” အောင်လအန်ဆန် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ “
Zawgyi
Unicode
မြန်မာ့စပါးအုံးဟု နာမည်ကြီးသည့် MMA အားကစားသမား အောင်လအန်ဆန်သည် အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ၎င်း၏လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
နာမည်ကျော်MMAကစားသမားအောင်လအင်ဆန်ဟာ COVID-19ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့က ဆေးစစ်ခဲ့ပြီး ဒီကနေ့မှာတော့ Positiveအဖြေထွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။သူ့အနေနဲ့ပထမနှစ်ရက်မှာ အဖျားတက်တာ၊ ဝမ်းလျှောတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ အဆီပြန်တာတွေ ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ တစ်မိသားစုလုံး Quarantine ၁၄ရက်ဝင်နေပြီး အားလုံးနေကောင်းကြတယ် လို့လည်း ရေးသားထားပါတယ်။အောင်လအင်ဆန် ဟာ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေသူဖြစ်ပါတယ်။ခရက်ဒစ်