ပရိသတ်တွေကို သတင်းအမှားတွေမဖတ်ဘဲ စိတ်အေးချမ်းစွာသူမနေထိုင်နေတဲ့ နည်းလမ်းလေးတွေကိုဝေမျှကာ အားပေးစကားပြောခဲ့တဲ့ ဖွေးဖွေးေ

ပရိသတ်ကြီးရေ ဖွေးဖွေးကတော့ အမြဲ မာန်ပါတဲ့ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အကယ်ဒမီ ၃ ဆု ကိုရရှိပိုင်ဆိုင်ထားတဲ့ ထိပ်တန်း မင်းသမီးစာရင်းဝင်တစ်ယောက်ပါပဲနော်။ သူမကိုချစ်တဲ့ ပရိသတ်ွေကေတော့ ဖွေးစိန်လေးလို့

ခေါ်လေ့ရှိကြပါသေးတယ်။ ယခုဖြစ်ပွားနေတဲ့ Covid 19ကူးစက်ရောဂါနဲ့ပတ်သက်ပြီးဖွေးစိန်ကတော့ ပရိသတ်တွေလိုက်နာရမယ့် နည်းလမ်းတွေနဲ့ဆောင်ရန်ရှောင်ရန်တွေကို သတိပေးပြောကြားဝေမျှနေတာပဲ ဖြစ်ပါတယ်။ နိုင်ငံကျော်ပြည့သူ့အချစ်တော် မင်းသမီးလေး

ဆိုတဲ့အတိုင်း Covid 19 ကူးစက်ရောဂါနဲ့ပတ်သက်ပြီး လှူဒါန်းမှုတွေလည်းရှေ့ဆုံးကပါဝင်ကာ အားတက်သရောလူပ်ဆောင်နေသူလေးဆိုလည်း မမှားပါဘူးနော်။ ဒီနေ့မှာတော့ ” ချစ်ခြင်းတရား စေတနာတရား တအားထက်သန်တဲ့ မြန်မာပြည် ဒီ Covid 19 ကို

မဖြစ်ခင် ဂုဏ်ထူးမှတ်ရအောင် ကာကွယ်ကြမယ် ဖြစ်သွားခဲ့ရင်လဲ စိတ်ခွန်အားအပြည့်နဲ့ ပြန်တိုက်မယ်အားလုံး စိတ်မညစ်နဲ့ တွေးမပူနဲ့ ဖွေးဆို သတင်းတွေမဖတ်တော့တာ ၂ပတ်လောက်ကြာပြီစားတယ် အပင်စိုက်တယ် ဘုရားရှိခိုးတယ်။ ဘာမှမတွေးပဲ

ငေးငေးလေး အေးဆေးလေး နေမယ်။ ” I respect all the living beings. Really Appreciate & Much respect forDr.Eric Yang for your kind words”ပြည်သူနဲ့အတူလှူ ကြမယ်” အဖွဲ့မှာ ကိုယ်တိုင်လဲလှူထားပါတယ် အချစ်များစွာနဲ့

ဝိုင်းဝန်းလှူဒါန်းပေးကြတဲ့ အနုပညာမောင်နှမများ ပြည်သူများ အားလုံးကိုလဲ ကျေးဇူးအရမ်းတင်ပါတယ် အလှူအဖွဲ့ အထမြောက်အောင် ဦးဆောင်ပေးကြတဲ့ကိုမောင်မောင်အေး, ဦးဂျွန်လွင်, ကိုဇေယျာလင်း ဆရာ ကို Eric တို့ကိုလဲ လေးစားပါတယ်ရှင် အားလုံးလဲ

သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင်” ဆိုတဲ့စာလေးနဲ့ အားပေးစကားအပြင် သူမပရိသတ်တွေကိုစုပေါင်းလှူဒါန်းဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း ဖွေးစိန်လေးရဲ့အကြံပေးစကားလေးတွေကို သိအောင်ဖော်ပြပေးလိုက်ပါတယ်နော်။