ဘဝအတြက္ ေအာင္ျမင္ျခင္းေတြရျခင္းလား မယုံမရွိနဲ႔ ေမတၱာပို႔ၿပီးသာသစၥာဆိုလိုက္ပါ ( သစၥာဆိုၿပီးေတာ့ ေမတၱာပြားတဲ့နည္း )
Zawgyi
သစၥာဆိုၿပီးေတာ့ ေမတၱာပြားတဲ့နည္း
အဲဒီဂါထာ (၃)ပုဒ္က ရတနသုတ္မွာ ပါၿပီးသား။ သစၥာဆိုတာ ျဖစ္တယ္။ ေလာကမွာ …သစၥာဟာ အစြမ္းတန္ခိုး အင္မတန္မွ ထက္တယ္။ လူေတြက သစၥာဆိုမႈ အင္မတန္မွ နည္းၾကတယ္။ တကယ္ ကိုယ့္ဟာကိုယ္ သစၥာဆိုၿပီးေတာ့ ကိုယ္လိုခ်င္တဲ့ အရာတစ္ခုကို ေတာင္းလို႔ ရွိရင္ သစၥာရဲ႕ စြမ္းအားဟာ ရွိတယ္။
မယုံရင္ေတာ့လုပ္ၾကည့္ေပါ့။ တစ္ခါတည္း နဲ႔ေတာ့ရခ်င္မွရမွာေပါ့။ဘာျဖစ္လို႔တုန္းဆိုေတာ့ သစၥာစကားဟာမွန္ကန္ဖို႔လဲလိုအပ္တယ္။မွန္မွန္ကန္ကန္လဲဆိုရမယ္။စိတ္စြမ္းအားေတြအားလုံးအသုံးခ်ၿပီးေတာ့လုပ္ဖို႔လိုအပ္တယ္။သစၥာဆိုတာမွန္တာကိုေျပာတာ။ကိုယ့္ဟာကိုယ္လည္းသစၥာဆိုလို႔ရတယ္။ကိုယ့္ဟာကိုယ္ဆိုရင္အမွားရွိခ်င္ရွိေနမယ္ ။
ဒါေၾကာင့္မို႔ …
ရတနာသုံးပါးနဲ႔ပတ္သက္တဲ့သစၥာဆိုပုံကိုရတနသုတ္ကေနယူၿပီး နံနက္ခင္းမွာသစၥာဆိုႏိုင္ေအာင္လို႔ဒီမွာထည့္သြင္းထားတာ။ ဒါမနက္မိုးေသာက္အိပ္ရာကထလာလို႔ရွိရင္ လုပ္ရမယ့္အလုပ္ ကေလးေတြပဲ။ အလုပ္သြားၿပီ၊တစ္ခုခုလုပ္ငန္းကိုင္တာေတြလုပ္ၿပီဆိုလို႔ရွိရင္ အခုလိုသစၥာေလးဆိုေပါ့။
သစၥာဆိုတာ ကိုယ့္အတြက္ တင္မဟုတ္ဘူး၊ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္ အတြက္ပါ အကုန္ပါတယ္။ ၾကည့္ေလ…။ “ယံ ကိဥ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သေဂၢသု ဝါ ယံ ရတနံ ပဏီတံ၊ န ေနာ သမံ အတၳိ တထာဂေတန၊ ဣဒမၸိ ဗုေဒၶ ရတနံ ပဏီတံ၊ ဧေတန သေစၥန သုဝတၳိ ေဟာတု။
ဣဒမ္ပိ ဓမ္ေမ ရတနံ ပဏီတံ၊ ဧေတန သေစၥန သုဝတၳိ ေဟာတု။ ဣဒမ္ပိ သံေဃ ရတနံ ပဏီတံ၊ဧေတန သေစၥန သုဝတၳိ ေဟာတု။” ဘုရား၊ တရား၊ သံဃာနဲ႔ ပါတ္သက္ၿပီး သစၥာဆိုပုံကိုၾကည့္။ ဗမာလို အဓိပၸာယ္ကလည္း ရွင္းရွင္းပဲ။ “ယံ ကိဥ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ၊ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ္။
အဲဒီေတာ့ “ယံ ကိၪၥိ ဝိတၱံ”- ေလာကမွာ ႏွစ္သက္စရာ ေကာင္းလွတဲ့ ပစၥည္းဥစၥာ၊ ဒီလူ႔ျပည္မွာ ရွိတဲ့ဟာေရာ၊ တျခားေလာကမွာ ရွိတာေတြေရာ၊ နတ္ျပည္မွာ ရွိတာေတြေရာ၊ ေလာကမွာ ရတနာေတြဟာ ကမာၻမွာ ရွိတယ္။
“ယံံ ကိၪၥိ”- ရွိသမွ် ရတနာေတြအားလုံး၊ “န ေနာ သမံ အတၳိ တထာဂေတန”- ျမတ္စြာဘုရားဆိုတဲ့ရတနာနဲ႔ တူတဲ့ ရတနာ မရွိပါဘူး။ လူေတြပိုင္ဆိုင္ၾကတဲ့ စိန္ပဲျဖစ္ျဖစ္၊ ေ႐ႊပဲျဖစ္ျဖစ္၊ ေငြပဲျဖစ္ျဖစ္၊ ေက်ာက္သံပတၱျမားေတြပဲျဖစ္ျဖစ္ အဲဒီ ရတနာေတြ ေျမာက္မ်ားစြာ ရွိတယ္။
ကမာၻမွာရွိတဲ့ ဒီရတနာေတြရဲ႕ တန္ဖိုးဟာ ျမတ္စြာ ဘုရားတည္ းဟူေသာ ရတနာကို မမီပါဘူး။ဒီလို ဆိုလိုတယ္။ အဲဒါဟာ မွန္ကန္ေသာ စကားတစ္ခုျဖစ္တယ္။ “ဣဒမ္ပိ ဗုဒ္ေဓ ရတနံ”-
ေလာကမွာရွိတဲ့ ရတနာေတြထက္ .. ပိုၿပီးေတာ့ ထူးျမတ္တဲ့ ရတနာ၊ ႏွစ္သက္စရာေကာင္းတဲ့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဒီ ထူးျခားတဲ့ တန္ဖိုးရွိလွတဲ့ တရားေတြ ျမတ္စြာဘုရားရဲ႕ သႏၲာန္မွာ ရွိတယ္။ တရားမွာ ရွိတယ္၊ သံဃာမွာ ရွိတယ္။ အဲဒီမွန္ေသာ စကားကို ဆိုရေသာေၾကာင့္ … သတၱဝါေတြ ခ်မ္းသာၾကပါေစ။
ဒါ “သစၥာဆိုၿပီးေတာ့ ေမတၱာပြားတဲ့နည္း” ပဲ။ အဲဒီေတာ့ နံနက္မိုးေသာက္ အလင္းေရာက္တဲ့ အခါ ကိုယ့္အတြက္တင္ မကဘူး၊ အမ်ား သတၱဝါေတြအတြက္ပါ သစၥာဆိုၿပီးေတာ့ ေမတၱာပြားတာဟာ အလြန္ေကာင္းတဲ့ အလုပ္တစ္ခုေပါ့။
အဲဒီေတာ့ အလြန္ေကာင္းတဲ့ အလုပ္တစ္ခုကို မွန္မွန္ကန္ကန္ လုပ္သြားမယ္ဆိုလို႔ရွိရင္ ေကာင္းက်ိဳးခ်မ္းသာေတြ ရမွာပဲ။ နံံနက္ပိုင္းမွာ ဒီလိုလုပ္ဖို႔အတြက္ ေရွးဆရာေတာ္ႀကီးေတြက ထိုထိုပါဠိေတာ္ေတြကေန ထုတ္ႏႈတ္ၿပီးေတာ့ ဒီလိုေရးသားခဲ့ၾကတာျဖစ္တယ္။
ဒါေၾကာင့္မို႔ိလို႔ ေန႔စဥ္နဲ႔အမွ် ေကာင္းက်ိဳးခ်မ္းသာ ေတြကိုလိုခ်င္တယ္၊ တစ္ေန႔တာ ျဖတ္သန္းတဲ့အခါမွာနံနက္ပိုင္းမွာ ေကာင္းက်ိဳးခ်မ္းသာေတြရခ်င္တယ္၊ ေန႔လယ္ပိုင္းမွာ ေကာင္းက်ိဳးခ်မ္းသာေတြရခ်င္တယ္၊ညေနပိုင္းမွာ ေကာင္းက်ိဳ းခ်မ္းသာေတြရခ်င္တယ္ဆိုလို႔ိရွိရင္ ဒီအတိုင္းလိုက္နာၾကရမယ္။
ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ
Unicode
သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့နည်း
အဲဒီဂါထာ (၃)ပုဒ်က ရတနသုတ်မှာ ပါပြီးသား။ သစ္စာဆိုတာ ဖြစ်တယ်။ လောကမှာ …သစ္စာဟာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်။ လူတွေက သစ္စာဆိုမှု အင်မတန်မှ နည်းကြတယ်။ တကယ် ကိုယ့်ဟာကိုယ် သစ္စာဆိုပြီးတော့ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို တောင်းလို့ ရှိရင် သစ္စာရဲ့ စွမ်းအားဟာ ရှိတယ်။
မယုံရင်တော့လုပ်ကြည့်ပေါ့။ တစ်ခါတည်း နဲ့တော့ရချင်မှရမှာပေါ့။ဘာဖြစ်လို့တုန်းဆိုတော့ သစ္စာစကားဟာမှန်ကန်ဖို့လဲလိုအပ်တယ်။မှန်မှန်ကန်ကန်လဲဆိုရမယ်။စိတ်စွမ်းအားတွေအားလုံးအသုံးချပြီးတော့လုပ်ဖို့လိုအပ်တယ်။သစ္စာဆိုတာမှန်တာကိုပြောတာ။ကိုယ့်ဟာကိုယ်လည်းသစ္စာဆိုလို့ရတယ်။ကိုယ့်ဟာကိုယ်ဆိုရင်အမှားရှိချင်ရှိနေမယ် ။
ဒါကြောင့်မို့ …
ရတနာသုံးပါးနဲ့ပတ်သက်တဲ့သစ္စာဆိုပုံကိုရတနသုတ်ကနေယူပြီး နံနက်ခင်းမှာသစ္စာဆိုနိုင်အောင်လို့ဒီမှာထည့်သွင်းထားတာ။ ဒါမနက်မိုးသောက်အိပ်ရာကထလာလို့ရှိရင် လုပ်ရမယ့်အလုပ် ကလေးတွေပဲ။ အလုပ်သွားပြီ၊တစ်ခုခုလုပ်ငန်းကိုင်တာတွေလုပ်ပြီဆိုလို့ရှိရင် အခုလိုသစ္စာလေးဆိုပေါ့။
သစ္စာဆိုတာ ကိုယ့်အတွက် တင်မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင် အတွက်ပါ အကုန်ပါတယ်။ ကြည့်လေ…။ “ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ၊ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဣဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ ဣဒမ်ပိ သံဃေ ရတနံ ပဏီတံ၊ဧတေန သစ္စေန သုဝတ္ထိ ဟောတု။” ဘုရား၊ တရား၊ သံဃာနဲ့ ပါတ်သက်ပြီး သစ္စာဆိုပုံကိုကြည့်။ ဗမာလို အဓိပ္ပာယ်ကလည်း ရှင်းရှင်းပဲ။ “ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ်ဂသေု ဝါ ယံ ၊ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ်။
အဲဒီတော့ “ယံ ကိဉ္စိ ဝိတ္တံ”- လောကမှာ နှစ်သက်စရာ ကောင်းလှတဲ့ ပစ္စည်းဥစ္စာ၊ ဒီလူ့ပြည်မှာ ရှိတဲ့ဟာရော၊ တခြားလောကမှာ ရှိတာတွေရော၊ နတ်ပြည်မှာ ရှိတာတွေရော၊ လောကမှာ ရတနာတွေဟာ ကမ္ဘာမှာ ရှိတယ်။
“ယံံ ကိဉ္စိ”- ရှိသမျှ ရတနာတွေအားလုံး၊ “န နော သမံ အတ္ထိ တထာဂတေန”- မြတ်စွာဘုရားဆိုတဲ့ရတနာနဲ့ တူတဲ့ ရတနာ မရှိပါဘူး။ လူတွေပိုင်ဆိုင်ကြတဲ့ စိန်ပဲဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊ ကျောက်သံပတ္တမြားတွေပဲဖြစ်ဖြစ် အဲဒီ ရတနာတွေ မြောက်များစွာ ရှိတယ်။
ကမ္ဘာမှာရှိတဲ့ ဒီရတနာတွေရဲ့ တန်ဖိုးဟာ မြတ်စွာ ဘုရားတည် းဟူသော ရတနာကို မမီပါဘူး။ဒီလို ဆိုလိုတယ်။ အဲဒါဟာ မှန်ကန်သော စကားတစ်ခုဖြစ်တယ်။ “ဣဒမ်ပိ ဗုဒ်ဓေ ရတနံ”-
လောကမှာရှိတဲ့ ရတနာတွေထက် .. ပိုပြီးတော့ ထူးမြတ်တဲ့ ရတနာ၊ နှစ်သက်စရာကောင်းတဲ့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဒီ ထူးခြားတဲ့ တန်ဖိုးရှိလှတဲ့ တရားတွေ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ရှိတယ်။ တရားမှာ ရှိတယ်၊ သံဃာမှာ ရှိတယ်။ အဲဒီမှန်သော စကားကို ဆိုရသောကြောင့် … သတ္တဝါတွေ ချမ်းသာကြပါစေ။
ဒါ “သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့နည်း” ပဲ။ အဲဒီတော့ နံနက်မိုးသောက် အလင်းရောက်တဲ့ အခါ ကိုယ့်အတွက်တင် မကဘူး၊ အများ သတ္တဝါတွေအတွက်ပါ သစ္စာဆိုပြီးတော့ မေတ္တာပွားတာဟာ အလွန်ကောင်းတဲ့ အလုပ်တစ်ခုပေါ့။
အဲဒီတော့ အလွန်ကောင်းတဲ့ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရမှာပဲ။ နံံနက်ပိုင်းမှာ ဒီလိုလုပ်ဖို့အတွက် ရှေးဆရာတော်ကြီးတွေက ထိုထိုပါဠိတော်တွေကနေ ထုတ်နှုတ်ပြီးတော့ ဒီလိုရေးသားခဲ့ကြတာဖြစ်တယ်။
ဒါကြောင့်မို့ိလို့ နေ့စဉ်နဲ့အမျှ ကောင်းကျိုးချမ်းသာ တွေကိုလိုချင်တယ်၊ တစ်နေ့တာ ဖြတ်သန်းတဲ့အခါမှာနံနက်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေရချင်တယ်၊ နေ့လယ်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေရချင်တယ်၊ညနေပိုင်းမှာ ကောင်းကျို းချမ်းသာတွေရချင်တယ်ဆိုလို့ိရှိရင် ဒီအတိုင်းလိုက်နာကြရမယ်။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ