ေရယုံံေပါက္ျခင္းအတြက္္ ျမန္မာ႔ေဆးနည္းတိုေလးမ်ား
Zawgyi
ဆရာႀကီးရွင့္္ သမီးအေမရဲ့မ်က္ႏွာမွာ ေရယုံေပါက္ေနပါတယ္။ တစ္ျဖည္းျဖည္း မ်က္ႏွာတစ္ျခမ္းလုံးပ်ံ႕လာေနပါၿပီရွင့္.. ေပ်ာက္နိုင္မဲ့ေဆးနည္းေလးသိခ်င္ပါတယ္။
သူမ်ားေတြက မန္္းရင္ေပ်ာက္တယ္ေျပာလို႔မန္းတဲ့ဆရာမသြားျပတာလည္းမေပ်ာက္လို႔ပါရွင့္၊ သူမ်ားေတြက ဆင္ေရယုံဆို မန္းလို႔မေပ်ာက္ဖူးေျပာလို႔ စိုးရိမ္လို႔ပါရွင့္။ လမ္းညႊန္ေပးပါဆရာရွင့္။
ေရယုန္ေပါက္လၽွင္္
ေရယုန္သည္ အပူနာပင္ျဖစ္သည္။ ကိုိယ္အပူခ်ိန္ေငြ႕ေငြ႕ႏွင့္ ဖ်ားလာတက္သည္။ သို႔ေသာ္ ေရယုန္ ပိုးသည္ အဖ်ားပိုးေတာ့ မဟုတ္ေပ။အေရျပားႏွင့္ အာ႐ုံေၾကာမ်ားကိုိ ေရာင္ေစေသာ ပိုးသာျဖစ္သည္။
ေရယုန္ျဖစ္လၽွင္ ေရမခ်ိဳးရ၊ ေရထိိလၽွင္ ပြားတက္သည္ဟု ဆိုၾကသည္။ အမွန္က ေရမခ်ိဳးလၽွင္ ကိုယ္အပူခ်ိန္ ပိုတက္လာၿပီး ဖ်ားနိုင္သည္။
ေရခ်ိဳးေပးၿပီး အနာေပၚတြင္္ ေရမတင္ေအာင္ ဝါဂြမ္းျဖင့္ သုတ္ ေပးျခင္းသာ အေကာင္းဆုံး ျဖစ္သည္။ အနာသန႔္စင္သည့္ ေဆးရည္မ်ား ေရေျခာက္ၿပီးေနာက္ သုတ္လိမ္း ေပးပါ။
ေရယုန္အတြက္ ျမန္မာ့ရိုးရာ ေဆးနည္းတိုိမ်ား..
ကင္းမုံရြက္ကို သန႔္စင္ေအာင္ ေရေဆးၿပီး သတၱဳရည္ညႇစ္ယူ အနာေပၚတြင္ မၾကာခန သုတ္လိမ္း ေပးပါ။ အရည္ဆြတ္ေပးပါက ေရယုန္နာ ေျခာက္ၿပီး မျပန႔္ပြားနိုင္။
ကၽြန္းသားမီးေသြးကို အမွုန႔္ေထာင္းေျခ၊ အုုန္းဆီျဖင့္ ေဖ်ာ္ၿပီး ေရယုန္အနာတြင္ သုတ္လိမ္းေပးပါ။ေလးညႇင္းပြင့္ကို အမွုန႔္ေထာင္းၿပီး အနာေပၚတြင္ ျဖဴးေပးပါ၊ သိုိ႔မဟုတ္ ေသြးလိိမ္းပါ။ပိစပ္ရြက္၊ ကုကၠိဳရြက္မ်ား ျပဳတ္၍ ေရယုန္အနာကို ဖန္ေဆးေပးနိုိင္သည္။
ႏွုတ္ခမ္းေထာင့္တြင္ ေပါက္ေသာ ေရယုုန္နာကို ထမင္းအိုးတည္ၿပီး ပြက္ေသာအခါ ရသည့္အျမဳပ္ ျဖင့္ ခံနိုင္သမၽွ အပူခံၿပီး တို႔ေပးလၽွင္ ေပ်ာက္ကင္းနိုင္သည္။ေၾကာင္ပန္းရြက္ အရည္ညႇစ္ လိိမ္းပါ။ ေသာက္လည္းေသာက္ပါ။
ကြမ္းရြက္ကို ေခ်ၿပီး အဖတ္ေလးမ်ားျဖစ္ေအာင္ ျပဳလုပ္၍ ကပ္ေပးပါ။ကုကၠိဳေခါက္္ အမွုန္႔္ကို ေထာပတ္ႏွင့္ ေဖ်ာ္၍လိမ္းပါ။ငုပင္မွရေသာ ငုရြက္သတၱဳရည္ကို လိိမ္းက်ံေပးပါ။ပူစီနံရြက္ (ပူဒီနာ)ကို အရည္ညႇစ္ၿပီး သုတ္လိိမ္းေပးပါ။ ပူဒီနာရြက္ကို စားေပးလၽွင္ ေရယုန္နာ ကိုက္ခဲျခင္း သက္သာၿပီး အေရာင္က်ေစသည္။
သံပရာရည္ႏွင့္ ပ်ားရည္ေရာစပ္၍ သုတ္လိမ္းေပးလၽွင္ ေရယုန္နာ ျပန႔္ပြားျခင္းကို တားဆီးနိုင္ သည္။ေရသဖန္းပင္ကို ဓားျဖင့္ထစ္ပါက အေစးအျဖဴမ်ား ထြက္လာမည္။ ထိုအေစးျဖင့္ သုတ္လိမ္းေပးပါ။ေခြးေတာက္ရြက္ကို မီးကင္ၿပီး အရည္ညႇစ္၍ သုတ္လိိမ္းေပးပါ။
ေရသဖန္းရြက္ကို ျပာခ် အုန္းဆီျဖင့္ လိိမ္းပါ။ေညာင္ေဗာဓိ အျမစ္ေခါက္ကို ေရျဖင့္ ထက္ဝက္ခမ္းေအာင္ က်ိဳ၍ေသာက္လၽွင္ ေရယုန္ႀကီးနာ ေပ်ာက္၏။ေရယုံ မၾကာခနေပါက္လၽွင္ ကိုိယ္တြင္းငုပ္လၽွိုးေနေသာ ေရာဂါႀကီးမ်ားရွိတတ္သည္။ သတိထားကုသပါ။ ေဆးၿမီးတိုႏွင့္မရပါ။
HIV ကဲ့သို႔ေရာဂါႀကီးမ်ားရွိိသူတြင္ ဆင္ေရယုံႀကီးမ်ားေပါက္တတ္သည္။ ကိုယ္ခံအားက်သည့္အခ်ိန္တြင္ ေရယုံသည္ျပန္႔ပြားလြယ္သည္။ခရက္ဒစ္ ၾကည္လြင္ျမင့္(မုျဒာ)
Unicode
ဆရာကြီးရှင့်် သမီးအမေရဲ့မျက်နှာမှာ ရေယုံပေါက်နေပါတယ်။ တစ်ဖြည်းဖြည်း မျက်နှာတစ်ခြမ်းလုံးပျံ့လာနေပါပြီရှင့်.. ပျောက်နိုင်မဲ့ဆေးနည်းလေးသိချင်ပါတယ်။
သူများတွေက မန်းရင်ပျောက်တယ်ပြောလို့မန်းတဲ့ဆရာမသွားပြတာလည်းမပျောက်လို့ပါရှင့်၊ သူများတွေက ဆင်ရေယုံဆို မန်းလို့မပျောက်ဖူးပြောလို့ စိုးရိမ်လို့ပါရှင့်။ လမ်းညွှန်ပေးပါဆရာရှင့်။
ရေယုန်ပေါက်လျှင်
ရေယုန်သည် အပူနာပင်ဖြစ်သည်။ ကိုယ်အပူချိန်ငွေ့ငွေ့နှင့် ဖျားလာတက်သည်။ သို့သော် ရေယုန် ပိုးသည် အဖျားပိုးတော့ မဟုတ်ပေ။အရေပြားနှင့် အာရုံကြောများကို ရောင်စေသော ပိုးသာဖြစ်သည်။
ရေယုန်ဖြစ်လျှင် ရေမချိုးရ၊ ရေထိလျှင် ပွားတက်သည်ဟု ဆိုကြသည်။ အမှန်က ရေမချိုးလျှင် ကိုယ်အပူချိန် ပိုတက်လာပြီး ဖျားနိုင်သည်။
ရေချိုးပေးပြီး အနာပေါ်တွင် ရေမတင်အောင် ဝါဂွမ်းဖြင့် သုတ် ပေးခြင်းသာ အကောင်းဆုံး ဖြစ်သည်။ အနာသန့်စင်သည့် ဆေးရည်များ ရေခြောက်ပြီးနောက် သုတ်လိမ်း ပေးပါ။
ရေယုန်အတွက် မြန်မာ့ရိုးရာ ဆေးနည်းတိုများ..
ကင်းမုံရွက်ကို သန့်စင်အောင် ရေဆေးပြီး သတ္တုရည်ညှစ်ယူ အနာပေါ်တွင် မကြာခန သုတ်လိမ်း ပေးပါ။ အရည်ဆွတ်ပေးပါက ရေယုန်နာ ခြောက်ပြီး မပြန့်ပွားနိုင်။
ကျွန်းသားမီးသွေးကို အမှုန့်ထောင်းခြေ၊ အုန်းဆီဖြင့် ဖျော်ပြီး ရေယုန်အနာတွင် သုတ်လိမ်းပေးပါ။လေးညှင်းပွင့်ကို အမှုန့်ထောင်းပြီး အနာပေါ်တွင် ဖြူးပေးပါ၊ သို့မဟုတ် သွေးလိမ်းပါ။ပိစပ်ရွက်၊ ကုက္ကိုရွက်များ ပြုတ်၍ ရေယုန်အနာကို ဖန်ဆေးပေးနိုင်သည်။
နှုတ်ခမ်းထောင့်တွင် ပေါက်သော ရေယုန်နာကို ထမင်းအိုးတည်ပြီး ပွက်သောအခါ ရသည့်အမြုပ် ဖြင့် ခံနိုင်သမျှ အပူခံပြီး တို့ပေးလျှင် ပျောက်ကင်းနိုင်သည်။ကြောင်ပန်းရွက် အရည်ညှစ် လိမ်းပါ။ သောက်လည်းသောက်ပါ။
ကွမ်းရွက်ကို ချေပြီး အဖတ်လေးများဖြစ်အောင် ပြုလုပ်၍ ကပ်ပေးပါ။ကုက္ကိုခေါက် အမှုန့်ကို ထောပတ်နှင့် ဖျော်၍လိမ်းပါ။ငုပင်မှရသော ငုရွက်သတ္တုရည်ကို လိမ်းကျံပေးပါ။ပူစီနံရွက် (ပူဒီနာ)ကို အရည်ညှစ်ပြီး သုတ်လိမ်းပေးပါ။ ပူဒီနာရွက်ကို စားပေးလျှင် ရေယုန်နာ ကိုက်ခဲခြင်း သက်သာပြီး အရောင်ကျစေသည်။
သံပရာရည်နှင့် ပျားရည်ရောစပ်၍ သုတ်လိမ်းပေးလျှင် ရေယုန်နာ ပြန့်ပွားခြင်းကို တားဆီးနိုင် သည်။ရေသဖန်းပင်ကို ဓားဖြင့်ထစ်ပါက အစေးအဖြူများ ထွက်လာမည်။ ထိုအစေးဖြင့် သုတ်လိမ်းပေးပါ။ခွေးတောက်ရွက်ကို မီးကင်ပြီး အရည်ညှစ်၍ သုတ်လိမ်းပေးပါ။
ရေသဖန်းရွက်ကို ပြာချ အုန်းဆီဖြင့် လိမ်းပါ။ညောင်ဗောဓိ အမြစ်ခေါက်ကို ရေဖြင့် ထက်ဝက်ခမ်းအောင် ကျို၍သောက်လျှင် ရေယုန်ကြီးနာ ပျောက်၏။ရေယုံ မကြာခနပေါက်လျှင် ကိုယ်တွင်းငုပ်လျှိုးနေသော ရောဂါကြီးများရှိတတ်သည်။ သတိထားကုသပါ။ ဆေးမြီးတိုနှင့်မရပါ။
HIV ကဲ့သို့ရောဂါကြီးများရှိသူတွင် ဆင်ရေယုံကြီးများပေါက်တတ်သည်။ ကိုယ်ခံအားကျသည့်အချိန်တွင် ရေယုံသည်ပြန့်ပွားလွယ်သည်။ခရက်ဒစ် ကြည်လွင်မြင့်(မုဒြာ)