ေငြေျကးအခက္အခဲ အမ်ိုးမ်ိူးအတြက္ စိတ္ေအးရေအာင္ ဒီနည္းကိုေဆာင္

Zawgyi

ေငြရဖို႕ ၾကာေနတာ ၊ ေငြဝင္လမ္းပိတ္ေနတာ၊ ေငြအလိမ္ခံရတာ(ကိုယ္ကၾကားဝင္ေဆာင္ရြက္ေပးတာကို တစ္ဖက္ကလိမ္လို႕ ျပသနာၾကံဳရတာ) အေၾကြးေတြ ျပန္မရတာ ၊ အေၾကြးဆပ္ခ်င္ေပမယ့္ မိမိမွာ ေငြဝင္လမ္းေတြပိတ္ေနတဲ႔အခါ ၊ အေၾကြးေက်ခ်င္တာ ( ေငြရွိမွ အေျကြးဆပ္လို႕ ရမွာပါ)တဲ႔ ေငြေၾကးနဲ႔ ပက္သက္တဲ႔ကိစၥ ေတြမွာ အသံုးျပဳလို႕ရပါတယ္ ၊၊

အခုျဖစ္ေနတဲ႔ မဲကိစၥေတြေတာ့ အာမမခံပါဘူး ေကာက္ရိုးတစ္ျမွင္အေနႏွင့္ ေဆာင္ရြက္ခ်င္ရင္လည္းေဆာင္ရြက္ၾကည့္ပါ၊၊ ေငြျပန္ရေတာ့လည္းအျမတ္ မရေတာ့လည္းကုသိုလ္ရတာေပါ့၊၊

မိမိတို႕၏လက္ရွိေရာက္ေနေသာ အသက္ကို ၇ျဖင့္စားပါ၊၊ ၃၀ ျပည့္ျပီး ၁ရက္စြန္းပါက ၃၁ ဟုယူပါ၊၊အၾကြင္းအတိုင္း ေဖာ္ျပေပးထားသည့္အတိုင္းေဆာင္ရြက္ယံုပါ၊၊

ယၾတာကုသိုလ္ျပဳနည္း

အသက္ ကို ၇ႏွင့္စား၍ ရရွိလာသည့္ အၾကြင္းအလိုက္

၁ၾကြင္းသမားမ်ား ၊၊ ၊၊ မိမိတို႕၏ေမြးနံေထာင့္တြင္ အရိေမေတၱယ် ဘုရားကို အာရံုျပဳ၍ ေမျမိဳ႕ပန္း ၁၉ပြင့္ + ဖေယာင္းတိုင္ ၁၉တိုင္ ဆပ္ကပ္လွဴဒါန္းပါ၊၊

၂ၾကြင္းသမားမ်ား၊၊ ၊၊ မိမိတို႕၏ေမြးနံေထာင့္တြင္ ကကုသန္ ျမတ္စြာဘုရားကို အာရံုျပဳ၍ သေျပ ၂၁ညြန္႕ + ဆြမ္းေပါ္ သၾကားျဖဴျပီး ဆပ္ကပ္လွဴဒါန္းပါ၊၊

၃ၾကြင္းသမားမ်ား ၊၊ ၊၊ မိမိတို႕၏ေမြးနံေထာင့္တြင္ စိႏၱာမုနိ ဘုရားကို အာရံုျပဳ၍ တံခြန္ ၁၀လက္ (သို့) ထီးအနီ ၁၀လက္ + ထန္းလ်ွက္ ဆပ္ကပ္လွဴးဒါန္းပါ၊၊

၄ၾကြင္းသမားမ်ား၊၊ ၊၊မိမိတို႕၏ေမြးနံေထာင့္တြင္ ဝိပႆီ ျမတ္စြာဘုရားကို အာရံုျပဳ၍ အုန္း ၆ညြန္႕+ အုန္းဆြမ္း(သို့) အုန္းသီးျဖင့္ျပဳလုပ္ေသာမုန္႕ တစ္မ်ိဳးမ်ိဳး ကို ဆပ္ကပ္လွဴဒါန္းပါ၊၊

၅ၾကြင္းသမားမ်ား ၊၊ ၊၊ မိမိတို႕၏ေမြးနံေထာင့္တြင္ ပဒုမ ျမတ္စြာဘုရားကို အာရံုျပဳ၍ ကံေကာ္ ၁၅ညြန္႕ + ၾကံသကာ (သို့ ) ၾကံ ဆပ္ကပ္လွဴဒါန္းပါ၊၊

၆ၾကြင္းသမားမ်ား ၊၊ ၊၊ မိမိတို႕၏ေမြးနံေထာင့္တြင္ သုမန ျမတ္စြာဘုရားကို အာရံုျပဳ၍ ဇီး ၈ညြန္႕ + ဇီးယို (သို့ ) ဇီးေဖ်ာ္ေရ ဆပ္ကပ္လွဴဒါန္းပါ၊၊

၇/ ၀ ၾကြင္း သမားမ်ား ၊၊ ၊၊ မိမိတို႕၏ေမြးနံေထာင့္တြင္ နရဒ ျမတ္စြာဘုရားကို အာရံုျပဳ၍ ရြက္လွ ၁၇ ညြန္႔ + ေရ သက္ေစ႔လွဴဒါန္းပါ၊၊

ထိုသို႕ ဆပ္ကပ္လွဴဒါန္းျပီးသည့္ေနာက္ က်ြန္ေတာ္ တင္ေပးထားတဲ႔ ဣစၦာသရ ပုတီးစိပ္နည္းကို ပုတီးစိပ္ပြားမ်ားပါ၊၊မဏိေဇာတ ပတၱျမား ဂါထာ ၄ပုဒ္ကို တစ္ပုဒ္လ်ွင္ ၁၀၈ေခါက္ရြတ္ပြားပါ၊၊

ျပီးလ်ွင္ ေမတၱာပို႕အမ်ွေဝျပီး မိမိတို႕၏ေငြေၾကးအခက္အခဲမ်ား အဆင္ေျပဖို႕ သစၥာျပဳဆုေတာင္းပါ၊၊တစ္ပတ္လ်င္ အနည္းဆံုး ၂ၾကိမ္ေဆာင္ရြက္ပါ၊၊မနက္ပိုင္းေစာႏိုင္သမ်ွေစာေစာ ဆပ္ကပ္လွဴဒါန္းသင့္ပါသည္၊၊

အပတ္စဥ္ ၃ပတ္တိတိ မပ်က္မကြက္ေဆာင္ရြက္ပါ၊၊ယၾတာနည္းျဖင့္ ေဆာင္ရြက္လိုသူမ်ားအတြက္ ေငြကုန္ေၾကးက်နည္းေစရန္ တင္ျပေပးလိုကိပါသည္၊၊ခရက္ဒစ္

Unicode

ငွေရဖို့ ကြာနေတာ ၊ ငွေဝင်လမ်းပိတ်နေတာ၊ ငွေအလိမ်ခံရတာ(ကိုယ်ကကြားဝင်ဆောင်ရွက်ပေးတာကို တစ်ဖက်ကလိမ်လို့ ပြသနာကြုံရတာ) အကြွေးတွေ ပြန်မရတာ ၊ အကြွေးဆပ်ချင်ပေမယ့် မိမိမှာ ငွေဝင်လမ်းတွေပိတ်နေတဲ့အခါ ၊ အကြွေးကျေချင်တာ ( ငွေရှိမှ အကြွေးဆပ်လို့ ရမှာပါ)တဲ့ ငွေကြေးနဲ့ ပက်သက်တဲ့ကိစ္စ တွေမှာ အသုံးပြုလို့ရပါတယ် ၊၊

အခုဖြစ်နေတဲ့ မဲကိစ္စတွေတော့ အာမမခံပါဘူး ကောက်ရိုးတစ်မြှင်အနေနှင့် ဆောင်ရွက်ချင်ရင်လည်းဆောင်ရွက်ကြည့်ပါ၊၊ ငွေပြန်ရတော့လည်းအမြတ် မရတော့လည်းကုသိုလ်ရတာပေါ့၊၊

မိမိတို့၏လက်ရှိရောက်နေသော အသက်ကို ၇ဖြင့်စားပါ၊၊ ၃၀ ပြည့်ပြီး ၁ရက်စွန်းပါက ၃၁ ဟုယူပါ၊၊အကြွင်းအတိုင်း ဖော်ပြပေးထားသည့်အတိုင်းဆောင်ရွက်ယုံပါ၊၊

ယတြာကုသိုလ်ပြုနည်း

အသက် ကို ၇နှင့်စား၍ ရရှိလာသည့် အကြွင်းအလိုက်

၁ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် အရိမေတ္တေယျ ဘုရားကို အာရုံပြု၍ မေမြို့ပန်း ၁၉ပွင့် + ဖယောင်းတိုင် ၁၉တိုင် ဆပ်ကပ်လှူဒါန်းပါ၊၊

၂ကြွင်းသမားများ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် ကကုသန် မြတ်စွာဘုရားကို အာရုံပြု၍ သပြေ ၂၁ညွန့် + ဆွမ်းပေါ် သကြားဖြူပြီး ဆပ်ကပ်လှူဒါန်းပါ၊၊

၃ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် စိန္တာမုနိ ဘုရားကို အာရုံပြု၍ တံခွန် ၁၀လက် (သို့) ထီးအနီ ၁၀လက် + ထန်းလျှက် ဆပ်ကပ်လှူးဒါန်းပါ၊၊

၄ကြွင်းသမားများ၊၊ ၊၊မိမိတို့၏မွေးနံထောင့်တွင် ဝိပဿီ မြတ်စွာဘုရားကို အာရုံပြု၍ အုန်း ၆ညွန့်+ အုန်းဆွမ်း(သို့) အုန်းသီးဖြင့်ပြုလုပ်သောမုန့် တစ်မျိုးမျိုး ကို ဆပ်ကပ်လှူဒါန်းပါ၊၊

၅ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် ပဒုမ မြတ်စွာဘုရားကို အာရုံပြု၍ ကံကော် ၁၅ညွန့် + ကြံသကာ (သို့ ) ကြံ ဆပ်ကပ်လှူဒါန်းပါ၊၊

၆ကြွင်းသမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် သုမန မြတ်စွာဘုရားကို အာရုံပြု၍ ဇီး ၈ညွန့် + ဇီးယို (သို့ ) ဇီးဖျော်ရေ ဆပ်ကပ်လှူဒါန်းပါ၊၊

၇/ ၀ ကြွင်း သမားများ ၊၊ ၊၊ မိမိတို့၏မွေးနံထောင့်တွင် နရဒ မြတ်စွာဘုရားကို အာရုံပြု၍ ရွက်လှ ၁၇ ညွန့် + ရေ သက်စေ့လှူဒါန်းပါ၊၊

ထိုသို့ ဆပ်ကပ်လှူဒါန်းပြီးသည့်နောက် ကျွန်တော် တင်ပေးထားတဲ့ ဣစ္ဆာသရ ပုတီးစိပ်နည်းကို ပုတီးစိပ်ပွားများပါ၊၊မဏိဇောတ ပတ္တမြား ဂါထာ ၄ပုဒ်ကို တစ်ပုဒ်လျှင် ၁၀၈ခေါက်ရွတ်ပွားပါ၊၊

ပြီးလျှင် မေတ္တာပို့အမျှဝေပြီး မိမိတို့၏ငွေကြေးအခက်အခဲများ အဆင်ပြေဖို့ သစ္စာပြုဆုတောင်းပါ၊၊တစ်ပတ်လျင် အနည်းဆုံး ၂ကြိမ်ဆောင်ရွက်ပါ၊၊မနက်ပိုင်းစောနိုင်သမျှစောစော ဆပ်ကပ်လှူဒါန်းသင့်ပါသည်၊၊

အပတ်စဉ် ၃ပတ်တိတိ မပျက်မကွက်ဆောင်ရွက်ပါ၊၊ယတြာနည်းဖြင့် ဆောင်ရွက်လိုသူများအတွက် ငွေကုန်ကြေးကျနည်းစေရန် တင်ပြပေးလိုကိပါသည်၊၊ခရက်ဒစ်