ဦးကိတ္တိသာရ(သရုပ်ဆောင်အကယ်ဒမီကျော်ဟိန်း)သည်ပျံလွန်တော်မူသွားပါပြီ
Zawgyi
Unicode
ဦးကိတ္တိသာရ၊ သက်တော် ( ၇၃) နှစ် ကွယ်လွန် ဩစတေးလျ၊ ကင်မ်ဘာရာယနေ့ဇူလိုင် ၁၁ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇ မိနစ်၌ ဩစတေးလျနိုင်ငံ၊ကင်မ်ဘာရာမြို့တွင် သီတင်းသုံးလျက်ရှိသော ဦးကိတ္တိသာရ(သရုပ်ဆောင်အကယ်ဒမီကျော်ဟိန်း)သည်ပျံလွန်တော်မူသွားပြီဖြစ်ပါသည်။
နောက် ၃ ရက်မြောက်ဖြစ်သည့် ဇူလိုင် ၁၄ သည် ဆရာတော် ၏ ၇၃ နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။ ဒီနေ့ဟာမင်းသားဒွေးဆုံးသွားတာ ဆယ်သုံးနှစ်ပြည့်နေလဲဖြစ်ပါတယ် ။မင်းသားဒွေးဆုံးတဲ့နေ့နဲ့ တရက်ထဲဆုံးသွားတာပါ ။
မြန်မာနိုင်ငံက သရုပ်ဆောင်လောကရဲ့ ကြယ်ပွင့်ကြီးတစ်ပွင့်ဆုံးရှုံးရပြန်ပီပေါ့ ။ မိသားစုနဲ့ထပ်ထူ ဝမ်းနည်းရပါတယ် ဗျာ။