ႏွလုံးလမ္းေပၚမွအစျပဳေသာ ေအာင္ျမင္ေရးလမ္းေၾကာင္း
Zawgyi
ေအာင္ျမင္ေရးလမ္းေၾကာင္းဆိုတာ လူတစ္ေယာက္ရဲ႕ ေအာင္ျမင္ေပ်ာ္႐ႊင္ျခင္း၊ ေလးစားခ်ီးျမႇင့္ခံရျခင္း၊ ၾသဇာအာဏာ ရွိျခင္းႏွင့္ ထင္ေပၚေက်ာ္ၾကားျခင္း၊ စာေပအႏုပညာ၊ အသိပညာ အတတ္ပညာ၊ ညဏ္နဲ႔ဆိုင္တဲ့ ကိစၥနဲ႔ ထိပ္တန္းေက်ာ္ေဇာျခင္း၊ ဥစၥာစီးပြား တိုးတက္ျခင္းႏွင့္ တပည့္တပန္းေပါမ်ားျခင္း၊ ဆြဲေဆာင္ႏိုင္မႈ႕ရွိျခင္း တို႔ကိုေဖာ္ျပသကဲ့သို႔ ျဖတ္သန္းရတဲ့လူ႔ဘဝရဲ႕ ေအာင္ျမင္မႈ႕ မွတ္တိုင္မ်ားကိုလည္း ေဖာ္ျပတတ္ပါတယ္။
ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ ေသာၾကာၿဂိဳဟ္ခုံကလည္း တက္တတ္သလို၊ အဂၤါလြင္ျပင္နဲ႔ တနလၤာၿဂိဳဟ္ခုံေတြကလည္း တက္တတ္ပါတယ္။ ဒါေပမယ့္ ယခုတင္ျပလိုတဲ့ အေၾကာင္းအရာကေတာ့ ေအာင္ျမင္ေရးလမ္းေၾကာင္းေတြထဲကေန ႏွလုံးလမ္းေၾကာင္းေပၚကေန အစျပဳၿပီး တနဂၤေႏြၿဂိဳဟ္ခုံေပၚကို ထိုးတက္ေနတဲ့ ေအာင္ျမင္ေရးလမ္းေၾကာင္းရဲ႕ အေၾကာင္းကိုဘဲ တင္ျပလိုပါတယ္။
ေအာင္ျမင္ေရး လမ္းေၾကာင္းဟာ ႏွလုံးလမ္းေၾကာင္းက စတင္တယ္ဆိုရင္ အဲဒီအသက္ဟာ (၅၀) ေက်ာ္ဝန္းက်င္လို႔ ေယဘူယအားျဖင့္ မွတ္လို႔ိရပါတယ္။ ေသခ်ာခ်င္ရင္ေတာ့ ႏွလုံးလမ္းေၾကာင္းရဲ႕ အေျခအေနကို ၾကည့္ၿပီး စနစ္တက် အသက္ပိုင္းျခားစနစ္အတိုင္း တိုင္းတာရပါတယ္။
ႏွလုံးလမ္းေၾကာင္းေပၚကေန စတင္ၿပီး တနဂၤေႏြၿဂိဳဟ္ခုံေပၚမွာ ေအာင္ျမင္ေရးလမ္းေၾကာင္းဟာ သန႔္ရွင္းၿပီး အဖ်က္မရွိဘဲ ေထာင္တက္ေနမယ္ဆိုရင္ ဒါဟာ အလြန္ေကာင္းတဲ့ အမွတ္အသားတစ္ခုလို႔ ေျပာလို႔ရပါတယ္။
အဲဒီအမွတ္ပါရင္ေတာ့ အႏုပညာပိုင္းမွာ စိတ္ဝင္စားတဲ့သူ၊ စိတ္သေဘာထားႏုညံ့သိမ္ေမြ႕တဲ့သူ၊ အႏုပညာ ေတးဂီတကို ခံစားတတ္တဲ့သူအျဖစ္ ေတြ႕ရပါတယ္၊ သူကိုယ္တိုင္လည္း အႏုပညာတူရိယာေတြကို တီးခတ္တတ္တယ္၊ စာေပေရးသားတာ၊ က်မ္းျပဳတာေတြမွာလည္း ထင္ရွားတတ္တယ္၊
ဝါသနာလည္း ႀကီးတယ္၊ ျဖစ္လည္း ျဖစ္ေအာင္ လုပ္တတ္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒီလိုလမ္းေၾကာင္း ပါတဲ့သူေတြဟာ သူတို႔ကို ခ်စ္တဲ့သူေတြရဲ႕ အကူအညီနဲ႔ ဘဝေအာင္ျမင္ျခင္းကို တက္လွမ္းႏိုင္သူေတြဘဲ ျဖစ္တယ္။ ေပ်ာ္႐ႊင္ရတဲ့သူပါဘဲ။
ထူးျခားတာတစ္ခုကေတာ့ အသက္(၅၀) ေက်ာ္အခ်ိန္ကစၿပီး ေအးခ်မ္းတဲ့ ဘဝကို ေပ်ာ္႐ႊင္စြာျဖတ္သန္းရတာပါဘဲ၊ ခ်မ္းသာႂကြယ္ဝျခင္း၊ ၾသဇာအာဏာရွိျခင္း၊ စိတ္ခ်မ္းသာျခင္းေတြကလည္း အဲဒီအသက္အ႐ြယ္ေရာက္တဲ့အခါ ျဖစ္ေပၚလာတာပါဘဲ။ အိုဇာတာ အလြန္ေကာင္းတဲ့ လကၡဏာပါဘဲ။ ေအာင္ျမင္ႀကီးပြားတိုးတက္ေစတဲ့ ေအာင္ျမင္ေရးလမ္းေၾကာင္းလို႔ ေျပာရမွာျဖစ္တယ္။
ဒီလိုေကာင္းတဲ့ အခ်က္ေတြရွိတဲ့ ေအာင္ျမင္ေရးလမ္းေၾကာင္းရဲ႕ ထိပ္မွာ ႏွစ္ခြေလးျဖစ္ေနမယ္ဆိုရင္ေတာ့ အဂၤလိပ္အကၡရာ (Y) ပုံျဖစ္ေနရင္ေပါ့။ ဒီလိုလူဟာ အသက္ႀကီးတဲ့အခါမွ သူ႔တစ္ဘဝလုံး ေလ့လာခဲ့တဲ့ ပညာေတြ၊ ဗဟုသုတေတြကို အသက္အ႐ြယ္ရလာတဲ့အခါ သူမ်ားနဲ႔မတူတဲ့ တင္ျပမႈ႕မ်ိဳး၊ ခ်ျပမႈ႕မ်ိဳးနဲ႔ ခ်ျပတာေတြျဖစ္လာၿပီး ထင္ရွားလာမယ္၊ ေက်ာ္ၾကားလာမယ္လို႔ေျပာလို႔ရပါတယ္။
တစ္ကယ္လို႔ သုံခြျဖစ္ေနမယ္ဆိုရင္ေတာ့ လူအမ်ားနဲ႔ဆိုင္တဲ့ လုပ္ငန္းႀကီးေတြမွာ အလြန္ေအာင္ျမင္ေက်ာ္ၾကားလိမ့္မယ္။ ဒီလိုေက်ာ္ၾကားတဲ့အခါမွာလည္း သူ႔ရဲ႕ ကိုယ္ပိုင္းအမွတ္ တံဆိပ္နဲ႔ကို ေက်ာ္ၾကားတာျဖစ္လိမ့္မယ္။ စာေပေလာက၊ ႐ုပ္ရွင္၊ ဂီတေလာကမွာလည္း အလြန္နာမည္ႀကီးၿပီး ထိပ္ဆုံးကို ေရာက္ပါလိမ့္မယ္။ ဥစၥာပစၥည္းနဲ႔ ေခြၽရံသင္ပင္းေတြ ေပါမ်ားတဲ့ လကၡဏာရွင္ျဖစ္ပါလိမ့္မယ္။
အထက္က တင္ျပခဲ့တာေတြကေတာ့ ႏွလုံးလမ္းေပၚကေန စတင္အစပ်ိဳးၿပီး တနဂၤေႏြၿဂိဳဟ္ခုံေပၚကို တက္သြားတဲ့ ေအာင္ျမင္ေရးလမ္းေၾကာင္းရဲ႕ အေျခအေနကို တင္ျပတာျဖစ္တယ္။ ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႔ ပါတ္သက္တဲ့ လကၡဏာဆိုင္ရာ ေဟာေျပာရမယ့္ အေျခခံအခ်က္ေတြကေတာ့ အလြန္မ်ားလွပါတယ္။
ေအာင္ျမင္ေရး လမ္းေၾကာင္းရဲ႕ထိပ္မွာ ၾကယ္အမွတ္အသားပါခဲ့ရင္၊ ၾကက္ေျခအမွတ္အသားပါရင္၊ စက္ဝိုင္းပုံပါရင္ စသျဖင့္လည္း ထူးျခားတဲ့ ေဟာခ်က္ေတြရွိသလို လမ္းေၾကာင္းကို ဥပါဒ္လမ္းတစ္ခု ျဖတ္လိုက္ရင္ဘာျဖစ္မလည္း၊ ကြၽန္းေတြ႕ရင္ ဘာေဟာမလည္း ဆိုတာကလည္း ရွိပါေသးတယ္။
ေနာက္တစ္ခုက လက္ပုံစံ ဘယ္လိုမ်ိဳးမွာဆိုရင္ ဘယ္လိုေျပာမလည္း၊ ၿဂိဳဟ္ခုံရဲ႕ အေျခအေနနဲ႔ ကံလမ္းေၾကာင္း၊ ႏွလုံးလမ္းေၾကာင္းနဲ႔ အသက္လမ္းေၾကာင္းက ဘာေျပာမလည္း ဆိုတာလည္း ေပါင္းစပ္ခ်ိန္ဆရပါေသးတယ္။
ဒါေၾကာင့္ လကၡဏာေမးျမန္းမယ္ဆိုရင္ လကၡဏာကို လကၡဏာဆရာထံံ ေသခ်ာျပဖို႔လိုပါတယ္။ ဘယ္လမ္းေၾကာင္း ဘယ္လိုျဖစ္ေနတယ္လို႔ ေျပာျပယုံနဲ႔ ဘယ္လိုမွ အေျဖေပးလို႔မရပါဘူး၊ အားလုံးကို ခ်ိန္ဆၿပီးမွ ေျပာလို႔ရတဲ့ အေျခအေနတစ္ခုပါ။
ေကာင္းတဲ့အမွတ္အသားကိုေတြ႕တဲ့အခါ အဲဒီအမွတ္အသားတစ္ခုတည္းကို ၾကည့္ၿပီး ေကာင္းတဲ့ အေၾကာင္းကို အလြန္အက်ဴးေျပာလို႔ မရေသးပါဘူး ခ်ိန္ဆရပါတယ္။ ဒီလိုဘဲ မေကာင္းတဲ့ အမွတ္အသား တစ္ခုေတြ႕တာနဲ႔ မေကာင္းဘူးဆိုၿပီး အတင္းေျပာခ်လိုက္လို႔ မရျပန္ပါဘူး၊ အျခားေကာင္းတဲ့အခ်က္ေတြနဲ႔ အသက္ပိုင္းေတြၾကည့္ၿပီးမွ ေျပာရမွာပါ။
ဒါမွ လကၡဏာပညာရဲ႕ သိမ့္ေမြ႕တဲ့ စစ္မွန္တဲ့ ေဟာခ်က္ကို အတိက်ဆုံးအေျခအေနနဲ႔ ရမွာျဖစ္ပါေၾကာင္း တင္ျပရပါတယ္။cခရက္ဒစ္
Unicode
အောင်မြင်ရေးလမ်းကြောင်းဆိုတာ လူတစ်ယောက်ရဲ့ အောင်မြင်ပျော်ရွှင်ခြင်း၊ လေးစားချီးမြှင့်ခံရခြင်း၊ သြဇာအာဏာ ရှိခြင်းနှင့် ထင်ပေါ်ကျော်ကြားခြင်း၊ စာပေအနုပညာ၊ အသိပညာ အတတ်ပညာ၊ ညဏ်နဲ့ဆိုင်တဲ့ ကိစ္စနဲ့ ထိပ်တန်းကျော်ဇောခြင်း၊ ဥစ္စာစီးပွား တိုးတက်ခြင်းနှင့် တပည့်တပန်းပေါများခြင်း၊ ဆွဲဆောင်နိုင်မှု့ရှိခြင်း တို့ကိုဖော်ပြသကဲ့သို့ ဖြတ်သန်းရတဲ့လူ့ဘဝရဲ့ အောင်မြင်မှု့ မှတ်တိုင်များကိုလည်း ဖော်ပြတတ်ပါတယ်။
အောင်မြင်ရေးလမ်းကြောင်းဟာ သောကြာဂြိုဟ်ခုံကလည်း တက်တတ်သလို၊ အင်္ဂါလွင်ပြင်နဲ့ တနင်္လာဂြိုဟ်ခုံတွေကလည်း တက်တတ်ပါတယ်။ ဒါပေမယ့် ယခုတင်ပြလိုတဲ့ အကြောင်းအရာကတော့ အောင်မြင်ရေးလမ်းကြောင်းတွေထဲကနေ နှလုံးလမ်းကြောင်းပေါ်ကနေ အစပြုပြီး တနင်္ဂနွေဂြိုဟ်ခုံပေါ်ကို ထိုးတက်နေတဲ့ အောင်မြင်ရေးလမ်းကြောင်းရဲ့ အကြောင်းကိုဘဲ တင်ပြလိုပါတယ်။
အောင်မြင်ရေး လမ်းကြောင်းဟာ နှလုံးလမ်းကြောင်းက စတင်တယ်ဆိုရင် အဲဒီအသက်ဟာ (၅၀) ကျော်ဝန်းကျင်လို့ ယေဘူယအားဖြင့် မှတ်လို့ိရပါတယ်။ သေချာချင်ရင်တော့ နှလုံးလမ်းကြောင်းရဲ့ အခြေအနေကို ကြည့်ပြီး စနစ်တကျ အသက်ပိုင်းခြားစနစ်အတိုင်း တိုင်းတာရပါတယ်။
နှလုံးလမ်းကြောင်းပေါ်ကနေ စတင်ပြီး တနင်္ဂနွေဂြိုဟ်ခုံပေါ်မှာ အောင်မြင်ရေးလမ်းကြောင်းဟာ သန့်ရှင်းပြီး အဖျက်မရှိဘဲ ထောင်တက်နေမယ်ဆိုရင် ဒါဟာ အလွန်ကောင်းတဲ့ အမှတ်အသားတစ်ခုလို့ ပြောလို့ရပါတယ်။
အဲဒီအမှတ်ပါရင်တော့ အနုပညာပိုင်းမှာ စိတ်ဝင်စားတဲ့သူ၊ စိတ်သဘောထားနုညံ့သိမ်မွေ့တဲ့သူ၊ အနုပညာ တေးဂီတကို ခံစားတတ်တဲ့သူအဖြစ် တွေ့ရပါတယ်၊ သူကိုယ်တိုင်လည်း အနုပညာတူရိယာတွေကို တီးခတ်တတ်တယ်၊ စာပေရေးသားတာ၊ ကျမ်းပြုတာတွေမှာလည်း ထင်ရှားတတ်တယ်၊
ဝါသနာလည်း ကြီးတယ်၊ ဖြစ်လည်း ဖြစ်အောင် လုပ်တတ်တယ်လို့ ပြောလို့ရပါတယ်။ ဒီလိုလမ်းကြောင်း ပါတဲ့သူတွေဟာ သူတို့ကို ချစ်တဲ့သူတွေရဲ့ အကူအညီနဲ့ ဘဝအောင်မြင်ခြင်းကို တက်လှမ်းနိုင်သူတွေဘဲ ဖြစ်တယ်။ ပျော်ရွှင်ရတဲ့သူပါဘဲ။
ထူးခြားတာတစ်ခုကတော့ အသက်(၅၀) ကျော်အချိန်ကစပြီး အေးချမ်းတဲ့ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းရတာပါဘဲ၊ ချမ်းသာကြွယ်ဝခြင်း၊ သြဇာအာဏာရှိခြင်း၊ စိတ်ချမ်းသာခြင်းတွေကလည်း အဲဒီအသက်အရွယ်ရောက်တဲ့အခါ ဖြစ်ပေါ်လာတာပါဘဲ။ အိုဇာတာ အလွန်ကောင်းတဲ့ လက္ခဏာပါဘဲ။ အောင်မြင်ကြီးပွားတိုးတက်စေတဲ့ အောင်မြင်ရေးလမ်းကြောင်းလို့ ပြောရမှာဖြစ်တယ်။
ဒီလိုကောင်းတဲ့ အချက်တွေရှိတဲ့ အောင်မြင်ရေးလမ်းကြောင်းရဲ့ ထိပ်မှာ နှစ်ခွလေးဖြစ်နေမယ်ဆိုရင်တော့ အင်္ဂလိပ်အက္ခရာ (Y) ပုံဖြစ်နေရင်ပေါ့။ ဒီလိုလူဟာ အသက်ကြီးတဲ့အခါမှ သူ့တစ်ဘဝလုံး လေ့လာခဲ့တဲ့ ပညာတွေ၊ ဗဟုသုတတွေကို အသက်အရွယ်ရလာတဲ့အခါ သူများနဲ့မတူတဲ့ တင်ပြမှု့မျိုး၊ ချပြမှု့မျိုးနဲ့ ချပြတာတွေဖြစ်လာပြီး ထင်ရှားလာမယ်၊ ကျော်ကြားလာမယ်လို့ပြောလို့ရပါတယ်။
တစ်ကယ်လို့ သုံခွဖြစ်နေမယ်ဆိုရင်တော့ လူအများနဲ့ဆိုင်တဲ့ လုပ်ငန်းကြီးတွေမှာ အလွန်အောင်မြင်ကျော်ကြားလိမ့်မယ်။ ဒီလိုကျော်ကြားတဲ့အခါမှာလည်း သူ့ရဲ့ ကိုယ်ပိုင်းအမှတ် တံဆိပ်နဲ့ကို ကျော်ကြားတာဖြစ်လိမ့်မယ်။ စာပေလောက၊ ရုပ်ရှင်၊ ဂီတလောကမှာလည်း အလွန်နာမည်ကြီးပြီး ထိပ်ဆုံးကို ရောက်ပါလိမ့်မယ်။ ဥစ္စာပစ္စည်းနဲ့ ချွေရံသင်ပင်းတွေ ပေါများတဲ့ လက္ခဏာရှင်ဖြစ်ပါလိမ့်မယ်။
အထက်က တင်ပြခဲ့တာတွေကတော့ နှလုံးလမ်းပေါ်ကနေ စတင်အစပျိုးပြီး တနင်္ဂနွေဂြိုဟ်ခုံပေါ်ကို တက်သွားတဲ့ အောင်မြင်ရေးလမ်းကြောင်းရဲ့ အခြေအနေကို တင်ပြတာဖြစ်တယ်။ အောင်မြင်ရေးလမ်းကြောင်းနဲ့ ပါတ်သက်တဲ့ လက္ခဏာဆိုင်ရာ ဟောပြောရမယ့် အခြေခံအချက်တွေကတော့ အလွန်များလှပါတယ်။
အောင်မြင်ရေး လမ်းကြောင်းရဲ့ထိပ်မှာ ကြယ်အမှတ်အသားပါခဲ့ရင်၊ ကြက်ခြေအမှတ်အသားပါရင်၊ စက်ဝိုင်းပုံပါရင် စသဖြင့်လည်း ထူးခြားတဲ့ ဟောချက်တွေရှိသလို လမ်းကြောင်းကို ဥပါဒ်လမ်းတစ်ခု ဖြတ်လိုက်ရင်ဘာဖြစ်မလည်း၊ ကျွန်းတွေ့ရင် ဘာဟောမလည်း ဆိုတာကလည်း ရှိပါသေးတယ်။
နောက်တစ်ခုက လက်ပုံစံ ဘယ်လိုမျိုးမှာဆိုရင် ဘယ်လိုပြောမလည်း၊ ဂြိုဟ်ခုံရဲ့ အခြေအနေနဲ့ ကံလမ်းကြောင်း၊ နှလုံးလမ်းကြောင်းနဲ့ အသက်လမ်းကြောင်းက ဘာပြောမလည်း ဆိုတာလည်း ပေါင်းစပ်ချိန်ဆရပါသေးတယ်။
ဒါကြောင့် လက္ခဏာမေးမြန်းမယ်ဆိုရင် လက္ခဏာကို လက္ခဏာဆရာထံံ သေချာပြဖို့လိုပါတယ်။ ဘယ်လမ်းကြောင်း ဘယ်လိုဖြစ်နေတယ်လို့ ပြောပြယုံနဲ့ ဘယ်လိုမှ အဖြေပေးလို့မရပါဘူး၊ အားလုံးကို ချိန်ဆပြီးမှ ပြောလို့ရတဲ့ အခြေအနေတစ်ခုပါ။
ကောင်းတဲ့အမှတ်အသားကိုတွေ့တဲ့အခါ အဲဒီအမှတ်အသားတစ်ခုတည်းကို ကြည့်ပြီး ကောင်းတဲ့ အကြောင်းကို အလွန်အကျူးပြောလို့ မရသေးပါဘူး ချိန်ဆရပါတယ်။ ဒီလိုဘဲ မကောင်းတဲ့ အမှတ်အသား တစ်ခုတွေ့တာနဲ့ မကောင်းဘူးဆိုပြီး အတင်းပြောချလိုက်လို့ မရပြန်ပါဘူး၊ အခြားကောင်းတဲ့အချက်တွေနဲ့ အသက်ပိုင်းတွေကြည့်ပြီးမှ ပြောရမှာပါ။
ဒါမှ လက္ခဏာပညာရဲ့ သိမ့်မွေ့တဲ့ စစ်မှန်တဲ့ ဟောချက်ကို အတိကျဆုံးအခြေအနေနဲ့ ရမှာဖြစ်ပါကြောင်း တင်ပြရပါတယ်။cခရက်ဒစ်