zawgyi
လေးစားလျှက်
crd
unicode
ဖိနပ်ပေါ်တွင် ပန်းချီများပုံဖော်ရေးဆွဲပြီး တစ်ဖက်တစ်လမ်းကနေကျောင်းတက်စရိတ် ရှာနိုင်ခဲ့သော ကောင်လေး
လူတစ်ယောက်စီတိုင်းတွင် ဝါသနာတစ်ခုစီ ရှိကြပြီး ဇွဲမလျှော့ပဲ ကြိုးစားလုပ်ဆောင်သွားပါက တစ်ချိန်တွင် အောင်မြင်နိုင်သည်။
ယခုအခါတွင်လည်း ထိုင်းနိုင်ငံ Trang ပြည်နယ်မှ အသက် ၁၁နှစ်အရွယ် ကောင်လေးသည် ၅တန်းကျောင်းသားသာ ရှိသေးသော်လည်း ဝါသနာပါသော ပန်းချီအနုပညာမှတဆင့် ဖိနပ်အလှများ လုပ်ရောင်းပြီး မိသားစု အိမ်စရိတ်အား ထောက်ပံ့ပေးလျက်ရှိသည်။
ကောင်လေးသည် ၂နှစ်သားလောက်ကတည်းက ပန်းချီဆွဲရခြင်းကို အထူးနှစ်သက်ပြီး လက်ရာမှာလည်း ပြောင်မြောက်လွန်းတာကြောင့် ငယ်ရွယ်သေးသော်လည်း သူဧ။်အရည်အချင်းကို ထုတ်ဖော်ရန် အကြံရခဲ့သည်။
ထို့ကြောင့် ကောင်လေးသည် ဖော့ဖိနပ်ပြောင်လေးတွေကို ဝယ်ယူပြီး ပန်းချီများရေးဆွဲကာ ရုပ်ပုံမျိုးစုံနှင့် ဂန္ထဝင်ဆန်ဆန်ပုံလေးများကိုပါ ပုံဖော်နိုင်ခဲ့ပြီး ဖိနပ်တစ်ရံကို ၄၅၀ဘတ်နှင့် ရောင်းချခဲ့ရာ လူကြိုက်များခဲ့သည်။
ကောင်လေးသည် တဖြည်းဖြည်း နာမည်ရလာကာ ဖိနပ်များ ပိုပြီးရေးဆွဲပုံဖော်ကာ ထွင်းထုခြင်းများလာခဲ့သော်လည်း
ကျောင်းစာကို လက်လွှတ်မခံပဲ အမှတ်ကောင်းရအောင် ကြိုးစားနိုင်ခဲ့သည့်အပြင် Tvချန်နယ်ထဲတွင်တောင် ပြသခွင့်ရခဲ့သည်။
လေးစားလျှက်
crd