ဝါတြင္္းကာလ အိမ္မေျပာင္းရ၊ အိမ္မေရြ႕ရ၊ အိမ္မေဆာက္ရ၊အိိမ္ေထာင္ မျပဳရဆိုတာ မွန္္/မမွန္

Zawgyi

ဒကာ တစ္ေယာက္က “ အရွင္ဘုရား ဝါဆိုခ်ိန္နီးလာၿပီ ဆိုေတာ့ ျမန္မာလူမ်ိဳးမ်ား ရဲ႕ ဝါတြင္းကာလ မွ အိမ္မေျပာင္းရ ၊ အိမ္မေ႐ြ႕ရ စတဲ့ အယူ အဆေတြေၾကာင့္ ဝါမဆိုခင္ကတည္း ဒီကိစၥအတြက္ အၿပီးလုပ္ေနၾကတာကိုေတြ႕ရ ပါတယ္ ။

ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး ဘုရားေဟာထားတာရွိသလား၊ ဒီအယူအဆေတြ ကိုလိုက္ၿပီးလုပ္သင့္သလား ၊ မလုပ္သင့္ ဘူးလား စသျဖင့္ ေဆာင္ရန္ေရွာင္ရန္ေတြကိုသိလိုပါတယ္ဘုရား ”စသျဖင့္ ေမးေလွ်ာက္ဖူးလို႔ ျပန္ၿပီးေျဖေပးဖူးပါတယ္။

ဟုတ္ပါတယ္။အဲဒီဒကာေမးေလွ်ာက္သလိုပဲျမန္မာႏိုင္ငံမွာ ဝါတြင္းကာလနဲ႔ပတ္သက္တဲ့အ႐ိုးစြဲေနတဲ့အမွားေတြအမ်ားႀကီး ရွိပါတယ္ ။ဘာသာေရးနဲ႔ မသက္ဆိုင္တဲ့အယူအဆအမွားေတြဟာ ၾကာေတာ့ ဘုရားပဲေဟာသလိုလို က်မ္းဂန္ေတြမွာပဲပါသလိုလို ျဖစ္ကုန္တာေတြ အမ်ားႀကီးပါပဲ။

ဒီအမ်ားႀကီးေတြထဲက ေမးခြန္းရွင္ေမးထားသလို၊ ဝါတြင္းကာလ အိမ္မေျပာင္းရ၊ အိမ္မေ႐ြ႕ရ၊ အိမ္မေဆာက္ရ စတာေတြလည္း ရွိသလို ဝါတြင္းကာလ အိမ္ေထာင္ မျပဳရ ဆိုတာေတြေတာင္ ပါေနပါေသးတယ္။

ဒီအယူအဆေတြဟာဘုရားေဟာထဲမွာမပါတဲ့ ၊ ဘုရားေဟာနဲ႔မသက္ဆိုင္တဲ့ေလာကီအယူအဆေတြပဲ ျဖစ္ပါတယ္။ဝါတြင္းကာလမွာ အိမ္ေျပာင္းရင္၊ အိမ္ေ႐ႊရင္ဘာျဖစ္မယ္ ၊ညာျဖစ္မယ္ဆိုတဲ့ေရွး႐ိုးစြဲ အယူအဆေတြ ၊ ေလာကဓာတ္ဆရာေတြရဲေဟာေျပာမႈေတြေၾကာင့္

အခုေနာက္ပိုင္းမွာ လူအေတာ္မ်ားမ်ားက ရက္ေကာင္းရက္ျမတ္ေ႐ြး တာတို႔ ၊ ဝါမဆိုခင္၊ ဒါမွမဟုတ္ ဝါကြၽတ္ၿပီး မွ လုပ္တာတို႔ စတာေတြ ျဖစ္လာၾကတာ ျဖစ္ပါတယ္။ဝါတြင္းကာလ မွာ အိမ္အေျပာင္းအ‌‌ေ႐ႊ႕မလုပ္ေကာင္းဘူးလို႔ ျမတ္စြာဘုရား ေဟာခဲ့လား… ?

ေရွးတုန္းကေတာ့ရာသီဥတု အေနအထားအရဝါတြင္းဆိုတာမိုးတြင္းကာလ ျဖစ္တဲ့အတြက္မိုး႐ြာေနတဲ့အခ်ိန္မွာအေျပာင္းအေ႐ႊ႕လုပ္ရင္ ပိုၿပီးဒုကၡမ်ားႏိုင္တဲ့အတြက္ ေခ်ာက္ေခ်ာက္ေသြ႕ေသြ႕ျဖစ္တဲ့ မိုးမက်ခင္ကာလဒါမွမဟုတ္မိုးရာသီၿပီးမွလုပ္ၾကတဲ့အစဥ္အလာေတြရွိၾကပါတယ္။ဒါကရာသီဥတုအေျခအေနေၾကာင့္ျဖစ္ပါတယ္။

ခုေနာက္ပိုင္းေတာ့ေဗဒင္ဆရာ၊ ယၾတာဆရာ၊ နကၡတၱဆရာစတဲ့ေလာကဓာတ္ဆရာေတြရဲ႕ အာေဘာ္ေတြ၊ ဒီေလာကဓာတ္ ဆရာေတြရဲ႕ အယူအဆကို ယုံၾကည္သူေတြေၾကာင့္ဝါတြင္းကာလအိမ္မေျပာင္းေကာင္းတာတို႔၊ အိမ္မေ႐ႊ႕ေကာင္းတာတို႔၊ အိမ္မေဆာက္ေကာင္းတာ တို႔၊ အိမ္ေထာင္မျပဳေကာင္းတာတို႔စတာေတြျဖစ္လာတာျဖစ္ပါတယ္။

‌ဒီလိုေခတ္စားလာတာေတြဟာဘုရားေဟာမွာပါလို႔လုပ္ၾကတာေတာ့မဟုတ္ၾကပါဘူး ။ဗုဒၶစာေပေတြမွာေတာ့ ဒီလိုကိစၥေတြနဲ႔ ပတ္သက္ၿပီး ဘယ္အခ်ိန္မွာမလုပ္ေကာင္းဘူး၊ဘယ္အခ်ိန္မွာလုပ္ရမယ္စသျဖင့္ ေဟာထားတာမရွိပါဘူး။ ဘယ္လိုမဂၤလာ၊ ဘယ္လိုနကၡတ္ေတြနဲ႔ အညီမွလုပ္ရမယ္ဆိုတာမရွိပါဘူး ။ ဒီလိုနည္းေတြကိုလည္းဘုရားျမတ္စြာကအားမေပးပါဘူး။

အဲ နကၡတ္၊ မဂၤလာ စတဲ့အယူအဆေတြသိပ္ျပင္းျပေနတယ္ဆိုရင္ေတာ့ ေကာင္းတဲ့အက်င့္ကို မ်ားမ်ားက်င့္ၾကဖို႔ပဲ မိန႔္ေတာ္မူ ပါတယ္။ ဒီစကားေတာ္ကို ပရိတ္ႀကီး၊ ပုဗၺဏွသုတ္မွာ လာတဲ့စကားေတာ္က အထင္းအရွား ျဖစ္ေ စပါတယ္။

အဲဒီသုတ္ေတာ္မွာ ဘုရားရွင္က “ေကာင္းျမတ္ေသာအက်င့္ကို က်င့္ေနသူမ်ားအဖို႔ အၿမဲတမ္း နကၡတ္ေကာင္း ပါတယ္ ၊ အၿမဲတမ္း က်က္သေရမဂၤလာ ရွိပါတယ္၊ အၿမဲတမ္း ေကာင္းေသာ မိုးလင္းျခင္း ျဖစ္ပါတယ္၊ အၿမဲတမ္း ေကာင္းေသာ အိပ္ရာထျခင္း ျဖစ္ပါတယ္၊

အၿမဲတမ္းေကာင္းေသာ အခ်ိန္ အခါ ျဖစ္ပါတယ္ ၊ အၿမဲတမ္း ေကာင္းေသာပူေဇာ္ျခင္း ျဖစ္ပါတယ္”လို႔ိေဟာၾကားေတာ္မူထားတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ေနာက္အိမ္အေျပာင္းအေ႐ႊ႕ျပဳလုပ္ၾကတာနဲ႔ပတ္သက္ၿပီးဗုဒၶစာေပေတြမွာအထူးမိန႔္ေတာ္မူထားတာမရွိေပမယ့္ အိမ္သစ္တက္တဲ့ အခါ၊ၿမိဳ႕႐ြာအသစ္တည္တဲ့အခါေတြနဲ႔ပတ္သက္ၿပီးေတာ့မဟာပရိနိဗၺာနသုတ္မွာမိန႔္ေတာ္မူထားတဲ့ဘုရားစကားေတာ္ရွိပါတယ္။

ဒီသုတ္ေတာ္ မွာ ဘုရားရွင္က “ပညာရွိသည္ အၾကင္အရပ္ ၌ အိမ္ရာေဆာက္လုပ္ေနထိုင္ ၏၊ ဤအရ ပ္၌ သီလရွိေသာ၊ ကိုယ္ႏႈတ္ႏွလုံး ေစာင့္သုံးေသာ၊ ျမတ္ေသာအက်င့္ကို က်င့္ေသာပုဂၢိဳလ္ တို႔ကို ဆြမ္းေကြၽးၿပီး လွ်င္ ထိုအရ ပ္၌ ရွိေသာနတ္တို႔အား အလႉ ၏ အဖို႔ကို အမွ်ေဝရာ ၏၊

ဤသို႔ အမွ်ေပးေဝလတ္ေသာ္ နတ္တို႔သည္ ပူေဇာ္ခံရသျဖင့္ ထိုအမွ်ေပးေဝသူ ကို အတုန႔္ျပန္ ၍ ပူေဇာ္ကုန္၏၊ ျမတ္ႏိုးခံရသျဖင့္လည္း အတုန႔္ျပန္၍ ျမတ္ႏိုးကုန္ ၏၊ ထို႔ေၾကာင့္ မိခင္သည္ ရယ္ဝယ္သားကို ေစာင့္ေရွာက္သကဲ့သို႔ ထိုအမွ်ေဝသူကို ေစာင့္ေရွာက္၏၊

နတ္တို႔ေစာင့္ေရွာက္ခံရေသာသူသည္ အခါခပ္သိမ္း ေကာင္းျခင္းမဂၤလာ တို႔ိကိုသာ ေတြ႕ျမင္ရေလ၏” လို႔ေဟာၾကားေတာ္မူထားတာကို ေတြ႕ရပါတယ္။ဒီစကားေတာ္အရ အိမ္အသစ္တက္တဲ့ အခါ၊ ေနရာအသစ္ ေျပာင္းတဲ့အခါ မွာ အိမ္တက္အလႉစတာေတြ လုပ္ၾကျခင္း ျဖစ္ပါတယ္။ ဒီလိုအလုပ္မ်ိဳးကေတာ့ ဘုရားရွင္ ရဲ႕ တရားေတာ္နဲ႔ လည္း ညီၫြတ္လွတဲ့ အတြက္ ေကာင္းတဲ့ အစဥ္အလာ လို႔ ေျပာရမွာ ျဖစ္ ပါတယ္။

ဒါေပမယ့္ ဘယ္အခ်ိန္ ၊ ဘယ္ကာလမာွ ဘာမလုပ္ေကာင္းဘူး ဆိုတာေတြကေတာ့ ဘုရားေဟာ နဲ႔ မညီသလို၊ ကိုယ့္ ရဲ႕ ကံတရားေတြ ကို မယုံၾကည္ၾကလို႔ပဲလို႔ ေျပာရမွာ ျဖစ္ပါတယ္။

တကယ္လို႔သာ အခါကာလေတြ ေျပာၾကေၾကးဆိုရင္ ဝါးတြင္း ဝါပေတြ ေ႐ြးစရာမလိုပါဘူး။ မေကာင္းတာလုပ္တဲ့ သူေတြအတြက္ အခ်ိန္တိုင္းဟာ မေကာင္းတာေတြ ျဖစ္ေနမွာျဖစ္ၿပီး ေကာင္းတာလုပ္တဲ့သူေတြအတြက္ အခ်ိန္တိုင္းဟာ အေကာင္းေတြပဲ ျဖစ္ေနၾကမွာ ျဖစ္ပါတယ္။

ကိုယ္ကမေကာင္းဘူးဆိုရင္ မေကာင္းတာေတြကို ေတြ႕ႀကဳံလာရမွာ

ဘယ္အခ်ိန္အိမ္ေျပာင္းေျပာင္း ကိုယ္ကမေကာင္းဘူးဆိုရင္ မေကာင္းတာေတြကို ေတြ႕ႀကဳံလာရမွာ ျဖစ္ၿပီး ကိုယ္ကေကာင္းေနမယ္ဆိုရင္ ဝါတြင္းမွမဟုတ္ပါဘူး ဘယ္အခ်ိန္ပဲ ျဖစ္ျဖစ္ ေကာင္းေနၾကမွာ ျဖစ္ပါတယ္။

ဆိုလိုတာက ဝါတြင္းကာလ ၊ အိမ္မေျပာင္းရ၊ အိမ္ေထာင္မျပဳရ စတဲ့အယူအဆေတြဟာ ဘုရားေဟာအရ လုပ္ၾကတာမဟုတ္ဘဲ၊ ေရွး႐ိုးစြဲအယူအဆေတြေၾကာင့္နဲ႔ ေခတ္စားလာတဲ့ ေလာကဓာတ္ ဆရာေတြ ရဲ႕ အယူအဆေတြေၾကာင့္ မလိုအပ္ဘဲ အယူသည္း လာၾကတာ ျဖစ္ေၾကာင္း၊

ဘုရားေဟာအေနနဲ႔ကေတာ့ တကယ္လို႔ နကၡတ္၊ မဂၤလာေတြ ေ႐ြးၾကေၾကးဆိုရင္ ေကာင္းတဲ့ အက်င့္ေတြ လုပ္ေနျခင္းဟာ ေကာင္းတဲ့နကၡတ္၊ ေကာင္းတဲ့မဂၤလာ စတာေတြ ျဖစ္ေနၾကမွာ ျဖစ္ၿပီး မေကာင္းတဲ့ အလုပ္ေတြ လုပ္ေနတဲ့အခ်ိန္ဟာ

မေကာင္းတဲ့ အတိတ္နိမိတ္ေတြ ျဖစ္ေနၾကမွာ ျဖစ္ေၾကာင္း မွတ္သားၾကရမွာ ျဖစ္ၿပီး ဒီလို ဘယ္အခ်ိန္၊ဘယ္ကာလစတာေတြ ေ႐ြးၾကဖို႔ိထက္ ဘယ္လိုမေကာင္းမႈကို ဘယ္လိုေရွာင္ၾကဥ္ၾကည့္ၾကမယ္၊ဘယ္လိုေကာင္းမႈမ်ိဳး ကို ဘယ္လိုရွာၿပီး လုပ္ၾကမယ္ စသျဖင့္ ေ႐ြးခ်ယ္ျခင္း ကသာ ဗုဒၶ အလိုေတာ္က် ျဖစ္ေၾကာင္း ဆိုလိုခ်င္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဝါတြင္းကာလ ဘာမလုပ္ရ ၊ ညာမလုပ္ရ စတဲ့အ ယူအဆ ေတြဟာ အ႐ိုးစြဲေနတဲ့ ေရွးအယူအဆမ်ား နဲ႔ ေဗဒင္နကၡတ္ စတဲ့ ေလာကဓာတ္ဆရာေတြရဲ႕ အယူအဆမ်ားသာ ျဖစ္ၿပီးဘုရားေဟာ အယူအဆ မဟုတ္တဲ့ အျပင္ ဘုရားေဟာနဲ႔လည္း မညီတဲ့အလုပ္မ်ား ျဖစ္တဲ့အတြက္ ဒီလိုအယူအဆေတြမွာ အာ႐ုံမထားၾကဘဲ

တကယ္ အေလးထားရမွာက မိမိတို႔ ရဲ႕ လုပ္ရပ္မ်ားကိုသာ အေလးထားရမွာ ျဖစ္ကာ ေကာင္းတဲ့ အလုပ္၊ ေကာင္းတဲ့ အက်င့္မ်ား လုပ္ေနၾကတဲ့ အခ်ိန္တိုင္း ဟာ ေကာင္းတဲ့ ရက္ေကာင္းရက္ျမတ္အခ်ိန္ေကာင္းမ်ားပဲ ျဖစ္ၿပီး မေကာင္း တဲ့ အလုပ္မ်ား ကို လုပ္ေန တဲ့ အခ်ိန္ေတြဟာ မေကာင္းတဲ့ နကၡတ္၊ အမဂၤလာ အခ်ိန္ေတြသာ ျဖစ္တဲ့အတြက္

ဝါတြင္းကာလ ဘာမလုပ္ရ၊ညာမလုပ္ရ စတဲ့ အေျခအျမစ္မရွိတဲ့ အယူအဆေတြ လိုက္ေနၾကမယ့္ အစား ကိုယ့္ကိုယ္ ကိုသာ အေကာင္းဆုံး ျဖစ္ေအာင္ ေနၾကည့္ၾကဖို႔ပဲ ျဖစ္ပါေၾကာင္း အေမးၾကည့္၍ အေျဖညႇိေပးရင္း လြဲေနတတ္ တဲ့ အလြဲတစ္ခု အျဖစ္ အလြဲျပ၍ အမွန္မွ်ေဝလိုက္ရ ပါတယ္။ခရက္ဒစ္

Unicode

ဒကာ တစ်ယောက်က “ အရှင်ဘုရား ဝါဆိုချိန်နီးလာပြီ ဆိုတော့ မြန်မာလူမျိုးများ ရဲ့ ဝါတွင်းကာလ မှ အိမ်မပြောင်းရ ၊ အိမ်မရွေ့ရ စတဲ့ အယူ အဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကိုတွေ့ရ ပါတယ် ။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာရှိသလား၊ ဒီအယူအဆတွေ ကိုလိုက်ပြီးလုပ်သင့်သလား ၊ မလုပ်သင့် ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကိုသိလိုပါတယ်ဘုရား ”စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။

ဟုတ်ပါတယ်။အဲဒီဒကာမေးလျှောက်သလိုပဲမြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ပတ်သက်တဲ့အရိုးစွဲနေတဲ့အမှားတွေအများကြီး ရှိပါတယ် ။ဘာသာရေးနဲ့ မသက်ဆိုင်တဲ့အယူအဆအမှားတွေဟာ ကြာတော့ ဘုရားပဲဟောသလိုလို ကျမ်းဂန်တွေမှာပဲပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။

ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်း ရှိသလို ဝါတွင်းကာလ အိမ်ထောင် မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။

ဒီအယူအဆတွေဟာဘုရားဟောထဲမှာမပါတဲ့ ၊ ဘုရားဟောနဲ့မသက်ဆိုင်တဲ့လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊ အိမ်ရွှေရင်ဘာဖြစ်မယ် ၊ညာဖြစ်မယ်ဆိုတဲ့ရှေးရိုးစွဲ အယူအဆတွေ ၊ လောကဓာတ်ဆရာတွေရဲဟောပြောမှုတွေကြောင့်

အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေး တာတို့ ၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီး မှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။ဝါတွင်းကာလ မှာ အိမ်အပြောင်းအ‌‌ရွှေ့မလုပ်ကောင်းဘူးလို့ မြတ်စွာဘုရား ဟောခဲ့လား… ?

ရှေးတုန်းကတော့ရာသီဥတု အနေအထားအရဝါတွင်းဆိုတာမိုးတွင်းကာလ ဖြစ်တဲ့အတွက်မိုးရွာနေတဲ့အချိန်မှာအပြောင်းအရွှေ့လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင်ကာလဒါမှမဟုတ်မိုးရာသီပြီးမှလုပ်ကြတဲ့အစဉ်အလာတွေရှိကြပါတယ်။ဒါကရာသီဥတုအခြေအနေကြောင့်ဖြစ်ပါတယ်။

ခုနောက်ပိုင်းတော့ဗေဒင်ဆရာ၊ ယတြာဆရာ၊ နက္ခတ္တဆရာစတဲ့လောကဓာတ်ဆရာတွေရဲ့ အာဘော်တွေ၊ ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့်ဝါတွင်းကာလအိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာ တို့၊ အိမ်ထောင်မပြုကောင်းတာတို့စတာတွေဖြစ်လာတာဖြစ်ပါတယ်။

‌ဒီလိုခေတ်စားလာတာတွေဟာဘုရားဟောမှာပါလို့လုပ်ကြတာတော့မဟုတ်ကြပါဘူး ။ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာမလုပ်ကောင်းဘူး၊ဘယ်အချိန်မှာလုပ်ရမယ်စသဖြင့် ဟောထားတာမရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှလုပ်ရမယ်ဆိုတာမရှိပါဘူး ။ ဒီလိုနည်းတွေကိုလည်းဘုရားမြတ်စွာကအားမပေးပါဘူး။

အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေသိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူ ပါတယ်။ ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်ေ စပါတယ်။

အဲဒီသုတ်တော်မှာ ဘုရားရှင်က “ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်း ပါတယ် ၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊

အမြဲတမ်းကောင်းသော အချိန် အခါ ဖြစ်ပါတယ် ၊ အမြဲတမ်း ကောင်းသောပူဇော်ခြင်း ဖြစ်ပါတယ်”လို့ိဟောကြားတော်မူထားတာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်အိမ်အပြောင်းအရွှေ့ပြုလုပ်ကြတာနဲ့ပတ်သက်ပြီးဗုဒ္ဓစာပေတွေမှာအထူးမိန့်တော်မူထားတာမရှိပေမယ့် အိမ်သစ်တက်တဲ့ အခါ၊မြို့ရွာအသစ်တည်တဲ့အခါတွေနဲ့ပတ်သက်ပြီးတော့မဟာပရိနိဗ္ဗာနသုတ်မှာမိန့်တော်မူထားတဲ့ဘုရားစကားတော်ရှိပါတယ်။

ဒီသုတ်တော် မှာ ဘုရားရှင်က “ပညာရှိသည် အကြင်အရပ် ၌ အိမ်ရာဆောက်လုပ်နေထိုင် ၏၊ ဤအရ ပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ် တို့ကို ဆွမ်းကျွေးပြီး လျှင် ထိုအရ ပ်၌ ရှိသောနတ်တို့အား အလှူ ၏ အဖို့ကို အမျှဝေရာ ၏၊

ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူ ကို အတုန့်ပြန် ၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန် ၏၊ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊

နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာ တို့ိကိုသာ တွေ့မြင်ရလေ၏” လို့ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။ဒီစကားတော်အရ အိမ်အသစ်တက်တဲ့ အခါ၊ နေရာအသစ် ပြောင်းတဲ့အခါ မှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင် ရဲ့ တရားတော်နဲ့ လည်း ညီညွတ်လှတဲ့ အတွက် ကောင်းတဲ့ အစဉ်အလာ လို့ ပြောရမှာ ဖြစ် ပါတယ်။

ဒါပေမယ့် ဘယ်အချိန် ၊ ဘယ်ကာလမာှ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟော နဲ့ မညီသလို၊ ကိုယ့် ရဲ့ ကံတရားတွေ ကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်း ဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ

ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝါတွင်းကာလ ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ် ဆရာတွေ ရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်း လာကြတာ ဖြစ်ကြောင်း၊

ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့ အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ

မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ဘယ်ကာလစတာတွေ ရွေးကြဖို့ိထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊ဘယ်လိုကောင်းမှုမျိုး ကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်း ကသာ ဗုဒ္ဓ အလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ ၊ ညာမလုပ်ရ စတဲ့အ ယူအဆ တွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများ နဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆများသာ ဖြစ်ပြီးဘုရားဟော အယူအဆ မဟုတ်တဲ့ အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ

တကယ် အလေးထားရမှာက မိမိတို့ ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာ ဖြစ်ကာ ကောင်းတဲ့ အလုပ်၊ ကောင်းတဲ့ အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်း ဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ်အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်း တဲ့ အလုပ်များ ကို လုပ်နေ တဲ့ အချိန်တွေဟာ မကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက်

ဝါတွင်းကာလ ဘာမလုပ်ရ၊ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့် အစား ကိုယ့်ကိုယ် ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိပေးရင်း လွဲနေတတ် တဲ့ အလွဲတစ်ခု အဖြစ် အလွဲပြ၍ အမှန်မျှဝေလိုက်ရ ပါတယ်။ခရက်ဒစ်