ျပည္သူ႔အခ်စ္ေတာ္ လူ႐ႊင္ေတာ္ႀကီး ဟာသသ႐ုပ္ေဆာင္ ဦးမန္းဝင္း ကြယ္လြန္

Zawgyi

​ေနာက္​ထပ္​ဆုံး႐ွဴံ းမႈ႔တခုပါလားဗ်ာ ျပည္သူ႔အခ်စ္ေတာ္ လူ႐ႊင္ေတာ္ႀကီး ဟာသသ႐ုပ္ေဆာင္ ဦးမန္းဝင္း ကြယ္လြန္သြားပါၿပီ  ။

ဟာသ လူရႊင္ေတာ္ႀကီး ဦးမန္းဝင္းဟာ ဦးေႏွာက္ေသြး ယိုစိမ့္မွုေၾကာင့္ ခြဲစိတ္မွု ခံယူခဲ့ရတာျဖစ္ၿပီး ၁၅ ရက္ေလာက္ သတိေမ့ေမ်ာေနရာမွျပန္လည္ သက္သာလာတာကို ပရိတ္သတ္ေတြအားလုံး သိၿပီးၾကမွာပါ။လူ႐ႊင္ေတာ္ႀကီး မန္းဝင္းဟာ ဆီးခ်ိဳေသြးခ်ိဳေရာဂါေၾကာင့္ အျမင္အာ႐ုံခ်ိဳ႕တဲ့သြားၿပီး ေက်ာက္ကပ္ မေကာင္းေတာ့တဲ့အတြက္လည္း ေက်ာက္ကပ္အၿမဲေဆးခဲ့ရပါတယ္။

အဲဒီအျပင္ ေဖေဖာ္ဝါရီလ အတြင္းကလည္း သတိလစ္ေမ့ေျမာကာ အေရးေပၚ အေျခအေနေၾကာင့္ အသက္လုခဲ့ရတဲ့အေျခအေနျဖစ္ခဲ့ပါေသးတယ္။ ခု ျပန္လည္ သက္သာရာကေန လုံးဝ မထင္မွတ္ထားတဲ့ သတင္းတစ္ပုဒ္ကို ၾကားသိလိုက္ရလို႔ပရိတ္သတ္​ေ​တြအားလုံး စိတ္မေကာင္း ဝမ္းနည္း ျဖစ္ခဲ့ၾကရပါတယ္။

ျပည္သူ႔အခ်စ္​​ေတာ္​ ​လူရႊင္ေတာ္ႀကီး ဦးမန္းဝင္း ဟာ ယေန႔နံနက္ ၆း၃၀ တြင္ ပင္လုံေဆး႐ုံႀကီးတြင္ကြယ္လြန္ သြားၿပီျဖစ္တယ္လို႔ သမီးျဖစ္​သူ Kyi Phyu Man Win ရဲ့ ​ေဖ့ဘုတ္ အ​ေကာင့္မွ​ ​ေဖာ္ျပခ်က္အရ သိရပါတယ္​။

ဖတ္႐ွဴ ႕​ေပးတဲ့ ပရိတ္သတ္ေတြလည္း ဦးမန္းဝင္း ေကာင္းရာမြန္ရာ ေရာက္ပါေစေၾကာင္း ဆုေတာင္းေပးၾကပါဦး။ ခရက္​ဒစ္​

Unicode

နောက်ထပ်ဆုံးရှူံ းမှု့တခုပါလားဗျာ ပြည်သူ့အချစ်တော် လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် ဦးမန်းဝင်း ကွယ်လွန်သွားပါပြီ ။

ဟာသ လူရွှင်တော်ကြီး ဦးမန်းဝင်းဟာ ဦးနှောက်သွေး ယိုစိမ့်မှုကြောင့် ခွဲစိတ်မှု ခံယူခဲ့ရတာဖြစ်ပြီး ၁၅ ရက်လောက် သတိမေ့မျောနေရာမှပြန်လည် သက်သာလာတာကို ပရိတ်သတ်တွေအားလုံး သိပြီးကြမှာပါ။လူရွှင်တော်ကြီး မန်းဝင်းဟာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးခဲ့ရပါတယ်။

အဲဒီအပြင် ဖေဖော်ဝါရီလ အတွင်းကလည်း သတိလစ်မေ့မြောကာ အရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါသေးတယ်။ ခု ပြန်လည် သက်သာရာကနေ လုံးဝ မထင်မှတ်ထားတဲ့ သတင်းတစ်ပုဒ်ကို ကြားသိလိုက်ရလို့ပရိတ်သတ်တွေအားလုံး စိတ်မကောင်း ဝမ်းနည်း ဖြစ်ခဲ့ကြရပါတယ်။

ပြည်သူ့အချစ်တော် လူရွှင်တော်ကြီး ဦးမန်းဝင်း ဟာ ယနေ့နံနက် ၆း၃၀ တွင် ပင်လုံဆေးရုံကြီးတွင်ကွယ်လွန် သွားပြီဖြစ်တယ်လို့ သမီးဖြစ်သူ Kyi Phyu Man Win ရဲ့ ဖေ့ဘုတ် အကောင့်မှ ဖော်ပြချက်အရ သိရပါတယ်။

ဖတ်ရှူ့ပေးတဲ့ ပရိတ်သတ်တွေလည်း ဦးမန်းဝင်း ကောင်းရာမွန်ရာ ရောက်ပါစေကြောင်း ဆုတောင်းပေးကြပါဦး။ ခရက်ဒစ်