္ကသိုလ်တက်ရစဉ် မြို့ကြီးပြကြီးသို့ ပြောင်းနေရသည့်အခါ ချစ်စရာကောင်းလွန်းသော ကောင်မလေးတစ်ဦးနဲ့ ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့သည်။

အမျိုးသားသည် သူ့ရဲ့အချစ်ဦးဖြစ်သော ထိုကောင်မလေးကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့ပေမယ့် နှစ်ယောက်သားက နေထိုင်မှုအလေ့အထချင်းကွာခြားကာ ချစ်သူသက်တမ်းတစ်နှစ်မပြည့်ခင်မှာပဲ ကောင်မလေးက အကြောင်းပြချက်မရှိ ထားသွားတာကြောင့်

ပထမဆုံးအကြိမ် အသည်းကွဲခံစားခဲ့ရသည်။အမျိုးသားသည် စိတ်တွေလေပြီး တက္ကသိုလ်စာမေးပွဲလည်း မအောင်ပဲရှိခဲ့ရာ စက်ရုံတစ်ခုမှာ အလုပ်ဝင်ခဲ့ရပြီး ထပ်မံပြီးတော့ စိတ်တူကိုယ်တူသည့် ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပြန်ရာ

နှစ်အတော်ကြာ ချစ်ခဲ့ကြပေမယ့် သဘောထားချင်းမတိုက်ဆိုင်တာတွေရှိလာသည့်အခါ လမ်းခွဲခဲ့ကြပြန်သည်။သို့ပေမယ့် အမျိုးသားသည် အလုပ်ကြိုးစားပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲပြုပြင်ကာ တစ်နှစ်ခွဲအကြာမှာတော့ သူ့ရဲ့ရည်းစားဟောင်း ကောင်မလေးကို

လက်ထပ်ခွင့်တောင်းဖို့ ပြန်သွားရှာခဲ့စဉ် ထိုကောင်မလေးမှ အိမ်ထောင်ကျနှင့်နေပြီဖြစ်တာကြောင့် နှစ်ခါပြန်အသည်းကွဲခံစားရ၍ အချစ်ကိုလုံးဝကြောက်သွားခဲ့တော့သည်။

ထို့ကြောင့်ပဲ အမျိုးသားသည် လူသူကင်းဝေးသော တောင်တစ်ခုမှာ ဂူအဖြစ်ဖောက်လုပ်ပြီး တစ်ယောက်တည်း ၂၂နှစ်အကြာ နေထိုင်ကာ စိတ်ဖြေဖျောက်ရန် စာပေစာအုပ်များဖတ်ရှူပြီး ဆေးပညာအချို့ကိုနားလည်နေပြီဖြစ်သည်။

Rain (For Ialinks)

crd