ၿခံခုန္ေက်ာ္တဲ့ ေဝ႒ဳေက်ာ္အဖမ္းခံရၿပီ

Zawgyi

ၿခံခုန္ေက်ာ္တဲ့ေဝ႒ဳေက်ာ္အဖမ္းခံရၿပီ

ေဝ႒ဳေက်ာ္ ငါ့ကိုသတ္ေနၿပီဟု ေအာ္သံၾကား၍ ထၾကည့္ရာ သူခိုးတစ္ဦးျဖစ္ေန

မိုးညႇင္းခ႐ိုင္၊ အင္းေတာ္ႀကီးေဒသ မမုန္ကိုင္ေက်း႐ြာတြင္ ေနအိမ္တစ္အိမ္တြင္ ယမန္ေန႔ညက သူခိုးတစ္ဦး ဝင္ေရာက္ခဲ့ၿပီး အိမ္ရွင္ျဖစ္သူ၏ လည္ပင္းအား ဓါးျဖင့္ လွီးသည့္ အမႈတစ္ခုျဖစ္ပြားခဲ့သည္။

အဆိုပါျဖစ္စဥ္သည္ ဇူလိုင္လ ၁၃ ရက္ ညသန္ေခါင္ယံပိုင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္ အိမ္ရွင္ ဦးသန္းေအာင္က ၎၏ ျမင္ေတြ႕ခဲ့ရပုံကို ယခုကဲ့သို႔ ေျပာျပသည္။

“ ေဝ႒ဳေက်ာ္ ငါ့ကိုသတ္ေနၿပီလို႔ ဇနီးျဖစ္သူက ေအာ္လို႔ ထၾကည့္ေတာ့ လူတစ္ေယာက္ အိမ္ေနာက္ေဖး ၿခံစည္း႐ိုးကို ေက်ာ္ၿပီး ထြက္ေျပးသြားတာကို ေတြ႕လိုက္တယ္” ဟု ၎က ဆိုသည္။

အဆိုပါထြက္ေျပးသြားသူမွာ မမုန္ကိုင္ေက်း႐ြာေနထိုင္သူေဝသူေက်ာ္ (ခ) ေဝ႒ဳေက်ာ္ ဆိုသူျဖစ္ၿပီး ၎သည္ယင္းညသန္းေခါင္ယံအခ်ိန္ခန႔္တြင္ ဦးသန္းေအာင္ႏွင့္ေဒၚလွဝင္းတို႔ေနအိမ္တို႔ဝင္ေရာက္ကာေသတၱာတစ္လုံးအား ဖြင့္ေနစဥ္ ေဒၚလွဝင္းမွ ျမင္ေတြ႕ခဲ့ၿပီး ေဝသူေက်ာ္ ဟုေအာ္ဟစ္ေခၚစဥ္

ေဝသူေက်ာ္ကေဒၚလွဝင္း၏ ရင္ဘတ္ကို ဒူးႏွင့္ေထာက္၊ ပါးစပ္ကိုလက္ႏွင့္ပိတ္ကာလည္ပင္းကို ဓါးႏွင့္လွီးခဲ့ေၾကာင္း၊ ေဒၚလွဝင္း၏ ခင္ပြန္းျဖစ္သူေရာက္ရွိလာသျဖင့္အိမ္ေနာက္ေဖးၿခံစည္း႐ိုးကိုေက်ာ္ကာ ထြက္ေျပးသြားေၾကာင္း ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီးလုံးတုံနယ္ေျမ ရဲစခန္းသို႔အမႈဖြင့္တိုင္ၾကားထားေၾကာင္းသိရသည္။

လက္ရွိတြင္ အဆိုပါ ေဝ႒ဳေက်ာ္(ခ) ေဝသူေက်ာ္၊ ၂၂ ႏွစ္၊ မမုန္ကိုင္ ေက်း႐ြာ၊ အင္းေတာ္ႀကီးေဒသ၊ မိုးညႇင္းၿမိဳ႕နယ္ေနသူအား လုံးတုံနယ္ေျမ ရဲစခန္းက (ပ)အမွတ္ ၃၀ /၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၅၂/ ၃၂၄ ဥပေဒအရ အမႈဖြင့္ အေရးယူ ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရသည္။ခရက္ဒစ္

Unicode

ခြံခုန်ကျော်တဲ့ဝေဋ္ဌုကျော်အဖမ်းခံရပြီ

ဝေဋ္ဌုကျော် ငါ့ကိုသတ်နေပြီဟု အော်သံကြား၍ ထကြည့်ရာ သူခိုးတစ်ဦးဖြစ်နေ

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာတွင် နေအိမ်တစ်အိမ်တွင် ယမန်နေ့ညက သူခိုးတစ်ဦး ဝင်ရောက်ခဲ့ပြီး အိမ်ရှင်ဖြစ်သူ၏ လည်ပင်းအား ဓါးဖြင့် လှီးသည့် အမှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၁၃ ရက် ညသန်ခေါင်ယံပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည် အိမ်ရှင် ဦးသန်းအောင်က ၎င်း၏ မြင်တွေ့ခဲ့ရပုံကို ယခုကဲ့သို့ ပြောပြသည်။

“ ဝေဋ္ဌုကျော် ငါ့ကိုသတ်နေပြီလို့ ဇနီးဖြစ်သူက အော်လို့ ထကြည့်တော့ လူတစ်ယောက် အိမ်နောက်ဖေး ခြံစည်းရိုးကို ကျော်ပြီး ထွက်ပြေးသွားတာကို တွေ့လိုက်တယ်” ဟု ၎င်းက ဆိုသည်။

 

အဆိုပါထွက်ပြေးသွားသူမှာ မမုန်ကိုင်ကျေးရွာနေထိုင်သူဝေသူကျော် (ခ) ဝေဋ္ဌုကျော် ဆိုသူဖြစ်ပြီး ၎င်းသည်ယင်းညသန်းခေါင်ယံအချိန်ခန့်တွင် ဦးသန်းအောင်နှင့်ဒေါ်လှဝင်းတို့နေအိမ်တို့ဝင်ရောက်ကာသေတ္တာတစ်လုံးအား ဖွင့်နေစဉ် ဒေါ်လှဝင်းမှ မြင်တွေ့ခဲ့ပြီး ဝေသူကျော် ဟုအော်ဟစ်ခေါ်စဉ်

ဝေသူကျော်ကဒေါ်လှဝင်း၏ ရင်ဘတ်ကို ဒူးနှင့်ထောက်၊ ပါးစပ်ကိုလက်နှင့်ပိတ်ကာလည်ပင်းကို ဓါးနှင့်လှီးခဲ့ကြောင်း၊ ဒေါ်လှဝင်း၏ ခင်ပွန်းဖြစ်သူရောက်ရှိလာသဖြင့်အိမ်နောက်ဖေးခြံစည်းရိုးကိုကျော်ကာ ထွက်ပြေးသွားကြောင်း ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီးလုံးတုံနယ်မြေ ရဲစခန်းသို့အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ ဝေဋ္ဌုကျော်(ခ) ဝေသူကျော်၊ ၂၂ နှစ်၊ မမုန်ကိုင် ကျေးရွာ၊ အင်းတော်ကြီးဒေသ၊ မိုးညှင်းမြို့နယ်နေသူအား လုံးတုံနယ်မြေ ရဲစခန်းက (ပ)အမှတ် ၃၀ /၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၂/ ၃၂၄ ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ခရက်ဒစ်