႐ုံးပိတ္ရက္မွာ အလြယ္တကူ ခ်က္စားလို႔ရေအာင္ ေၾကးအိုး ခ်က္နည္းေလးမွ်ေဝ ေပးလိုက္ပါတယ္

zawgyi

႐ုံးပိတ္ရက္မွာ အလြယ္တကူ ခ်က္စားလို႔ရေအာင္ ေၾကးအိုး ခ်က္နည္းေလးမွ်ေဝ ေပးလိုက္ပါတယ္

ေၾကးအိုး ခ်က္နည္းေလးမွ်ေဝမယ္ေနာ္

႐ုံးပိတ္ရက္မွာ အလြယ္တကူ ခ်က္စားလို႔ရေအာင္ Share ေပးလိုက္တယ္ေနာ္….

ေၾကးအိုးက ဆိုင္မွာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ္မႈပါဘဲ။ စိတ္မပူပါနဲ႔။

ဟင္းရည္က အဓိက က်တာမို႔ အခု ေပးထားတဲ့ ခ်က္နည္းအတိုင္းသာ ခ်က္ပါ။ တထပ္တည္း မက်ရင္ေတာင္ စားရတာ စိတ္တိုင္းေတာ့ က်ပါမယ္။

အသားလုံးတဲ့ အခါမွာလည္း တ႐ုတ္မဆလာ ႀကိဳက္ရင္ ထည့္ၿပီး ႏွပ္ထားႏိုင္ပါတယ္။ အသားလုံးကို ငါးဖယ္ထည့္လုံးႏိုင္ရင္ေတာ့ အေကာင္းဆုံးပါဘဲ။ ငါးဖယ္ ဝယ္မရခဲ့ရင္ေတာ့ ေကာ္မႈန႔္ ႏိုင္ႏိုင္ေလးနဲ႔ လုံးေပးပါ။

ပါဝင္ေသာ ပစၥည္းမ်ား

၁။ ၾကက္႐ိုး (သို႔မဟုတ္) ဝက္႐ိုး

၂၊ အူစုံ ၊ အသည္းစုံ

၃။ ေတာက္ေတာက္စင္းထားေသာ အသား

၄။ ငုံးဥ

၅။ ပဲျပား

၆။ မုန္ညင္းစိမ္း

၇။ ဆန္ျပား၊ ၾကာဆံ

၈။ ဘဲငန္းပ်ံ င႐ုပ္ဆီ

၉။ ရွာလကာရည္

၁၀။ င႐ုပ္သီးစိမ္း

၁၁။ ၾကက္သြန္ျဖဴ

ဟင္းရည္

အ႐ိုးကို ေရေဆးၿပီး အိုးႀကီးႀကီးထဲတြင္ ေရႏွင့္ ထည့္ျပဳတ္ပါ။ ဆား ၊ အခ်ိဳမႈန႔္သုံးလွ်င္ အခ်ိဳမႈန႔္ ထည့္လို႔ ရပါတယ္။ ဒါေပမဲ့ ၾကက္သားမႈန႔္မထည့္ပါနဲ႔ ။ အရသာကို ေျပာင္းသြားႏိုင္လို႔ပါ။

ေနာက္ၿပီး သၾကားကို ခ်ိန္ဆ ၿပီး ထည့္ပါ။ အခ်ိဳေလးေလး ျဖစ္ေအာင္ ခ်ိန္ဆ ထည့္ပါ။ အ႐ိုးမ်ား ႏူးေနသည္အထိ ျပဳတ္ေပးပါ။

သတိျပဳရန္မွာ- အထက္ပါ အစာပလာမ်ားမွ လြဲၿပီး တျခား ေကာင္းႏိုင္မည္ ထင္သည့္ အရာမ်ား ေလွ်ာက္မထည့္ပါနဲ႔။ အထူးသျဖင့္ ခ်င္း၊ တ႐ုတ္နံနံ လုံး၀ မထည့္ရပါ။

အသားႏွင့္ အ႐ြက္မ်ား ျပင္ဆင္ျခင္း

၁။ ေတာက္ေတာက္စင္းထားေသာ အသားမ်ားကို ေကာ္မႈန႔္၊ ဆား၊ အခ်ိဳမႈန႔္ ၊ ၾကက္ဥ ၊ တ႐ုတ္ၾကက္သြန္ၿမိတ္၊ င႐ုပ္ေကာင္း တို႔ႏွင့္ နယ္ၿပီး ႏွပ္ထားပါ။

၂။ မုန္ညင္းစိမ္းကို အ႐ြက္ ေခြၽထားပါ။

၃။ အသည္းအျမစ္၊ အူစုံ အသည္းစုံကို ေရစင္စင္ေဆး၊ အေနေတာ္လွီးၿပီး ဆား၊ အခ်ိဳမႈန႔္တို႔ႏွင့္ နယ္ထားပါ။ အမ်ိဳးအစား တခုခ်င္းဆီကို ေရလဲၿပီး တခုခ်င္းစီ ျပဳတ္ပါ။ ဗန္းထဲတြင္ အသင့္ျပင္ထားပါ။

၄။ ငုံးဥကို ျပဳတ္၊ အခြံႏြာ အသင့္ျပင္ထားပါ။

၅။ ပဲျပားကို လိုသေလာက္ လြာထားပါ။

၆။ ဆန္ျပားႏွင့္ ၾကာဆံကို ေရစိမ္ၿပီး စစ္ထားပါ၊ ၿပီးရင္ ဗန္းထဲတြင္ ခင္းထားပါ။

ႏွမ္းဆီ ၊င႐ုပ္ေကာင္း ျပင္ဆင္ထားျခင္း

ႏွမ္းဆီကို ပူေအာင္ ဒယ္အိုးမွာ တည္၊ ခြက္ထဲမွာ င႐ုပ္ေကာင္း ေလွာ္ေထာင္းကို ထည့္ထား၊ ေနာက္ ဆီပူ ေလာင္းထည့္ၿပီး ပြဲျပင္မည့္နားတြင္ အဆင္သင့္ ျပင္ထားပါ။

ပြဲျပင္နည္း

သီးသန႔္လက္ကိုင္အိုးထဲတြင္ တပြဲစာ ဟင္းရည္ထည့္၊ ပြက္ေအာင္တည္ပါ။တည္ေနခ်ိန္တြင္ အသားကို လုံးၿပီး ထည့္ပါ။အူစုံ အသည္းစုံ ထည့္ပါ။

ၾကာဆံ (သို႔) ဆန္ျပားကို အလိုရွိသေလာက္ ထည့္ျပဳတ္ပါ၊ပဲျပားထည့္၊ငုံးဥ ထည့္အ႐ြက္စိမ္း ေနာက္ဆုံးမွ ထည့္ပါပြက္ပြက္ဆူလာလွ်င္ အသား က်က္မက်က္ ခ်ိန္ဆၿပီးမွ ပန္းကန္ထဲကို ေလာင္းထည့္ပါ။ၿပီးရင္ ႏွမ္းဆီ၊ င႐ုပ္ေကာင္း (သို႔) င႐ုပ္ေကာင္း ေလွာ္ေထာင္းကို လိုသေလာက္ ထည့္ၿပီး စားပါ။

အခ်ဥ္ရည္ ျပင္ဆင္နည္း

င႐ုပ္သီးစိမ္းကို ပါးပါးလွီးပါ၊ရွာလကာရည္ ၃ ဇြန္း၊သၾကား တစ္ဇြန္း၊ဆား အနည္းငယ္၊ငံျပာရည္ အနည္းငယ္ ႏွင့္ ေရအနည္းငယ္ ထည့္ပါ ( ေရက်က္ေအး)အားလုံးကို ထည့္ေမႊပါ၊ ၿပီးလွ်င္ အခ်ဥ္ နဲ႔အေပါ့ကို ျမည္းၿပီး လိုတာ ထပ္ထည့္ပါ။

င႐ုပ္ဆီႏွင့္ တြဲၿပီး ေၾကးအိုးကို စားႏိုင္ပါၿပီ။

Credit

unicode

ရုံးပိတ်ရက်မှာ အလွယ်တကူ ချက်စားလို့ရအောင် ကြေးအိုး ချက်နည်းလေးမျှဝေ ပေးလိုက်ပါတယ်

ကြေးအိုး ချက်နည်းလေးမျှဝေမယ်နော်

ရုံးပိတ်ရက်မှာ အလွယ်တကူ ချက်စားလို့ရအောင် Share ပေးလိုက်တယ်နော်….

ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့။

ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်း မကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။

အသားလုံးတဲ့ အခါမှာလည်း တရုတ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ဝယ်မရခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။

ပါဝင်သော ပစ္စည်းများ

၁။ ကြက်ရိုး (သို့မဟုတ်) ဝက်ရိုး

၂၊ အူစုံ ၊ အသည်းစုံ

၃။ တောက်တောက်စင်းထားသော အသား

၄။ ငုံးဥ

၅။ ပဲပြား

၆။ မုန်ညင်းစိမ်း

၇။ ဆန်ပြား၊ ကြာဆံ

၈။ ဘဲငန်းပျံ ငရုပ်ဆီ

၉။ ရှာလကာရည်

၁၀။ ငရုပ်သီးစိမ်း

၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေနှင့် ထည့်ပြုတ်ပါ။ ဆား ၊ အချိုမှုန့်သုံးလျှင် အချိုမှုန့် ထည့်လို့ ရပါတယ်။ ဒါပေမဲ့ ကြက်သားမှုန့်မထည့်ပါနဲ့ ။ အရသာကို ပြောင်းသွားနိုင်လို့ပါ။

နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ။ အချိုလေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ။ အရိုးများ နူးနေသည်အထိ ပြုတ်ပေးပါ။

သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ့။ အထူးသဖြင့် ချင်း၊ တရုတ်နံနံ လုံး၀ မထည့်ရပါ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁။ တောက်တောက်စင်းထားသော အသားများကို ကော်မှုန့်၊ ဆား၊ အချိုမှုန့် ၊ ကြက်ဥ ၊ တရုတ်ကြက်သွန်မြိတ်၊ ငရုပ်ကောင်း တို့နှင့် နယ်ပြီး နှပ်ထားပါ။

၂။ မုန်ညင်းစိမ်းကို အရွက် ချွေထားပါ။

၃။ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီးပြီး ဆား၊ အချိုမှုန့်တို့နှင့် နယ်ထားပါ။ အမျိုးအစား တခုချင်းဆီကို ရေလဲပြီး တခုချင်းစီ ပြုတ်ပါ။ ဗန်းထဲတွင် အသင့်ပြင်ထားပါ။

၄။ ငုံးဥကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။

၅။ ပဲပြားကို လိုသလောက် လွာထားပါ။

၆။ ဆန်ပြားနှင့် ကြာဆံကို ရေစိမ်ပြီး စစ်ထားပါ၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ။

နှမ်းဆီ ၊ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့်ပြီး ပွဲပြင်မည့်နားတွင် အဆင်သင့် ပြင်ထားပါ။

ပွဲပြင်နည်း

သီးသန့်လက်ကိုင်အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်ပါ။တည်နေချိန်တွင် အသားကို လုံးပြီး ထည့်ပါ။အူစုံ အသည်းစုံ ထည့်ပါ။

ကြာဆံ (သို့) ဆန်ပြားကို အလိုရှိသလောက် ထည့်ပြုတ်ပါ၊ပဲပြားထည့်၊ငုံးဥ ထည့်အရွက်စိမ်း နောက်ဆုံးမှ ထည့်ပါပွက်ပွက်ဆူလာလျှင် အသား ကျက်မကျက် ချိန်ဆပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။ပြီးရင် နှမ်းဆီ၊ ငရုပ်ကောင်း (သို့) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက် ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီးစိမ်းကို ပါးပါးလှီးပါ၊ရှာလကာရည် ၃ ဇွန်း၊သကြား တစ်ဇွန်း၊ဆား အနည်းငယ်၊ငံပြာရည် အနည်းငယ် နှင့် ရေအနည်းငယ် ထည့်ပါ ( ရေကျက်အေး)အားလုံးကို ထည့်မွှေပါ၊ ပြီးလျှင် အချဉ် နဲ့အပေါ့ကို မြည်းပြီး လိုတာ ထပ်ထည့်ပါ။

ငရုပ်ဆီနှင့် တွဲပြီး ကြေးအိုးကို စားနိုင်ပါပြီ။

Credit