Zawgyi
Unicode
” ပစ္စည်းပျောက်တဲ့အခါ ၊ သူခိုး ခိုးခံရတဲ့အခါ ပြုလုပ်ရတဲ့ ယတြာနည်းတစ်ခု ဗဟုသုတအလို့ငှာဖော်ပြပေးလိုက်ပါတယ် …
ကြက်သွန်နီတစ်ဥကို ကန့်လန့် ထက်ခြမ်း ခြမ်းပါ။အမြိတ်ထွက်တဲ့ဘက် အခြမ်းနဲ့ပစ္စည်းပျောက်တဲ့ (ပစ္စည်းထားတဲ့) နေရာကို ပွတ်ပေးပါ … ။ ပစ္စည်းပြန်ရဖို့ အသံထွက်ဆုတောင်းပါ။အောက်မှနေ ကြွေပန်းကန်ပြားခံပြီး ပွတ်နိုင်ပါတယ်။ ပစ္စည်းပျောက်တဲ့နေရာမသိရင် ကြွေပန်းကန်ပြားပေါ်မှာပဲ ပွတ်ပြီးဆုတောင်းပါ …။
အမြစ်ရှိတဲ့ဘက် အခြမ်းကို ကြွေပန်းကန်ပြားပေါ်အခုလိုတင်လိုက်ပါ။ကြွေပန်းကန်ပြားကို ပစ္စည်းပျောက်တဲ့နေရာမှာချပါ ။ အမြစ်ပေါ်မှာ ဖယောင်းတိုင်ထွန်းပါ။(နေရာမသိရင် အဆင်ပြေတဲ့နေရာမှာ ထွန်းပြီးဆုတောင်းပါ)
ဘယ်နေ့ ဘယ်ချိန်မဆို ပြုလုပ်နိုင်ပါတယ် … ။ ဖယောင်းတိုင်အရေအတွက် အဆင်ပြေသလို ဉာဏ်ရှိသလိုထွန်းနိုင်ပါတယ် …. ။ပျောက်နေသောပစ္စည်းများ အမြန်ပြန်ရနိုင်ကြပါစေ …
မကြာခဏ သူခို းခိုးခံရသည့်နေရာများ ၊ မကြာခဏပစ္စည်းပျောက်သည့်နေရာများတွင်လည်း ကြက်သွန်နီအခြမ်းပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ကာကွယ်နိုင်ပါတယ်။ခရက်ဒစ်