လင္မေပၚဘဲ ကေလး ေမြးၿပီးေနာက္ ရွက္လြန္းလို႔ ကေလးငယ္ကို အဝတ္ေလွ်ာ္စက္ထဲမွာ ပိတ္ထည့္ ထားခဲ့တဲ့ မိခင္

Zawgyi

အင္ဒိုနီးရွားႏိုင္ငံ၊ Palembang ၿမိဳ႕က အသက္ 36 ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ သူမရဲ႕ ကေလးကို ျပန္သတ္ခဲ့တဲ့ အမႈနဲ႔ ပက္သက္ၿပီး သံသယျဖစ္ခံထားရၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

ျဖစ္စဥ္ ကေတာ့ အဆိုပါအမ်ိဳးသမီးဟာ အိမ္ေထာင္ မက်ေသးဘဲ ကိုယ္ဝန္ေဆာင္ထားရၿပီးေနာက္ သူမရဲ႕ခ်စ္သူက သူမကိုယ္ဝန္ရွိမွန္သိရွိခဲ့ၿပီးေနာက္ပိုင္းသူမကိုပစ္ထားခဲ့ပါေတာ့တယ္။

ထို႔ေၾကာင့္ အိမ္ေထာင္မရွိဘဲ ကိုယ္ဝန္ေဆာင္ေန ခဲ့ရတာကို အေတာ္ေလးရွက္ေၾကာက္ခဲ့ရၿပီး ႏိုဝင္ဘာလ 4ရက္ေန႔မွာ ကေလးငယ္ကိုေမြးဖြားၿပီးေနာက္ သူမဟာ ကေလးငယ္ကို ေစာင္ေတြနဲ႔ထုပ္ပိုးၿပီးေနာက္ အဝတ္ေလွ်ာ္စက္ထဲမွာ နာရီအနည္ငယ္ခန႔္ ပိတ္ေလွာင္ထားခဲ့ပါေတာ့တယ္ ။” ကြၽန္မကေလးကို အဝတ္ေလွ်ာ္စက္ထဲ ထည့္ခဲ့ပါတယ္

ဒါေပမဲ့ လူးလိမ့္ သြားေအာင္လို႔ေတာ့ အဝတ္ေလွ်ာ္စက္ရဲ႕ ခလုတ္ကို မဖြင့္ခဲ့ပါဘူး ။ ကြၽန္မ ရွက္လြန္း လို႔ ေစာင္ေတြနဲ႔ ၿခဳံၿပီး စက္ထဲ ထည့္ခဲ့႐ုံပါ ။ကြၽန္မ အစီအစဥ္က ကေလးငယ္ကို မိဘမဲ့ေဂဟာ ေခၚသြားဖို႔ပါ ၊ သူ႔ကို သတ္ပစ္ဖို႔ မရည္႐ြယ္ခဲ့ပါဘူး ” ဆိုၿပီး သူမရဲ႕ကေလးငယ္ကို သတ္ပစ္ဖို႔မရည္႐ြယ္ခဲ့ေၾကာင္း သတင္းေထာက္ေတြကို ေျပာျပခဲ့ပါတယ္ ။

ကေလးငယ္ကိုေတာ့ သူမရဲ႕ လုပ္ေဖာ္ကိုင္ဖက္တစ္ဦးက ငိုသံၾကားလို႔လိုက္ရွာရင္း နဲ႔ အဝတ္ေလွ်ာ္စက္ထဲမွာ ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ထို႔ေနာက္ ကေလးငယ္ကို ေဆး႐ုံသို႔ေခၚသြားခဲ့ေပမဲ့လည္း ေဆး႐ုံေရာက္ေတာ့ ကေလးငယ္က ေသဆုံးၿပီး ျဖစ္ေန ပါတယ္ ။

ထို႔ေၾကာင့္ ကေလးငယ္၏ ေသဆုံးမႈကို တာဝန္ရွိသူမ်ားက ဆက္လက္စစ္ေဆးေနလ်က္ရွိၿပီး ျပစ္မႈထင္ရွားပါက အဆိုပါအမ်ိဳးသမီးဟာ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ကေလးငယ္ေတြကာကြယ္တဲ့ဥပေဒအရ ေထာင္ဒဏ္ 15ႏွစ္ အထက္က် ေရာက္ႏိုင္ေၾကာင္း သိရွိရပါတယ္ ။ခရက္ဒစ္

Unicode

အင်ဒိုနီးရှားနိုင်ငံ၊ Palembang မြို့က အသက် 36 နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ ကလေးကို ပြန်သတ်ခဲ့တဲ့ အမှုနဲ့ ပက်သက်ပြီး သံသယဖြစ်ခံထားရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဖြစ်စဉ် ကတော့ အဆိုပါအမျိုးသမီးဟာ အိမ်ထောင် မကျသေးဘဲ ကိုယ်ဝန်ဆောင်ထားရပြီးနောက် သူမရဲ့ချစ်သူက သူမကိုယ်ဝန်ရှိမှန်သိရှိခဲ့ပြီးနောက်ပိုင်းသူမကိုပစ်ထားခဲ့ပါတော့တယ်။

ထို့ကြောင့် အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ဆောင်နေ ခဲ့ရတာကို အတော်လေးရှက်ကြောက်ခဲ့ရပြီး နိုဝင်ဘာလ 4ရက်နေ့မှာ ကလေးငယ်ကိုမွေးဖွားပြီးနောက် သူမဟာ ကလေးငယ်ကို စောင်တွေနဲ့ထုပ်ပိုးပြီးနောက် အဝတ်လျှော်စက်ထဲမှာ နာရီအနည်ငယ်ခန့် ပိတ်လှောင်ထားခဲ့ပါတော့တယ် ။” ကျွန်မကလေးကို အဝတ်လျှော်စက်ထဲ ထည့်ခဲ့ပါတယ်

ဒါပေမဲ့ လူးလိမ့် သွားအောင်လို့တော့ အဝတ်လျှော်စက်ရဲ့ ခလုတ်ကို မဖွင့်ခဲ့ပါဘူး ။ ကျွန်မ ရှက်လွန်း လို့ စောင်တွေနဲ့ ခြုံပြီး စက်ထဲ ထည့်ခဲ့ရုံပါ ။ကျွန်မ အစီအစဉ်က ကလေးငယ်ကို မိဘမဲ့ဂေဟာ ခေါ်သွားဖို့ပါ ၊ သူ့ကို သတ်ပစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး ” ဆိုပြီး သူမရဲ့ကလေးငယ်ကို သတ်ပစ်ဖို့မရည်ရွယ်ခဲ့ကြောင်း သတင်းထောက်တွေကို ပြောပြခဲ့ပါတယ် ။

ကလေးငယ်ကိုတော့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ငိုသံကြားလို့လိုက်ရှာရင်း နဲ့ အဝတ်လျှော်စက်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ထို့နောက် ကလေးငယ်ကို ဆေးရုံသို့ခေါ်သွားခဲ့ပေမဲ့လည်း ဆေးရုံရောက်တော့ ကလေးငယ်က သေဆုံးပြီး ဖြစ်နေ ပါတယ် ။

ထို့ကြောင့် ကလေးငယ်၏ သေဆုံးမှုကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးနေလျက်ရှိပြီး ပြစ်မှုထင်ရှားပါက အဆိုပါအမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကလေးငယ်တွေကာကွယ်တဲ့ဥပဒေအရ ထောင်ဒဏ် 15နှစ် အထက်ကျ ရောက်နိုင်ကြောင်း သိရှိရပါတယ် ။ခရက်ဒစ်