Zawgyi
Unicode
ခုလိုမသေသင့်ဖဲ သေခဲ့ရတဲ့ ကလေးငယ်တွေ ဘယ်လောက်တောင်ရှိနေပီလဲ😢😢😢
(၂၇.၆.၂၀၂၀)ရက်နေ့ မနက်က နေပြည်တော်ပုဗ္ဗသီရိကုတင်(၃၀၀)ပြည်သူ့ဆေးရုံရဲ့ရင်ခွဲရုံမှာ အသက်ရှိနေတဲ့မွေးကင်းစကလေးငယ်ကိုသေပြီထင်ပြီးကြွပ်ကြွပ်အိတ်နဲ့ထည့်ရင်ခွဲရုံပို့ထားတာကိုသဗ္ဗသုခနာရေးအသင်းကလူသေအလောင်းရင်ခွဲရုံပို့ရင်းကြမ်းပြင်ပေါ်ချထားတဲ့ကြွပ်ကြွပ်အိတ်ကလှုပ်နေပြီးအသံကြားရလို့ဖွင့်ကြည့်တော့မှကလေးဖြစ်နေလို့ရင်ခွဲရုံစောင့်ကိုပြတော့မှဆေးရုံတာဝန်ရှိသူတွေလက်ကိုအပ်လိုက်တယ်လို့သိရပါတယ်။
သဗ္ဗသုခဥက္ကဌကတော့ ဒီဖြစ်စဉ်ဟာဆရာဝန်တွေပေါ့လျော့မှုဖြစ်တာမို့ ဆေးရုံအုပ်ကိုတွေ့ဆုံဖို့ခွင့်တောင်းပေမယ့်မတွေ့တဲ့အတွက်MOHSပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဌတွေဆီ July 3ရက်နေ့က စာပို့တင်ပြထားတယ်လို့သိရပါတယ်။
(၅)နာရီကြာ ကြွပ်ကြွပ်အိတ်ထဲမှာ နေခဲ့ရတဲ့မွေးကင်းစကလေးငယ်ဟာ (၄)ရက် အသက်ရှင်ခဲ့ပြီး ၃၀.၆.၂၀၂၀ မနက်မှာသေဆုံးခဲ့ပါပြီ။လူ့အသက်ကို ပေါ့ဆစွာဆောင်ရွက်ခဲ့သူတွေကို ဆမ သိမ်း မသိမ်းစောင့်ကြည့်ပါမယ်။ဒီလိုဆရာဝန်တွေလက်ထဲ ဆမလက်မှတ်ထည့်ဖို့ မထိုက်တန်ပါဘူး။
သဗ္ဗသုခနာရေးအသင်းရဲ့ဖော်ထုတ်မှုကိုလေးစားပါတယ်။ဖြစ်စဉ်နဲ့ပက်သက်ပြီး နာရေးအသင်းက သားဖွားမီးယပ်ဆောင်တာဝန်ခံအထူးကုဆရာဝန်မကိုတွေ့ဆုံမေးမြန်းထားတဲ့ ၅မိနစ်စာဗွီဒီယိုဖိုင်ပါရခဲ့လို့ဖြစ်စဉ်မှန်ကြောင်း တင်ပေးလိုက်ပါတယ်။ uptadeလုပ်ပေးပါမယ့်ခင်ဗျာ။ ခရက်ဒစ်