ၿခံ၊ ေျမ၊ အိမ္၊ ေရာင္းထြက္ရန္ ဓာတ္ရုိက္ ဓာတ္ဆင္နည္္း

Zawgyi

ဘယ္လိုမွေရာင္းမထြက္ေသာ၊ဘယ္လိုေဆာင္႐ြက္ေဆာင္႐ြက္ မထြက္ေသာ မိမိၿခံ၊ ေျမ၊ အိမ္၊ ေရာင္းထြက္ေစရန္ အေဖႀကီး ေအာင္မင္းေခါင္မွ ပါရမီရွင္ ဦးလွေမာင္အား မေနာအာ႐ုံျဖင့္ လာေျပာျပေသာအရာကို ဒကာ၊ ဒကာမအေပါင္း သူေတာ္ေကာင္းတို႔ ေဆာင္႐ြက္ၿပီးေျမာက္ေအာင္ျမင္မႈရေစရန္ တစ္ဆင့္ျပန္ၿပီး ေရးလိုက္ျခင္း၊ ေဖာ္ျပလိုက္ရျခင္း ျဖစ္ပါ၏။႐ိုးစင္းသေလာက္ ထိေရာက္လွပါ၏။

ေဆာင္႐ြက္ပုံ …

ဘယ္လိုေရာင္းေရာင္း မထြက္ေသာ ၿခံ၊ ေျမ၊ အိမ္ကိုေရာင္းလိုတဲ့ ၿခံ၊ ေျမ၊ အိမ္အတြင္းရွိေသာ သစ္႐ြက္၊ ျမက္ေတြ အစရွိေသာ အ႐ြက္ေတြကို င႐ုတ္ဆုံထဲ ထည့္ေထာင္းၿပီး “သရဏဂုံ သုံးပါး႐ြတ္၊ ဂုဏ္ေတာ္ကိုးပါး႐ြတ္၊ သစၥာျပဳ”ကာ

ဒီၿခံ၊ ဒီေျမ၊ ဒီအိမ္ အျမန္ေရာင္းထြက္ပါေစ၊ ဝယ္သူလာပါေစ၊ ကိုယ္လိုေသာ ႀကိဳက္ေဈးရပါေစဆိုၿပီး ညက္ညက္ေၾကေနေအာင္ ေထာင္း၊ ၿပီးရင္ ၿခံထဲမွာ က်ဲ၊ ၿခံျပင္လည္း ထြက္ၿပီး က်ဲကာ သစၥာျပဳဆုေတာင္းပါ။

ေရာင္းလိုေသာ ၿခံ၊ ေရာင္းလိုေသာ ေျမ၊ ေရာင္းလိုေသာ အိမ္တြင္ ေထာင့္ေလးေထာင့္မွာ အေမႊးတိုင္ထြန္း၊ သစ္ပင္မွာလည္း ထြန္း၊ ေျမမွာလည္း ဝသုေျႏၵ နတ္မင္းကို အမွ်ေဝၿပီးထြန္းပါ။ ပူေဇာ္ပါ။

နယ္ေျမေစာင့္ၾကပ္နတ္၊ ၿခံဝင္းေစာင့္နတ္၊ ရပ္ကြက္ေစာင့္နတ္ေတြကို တိုင္တည္ၿပီး ဤၿခံ၊ ဤေျမ၊ ဤအိမ္ကို အျမန္ဆုံး ႀကိဳက္ေဈးနဲ႔ ေရာင္းခြင့္ျပဳပါ အရွင္ျမတ္တို႔ဘုရားဟု သစၥာျပဳ အမွ်ေဝၿပီး တိုင္တည္ပါ။ မုခ် ေအာင္ပါမည္။

မွတ္ခ်က္ ။ ။ ယုံၾကည္မႈနဲ႔ လုပ္ျဖစ္ေအာင္ လုပ္ေဆာင္ပါက မုခ် ေအာင္ပြဲ ရပါလိမ့္မည္။ မလုပ္ပါက မရပါ။ လုပ္ၾကည့္ပါ။ ေအာင္ပါမည္။ ေျပာျပေသာ ပါရမီရွင္ ဦးလွေမာင္အား အထူး ေက်းဇူးတင္ပါ၏။ က်န္းမာ၍ ခ်မ္းသာၾကပါေစ။ခရက္ဒစ္

Unicode

ဘယ်လိုမှရောင်းမထွက်သော၊ဘယ်လိုဆောင်ရွက်ဆောင်ရွက် မထွက်သော မိမိခြံ၊ မြေ၊ အိမ်၊ ရောင်းထွက်စေရန် အဖေကြီး အောင်မင်းခေါင်မှ ပါရမီရှင် ဦးလှမောင်အား မနောအာရုံဖြင့် လာပြောပြသောအရာကို ဒကာ၊ ဒကာမအပေါင်း သူတော်ကောင်းတို့ ဆောင်ရွက်ပြီးမြောက်အောင်မြင်မှုရစေရန် တစ်ဆင့်ပြန်ပြီး ရေးလိုက်ခြင်း၊ ဖော်ပြလိုက်ရခြင်း ဖြစ်ပါ၏။ရိုးစင်းသလောက် ထိရောက်လှပါ၏။

ဆောင်ရွက်ပုံ …

ဘယ်လိုရောင်းရောင်း မထွက်သော ခြံ၊ မြေ၊ အိမ်ကိုရောင်းလိုတဲ့ ခြံ၊ မြေ၊ အိမ်အတွင်းရှိသော သစ်ရွက်၊ မြက်တွေ အစရှိသော အရွက်တွေကို ငရုတ်ဆုံထဲ ထည့်ထောင်းပြီး “သရဏဂုံ သုံးပါးရွတ်၊ ဂုဏ်တော်ကိုးပါးရွတ်၊ သစ္စာပြု”ကာ

ဒီခြံ၊ ဒီမြေ၊ ဒီအိမ် အမြန်ရောင်းထွက်ပါစေ၊ ဝယ်သူလာပါစေ၊ ကိုယ်လိုသော ကြိုက်ဈေးရပါစေဆိုပြီး ညက်ညက်ကြေနေအောင် ထောင်း၊ ပြီးရင် ခြံထဲမှာ ကျဲ၊ ခြံပြင်လည်း ထွက်ပြီး ကျဲကာ သစ္စာပြုဆုတောင်းပါ။

ရောင်းလိုသော ခြံ၊ ရောင်းလိုသော မြေ၊ ရောင်းလိုသော အိမ်တွင် ထောင့်လေးထောင့်မှာ အမွှေးတိုင်ထွန်း၊ သစ်ပင်မှာလည်း ထွန်း၊ မြေမှာလည်း ဝသုန္ဒြေ နတ်မင်းကို အမျှဝေပြီးထွန်းပါ။ ပူဇော်ပါ။

နယ်မြေစောင့်ကြပ်နတ်၊ ခြံဝင်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ်တွေကို တိုင်တည်ပြီး ဤခြံ၊ ဤမြေ၊ ဤအိမ်ကို အမြန်ဆုံး ကြိုက်ဈေးနဲ့ ရောင်းခွင့်ပြုပါ အရှင်မြတ်တို့ဘုရားဟု သစ္စာပြု အမျှဝေပြီး တိုင်တည်ပါ။ မုချ အောင်ပါမည်။

မှတ်ချက် ။ ။ ယုံကြည်မှုနဲ့ လုပ်ဖြစ်အောင် လုပ်ဆောင်ပါက မုချ အောင်ပွဲ ရပါလိမ့်မည်။ မလုပ်ပါက မရပါ။ လုပ်ကြည့်ပါ။ အောင်ပါမည်။ ပြောပြသော ပါရမီရှင် ဦးလှမောင်အား အထူး ကျေးဇူးတင်ပါ၏။ ကျန်းမာ၍ ချမ်းသာကြပါစေ။ခရက်ဒစ်