ဖခင္ျဖစ္သူကုိယ္တုိင္က ရက္ရက္စက္စက္ သတ္ျခင္းကုိခံလုိက္ရတဲ့ ဆယ္နွစ္အရြယ္ သမီးငယ္ေလးရဲ႕ျဖစ္ရပ္

Zawgyi

ရက္စက္လြန္းတဲ့ ဖခင္တစ္ေယာက္ဟာ အသက္(၁၀)ႏွစ္သာရွိေသးတဲ့ သမီးေလးကို လည္ပင္ညႇစ္သတ္ခဲ့ေၾကာင္း သိရပါတယ္။ ဖခင္ျဖစ္သူဟာ စိတ္အလြန္ဆိုးေနခ်ိန္မွာ သမီးျဖစ္သူက သူ႔ကိုျပန္ခံေျပာဆိုခဲ့တာပါ။ ဒီအတြက္ ဖခင္က စိတ္မထိန္းႏိုင္

ျဖစ္ခဲ့ရတာလို႔ဆိုပါတယ္။ ဒီအျဖစ္အပ်က္ဟာ အီရန္ႏိုင္ငံမွာျဖစ္ခဲ့တာပါ။ ဖခင္အမည္ကေတာ့ Hussein Alef ျဖစ္ၿပီး၊ သမီးေလးအမည္ကေတာ့ Hadith Orujlu ျဖစ္ပါတယ္။ သတင္းေတြအရေတာ့ Hussein ဟာ သမီးေလးရဲ႕လည္ပင္းကို

ခါးပတ္နဲ႔တင္းက်ပ္စြာ ခ်ည္ေႏွာင္ၿပီး ညႇစ္သတ္ခဲ့တာလို႔ဆိုပါတယ္။ ရဲေတြက စစ္ေဆးစဥ္မွာ “က်ေနာ့္ကို ေလသံမာမာနဲ႔ ျပန္ေျပာတယ္ ကြၽန္ေတာ္ကလည္း စိတ္ကအလြန္ဆိုးေနတာဆိုေတာ့ ဘယ္လိုမွ ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္ႏိုင္ခဲ့ဘူး “လို႔

ဝန္ခံခဲ့ပါတယ္။ အစက သမီး Hadith ဝတ္ထားတဲ့ အက်ႌဂုတ္ေထာင္နဲ႔ လည္ပင္းညႇစ္ဖို႔ ႀကိဳးစားခဲ့တာပါ။ အက်ႌနဲ႔လည္ပင္းညႇစ္တာ မေအာင္ျမင္တဲ့အတြက္ ခါးပတ္နဲ႔ ထပ္ၿပီး လည္ပင္းညႇစ္ခဲ့တာလို႔ ဆိုပါတယ္။ သူဟာသမီးကို မသတ္ခင္မွာ

အိမ္နီးနားခ်င္းေတြကို ကိုယ့္ကေလးကိုယ္ ျပန္သတ္တဲ့အခါ ဥပေဒအရ အျပစ္ေပးခံရႏိုင္သလားဆိုၿပီး ေမးခဲ့ေသးတယ္လို႔ ဆိုပါတယ္။ သူသိထားတာကေတာ့ ကေလးကို ဆုံးမရင္းနဲ႔လက္လြန္တာမို႔ ဥပေဒကသူ႔ကို ကင္းလြတ္ခြင့္ေပးမယ္လို႔ဆိုပါတယ္။

မ်က္ျမင္သက္ေသျဖစ္တဲ့ Rahimeh Faizi ကေတာ့ Hussein ဟာ ေဒါသထြက္ေနလို႔ဆိုတာထက္ သူ႔ကိုဥပေဒက အေရးယူမွာမဟုတ္ဘူးဆိုတဲ့အသိနဲ႔ လူသတ္မႈကို ရည္႐ြယ္ခ်က္ရွိရွိက်ဴးလြန္ခဲ့တာလို႔ ထြက္ဆိုခဲ့ပါတယ္။ ဒါေပမယ့္

Sharia ဥပေဒအရေတာ့ လူသတ္မႈဟာ ​ေသဒဏ္ထိုက္ေၾကာင္း ေဖာ္ျပထားၿပီး “မ်က္လုံးတစ္လုံးဆုံးလွ်င္ မ်က္လုံးတစ္လုံး”ဆိုတဲ့ အေျခခံမူကို ေကာက္ယူပါသတဲ့။ သို႔ေသာ္လည္း ယင္းဥပေဒမွာ ဥပေဒအရ အုပ္ထိန္းသူမွ လက္လြန္ေျခလြန္ျဖစ္ၿပီး

လူသတ္မႈျဖစ္ေစခဲ့လွ်င္ ကင္းလြတ္ခြင့္ရေၾကာင္း ​ေဖာ္ျပထားပါတယ္။ အီရန္မွာအမ်ိဳးသမီးနဲ႔ ကေလးေတြဟာ အခုလိုလက္လြတ္စပယ္ အသတ္ခံေနရၿပီး၊ ဒီလိုသတ္ျဖတ္မႈမ်ိဳးကို မ်ိဳး႐ိုးဂုဏ္သိကၡာကို ျမင့္တင္ဖို႔အတြက္ဆိုၿပီး

​ေထာက္ခံအားေပးထားတဲ့ ဥပေဒကလည္းရွိေနေတာ့ အမ်ားအားျဖင့္ အျပစ္ကေန လြတ္ကင္းေလ့ရွိပါတယ္။ ဒီအမႈမွာလည္း Hussein ဟာ သူေတြးထားသလို လြတ္ေကာင္းလြတ္သြားႏိုင္ပါတယ္။ ခရက္ဒစ္

Unicode

ရက်စက်လွန်းတဲ့ ဖခင်တစ်ယောက်ဟာ အသက်(၁၀)နှစ်သာရှိသေးတဲ့ သမီးလေးကို လည်ပင်ညှစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ဖခင်ဖြစ်သူဟာ စိတ်အလွန်ဆိုးနေချိန်မှာ သမီးဖြစ်သူက သူ့ကိုပြန်ခံပြောဆိုခဲ့တာပါ။ ဒီအတွက် ဖခင်က စိတ်မထိန်းနိုင်

ဖြစ်ခဲ့ရတာလို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ အီရန်နိုင်ငံမှာဖြစ်ခဲ့တာပါ။ ဖခင်အမည်ကတော့ Hussein Alef ဖြစ်ပြီး၊ သမီးလေးအမည်ကတော့ Hadith Orujlu ဖြစ်ပါတယ်။ သတင်းတွေအရတော့ Hussein ဟာ သမီးလေးရဲ့လည်ပင်းကို

ခါးပတ်နဲ့တင်းကျပ်စွာ ချည်နှောင်ပြီး ညှစ်သတ်ခဲ့တာလို့ဆိုပါတယ်။ ရဲတွေက စစ်ဆေးစဉ်မှာ “ကျနော့်ကို လေသံမာမာနဲ့ ပြန်ပြောတယ် ကျွန်တော်ကလည်း စိတ်ကအလွန်ဆိုးနေတာဆိုတော့ ဘယ်လိုမှ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး “လို့

ဝန်ခံခဲ့ပါတယ်။ အစက သမီး Hadith ဝတ်ထားတဲ့ အင်္ကျီဂုတ်ထောင်နဲ့ လည်ပင်းညှစ်ဖို့ ကြိုးစားခဲ့တာပါ။ အင်္ကျီနဲ့လည်ပင်းညှစ်တာ မအောင်မြင်တဲ့အတွက် ခါးပတ်နဲ့ ထပ်ပြီး လည်ပင်းညှစ်ခဲ့တာလို့ ဆိုပါတယ်။ သူဟာသမီးကို မသတ်ခင်မှာ

အိမ်နီးနားချင်းတွေကို ကိုယ့်ကလေးကိုယ် ပြန်သတ်တဲ့အခါ ဥပဒေအရ အပြစ်ပေးခံရနိုင်သလားဆိုပြီး မေးခဲ့သေးတယ်လို့ ဆိုပါတယ်။ သူသိထားတာကတော့ ကလေးကို ဆုံးမရင်းနဲ့လက်လွန်တာမို့ ဥပဒေကသူ့ကို ကင်းလွတ်ခွင့်ပေးမယ်လို့ဆိုပါတယ်။

မျက်မြင်သက်သေဖြစ်တဲ့ Rahimeh Faizi ကတော့ Hussein ဟာ ဒေါသထွက်နေလို့ဆိုတာထက် သူ့ကိုဥပဒေက အရေးယူမှာမဟုတ်ဘူးဆိုတဲ့အသိနဲ့ လူသတ်မှုကို ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့်

Sharia ဥပဒေအရတော့ လူသတ်မှုဟာ သေဒဏ်ထိုက်ကြောင်း ဖော်ပြထားပြီး “မျက်လုံးတစ်လုံးဆုံးလျှင် မျက်လုံးတစ်လုံး”ဆိုတဲ့ အခြေခံမူကို ကောက်ယူပါသတဲ့။ သို့သော်လည်း ယင်းဥပဒေမှာ ဥပဒေအရ အုပ်ထိန်းသူမှ လက်လွန်ခြေလွန်ဖြစ်ပြီး

လူသတ်မှုဖြစ်စေခဲ့လျှင် ကင်းလွတ်ခွင့်ရကြောင်း ဖော်ပြထားပါတယ်။ အီရန်မှာအမျိုးသမီးနဲ့ ကလေးတွေဟာ အခုလိုလက်လွတ်စပယ် အသတ်ခံနေရပြီး၊ ဒီလိုသတ်ဖြတ်မှုမျိုးကို မျိုးရိုးဂုဏ်သိက္ခာကို မြင့်တင်ဖို့အတွက်ဆိုပြီး

ထောက်ခံအားပေးထားတဲ့ ဥပဒေကလည်းရှိနေတော့ အများအားဖြင့် အပြစ်ကနေ လွတ်ကင်းလေ့ရှိပါတယ်။ ဒီအမှုမှာလည်း Hussein ဟာ သူတွေးထားသလို လွတ်ကောင်းလွတ်သွားနိုင်ပါတယ်။ ခရက်ဒစ်