လာဘ္ပြင့္ အိမ္ေအးေအာင္ ဒါေတြ လုပ္ပါ

Zawgyi

လာဘ္ပြင့္ အိမ္ေအးေအာင္ ဒါေတြ လုပ္ပါ

(၁) ဘုရားပန္း ႏွင့္ ေသာက္ေတာ္ေရ ၊ဆြမ္း ၊ဆီမီး အၿမဲကပ္ပါ။ဘုရားပန္း မႏြမ္းပါေစနဲ႔၊ဘုရားပန္းအိုးထဲမွ ေရမ်ား မပူပါေစနဲ႔၊ေသာက္ေတာ္ေရကို သတိရတိုင္း ကပ္ပါ။

(၂) ဘုရားရွိခိုးလ်င္ အိမ္ေစာင့္နတ္ ၿခံေစာင့္နတ္ အိမ္ဝန္းအတြင္းမွီတင္းေစာင့္ေရွာက္ေနထိုင္ၾကေသာ နတ္ျမတ္နတ္ေကာင္းမ်ားျမင္အပ္ မျမင္အပ္ သတၱဝါမ်ား အားလုံးကို ေမတၱာပို႔ အမွ်ေဝပါ။

(၃) အလြန္ ကံညံ့ လာဘ္ပိတ္ေနလွ်င္ညသန္းေခါင္ ပရိတ္႐ြတ္ပါ၊ည (၁၂) နာရီေနာက္ပိုင္းသည္ နတ္ျမတ္နတ္ေကာင္းမ်ား လူ႔ျပည္သို႔လွည့္လည္ၾကည့္ရႈခ်ိန္ျဖစ္၍ ညဘက္ ပရိတ္႐ြတ္ဖတ္ ဆုေတာင္းလ်င္ ပို၍ ဆုေတာင္းျပည့္ေစပါတယ္။

(၄) အိမ္မွာ အေဟာင္း အစုတ္ေတြ မထားပါနဲ႔။အခ်ိဳ႕အိမ္ေတြမွာ ႏွေျမာၿပီး ထားတတ္ၾကတာေတြ ရွိပါတယ္၊ပုလင္းကြဲေတြ ဒန္အိုးေပါက္ေတြ အဝတ္အစားအစုတ္ေတြဘယ္လိုမွ သုံးမရတာေတြ လႊတ္ပစ္လိုက္ပါ။အိမ္မွာလိုအပ္တာေတြသာ အဓိက ထားပါ။

(၅) အိမ္ကို တံျမက္စည္းလွည္းလွ်င္နံနက္လွည္းလွ်င္ အိမ္ေရွ႕မွ အိမ္ေနာက္သို႔လွည္းပါ၊ညေနႏွင့္ညဘက္ လွည္းလ်င္ အိမ္ေနာက္မွ အိမ္ေရွ႕သို႔လွည္းပါ။

(၆) မီးဖိုေခ်ာင္တြင္ ဆန္ႏွင့္ဆီကို အျပတ္မခံပါနဲ႔ ၊မကုန္မီႀကိဳတင္၍ ဝယ္ပါ။

(၇) အိမ္ရွိ ေလွကားမ်ား က်ိဴးပ်က္ေနသည္ကို ျပဳျပင္ပါ။ေလွကားမ်ား က်ိဳးပ်က္ေနျခင္းက လာဘ္တိတ္ေစသလိုမေကာင္းေသာ အႏၲရာယ္မ်ားကို ဖိတ္ေခၚေစပါတယ္။ခရက္ဒစ္

Unicode

လာဘ်ပွင့် အိမ်အေးအောင် ဒါတွေ လုပ်ပါ

(၁) ဘုရားပန်း နှင့် သောက်တော်ရေ ၊ဆွမ်း ၊ဆီမီး အမြဲကပ်ပါ။ဘုရားပန်း မနွမ်းပါစေနဲ့၊ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့၊သောက်တော်ရေကို သတိရတိုင်း ကပ်ပါ။

(၂) ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်းမှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများမြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ။

(၃) အလွန် ကံညံ့ လာဘ်ပိတ်နေလျှင်ညသန်းခေါင် ပရိတ်ရွတ်ပါ၊ည (၁၂) နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ်။

(၄) အိမ်မှာ အဟောင်း အစုတ်တွေ မထားပါနဲ့။အချို့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်၊ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားအစုတ်တွေဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။အိမ်မှာလိုအပ်တာတွေသာ အဓိက ထားပါ။

(၅) အိမ်ကို တံမြက်စည်းလှည်းလျှင်နံနက်လှည်းလျှင် အိမ်ရှေ့မှ အိမ်နောက်သို့လှည်းပါ၊ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။

(၆) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ၊မကုန်မီကြိုတင်၍ ဝယ်ပါ။

(၇) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ။လှေကားများ ကျိုးပျက်နေခြင်းက လာဘ်တိတ်စေသလိုမကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်။ခရက်ဒစ်