ဆရာေတာ္ျကီး မိန့္ျကားတဲ့ လူတိုင္းသိထားသင့္သည့္ ေသခါနီးလူကို အားေပးစကား ေျပာနည္း(၄)နည္း
Zawgyi
လူတိုင္းသိထားသင့္သည့္ ေသခါနီးလူကို အားေပးစကား ေျပာနည္း(၄)နည္း
“လူေတြဟာ အေနတတ္ဖို႔ လိုသလို အေသတတ္ဖို႔ လိုေသးတယ္”တဲ့။ ဒါေၾကာင့္”ျမတ္စြာဘုရား”က ဒီ”သုတၱန္”မွာ”အေန တတ္ဖို႔ လိုသလို အေသတတ္ဖို႔ လို ေသးတယ္”တဲ့။ ေအး..”ေနမေကာင္း ထိုင္မသာျဖစ္ၿပီးေတာ့ ေရာဂါ ေဝဒနာျဖစ္ေနတဲ့ ပညာရွိတဲ့ ပုဂၢိဳလ္ တစ္ေယာက္” ကို”ပညာရွိတဲ့ မိတ္ေဆြ တစ္ေယာက္”ကအားေပးစကား ေျပာသင့္တယ္။
အက်ိဳးရွိလို႔ေျပာတာ။ အားေပးစကား ေျပာရမွာ။ ျမန္မာျပည္မွာ တခ်ိဳ႕”ေသငယ္ေဇာနဲ႔ေမ်ာေနတဲ့ လူ တစ္ေယာက္”ကို အားေပးစကားမေျပာပဲနဲ႔… “ဘဏ္စာအုပ္ ဘယ္နားထားခဲ့လဲ”လို႔ေမးတယ္။
“လက္ေကာက္ တို႔ စိန္ နားကပ္တို႔ ဘယ္ နား ထား တုန္း”…ေသတဲ့လူ ေျဖာင့္ပါ့မလား၊အဲဒီလိုေမးရင္။ “ဘုန္းႀကီး”ေတြလည္း”ပ်ံလြန္ေတာ္မူ”ခါနီးရင္ “ေက်ာင္းကို ဘယ္သူ႔အပ္ခဲ့မွာတုန္း” က လာ ေသး တာ။ အဲဒါ အားေပးစကားျဖစ္ပါ့မလား။
မတူဘူး..။တြန္းလႊတ္တာနဲ႔တူေနတယ္။”အဲ့ဒါမ်ိဳး မျဖစ္သင့္ဘူး”တဲ့။ တကယ္က”အားေပးစကား”ပဲေျပာရမယ္။ ဒါျဖင့္… “အားေပးစကားေျပာရမယ္”ဆိုရင္- “ဘယ္လိုအားေပးစကားေျပာရမလဲ?”ဆိုေတာ့… “အခ်က္ (၄)ခ်က္”နဲ႔ေျပာရမယ္။ “လူ ဥပသကာ”ကို “အခ်က္ (၄)ခ်က္”နဲ႔ ေျပာရမယ္။
(၁)”မင္းမွာ ဘုရားအေပၚမွာ ႏွစ္ႏွစ္ကာကာနဲ႔”အသိ ဉာဏ္”နဲ႔”ဘုရား”အေပၚမွာယုံၾကည္တဲ့”သဒၶါတရား” ေတြရွိေနတယ္။ဘာမွ ေၾကာက္စရာမလိုဘူး။ စိတ္ေအး လက္ေအး ေနႏိုင္တယ္။မေကာင္းတဲ့ဘဝ ဘယ္ေတာ့မွမေရာက္ဘူး။အဲဒါေတြကကယ္သြားလိမ့္ မယ္။ဒါေလးကို အားကိုး။ “ဘယ္လိုအားေပးတာလဲ”ဆိုေတာ့… “ေျမအိုးကိုခြဲ၍ ေ႐ႊအိုးႀကီးကို ရယူသလိုပဲ”တဲ့။
၂။ ေနာက္တစ္ခ်က္က… “ဘာမွအားမငယ္နဲ႔။မင္းမွာ”ဓမၼ”အေပၚမွာ ယုံၾကည္တဲ့အသိဉာဏ္သက္ဝင္တဲ့”သဒၶါတရား”ေတြရွိတယ္။ “ဓမၼ”ကို ႏွစ္ႏွစ္ကာကာ ယုံၾကည္တယ္။”ျမတ္စြာ ဘုရား”ေဟာတဲ့ တရားသည္ ဘယ္ေတာ့မွ လြဲမွားတာ မရွိဘူး။ “ကုသိုလ္ေကာင္းမႈလုပ္တဲ့ ပုဂၢိဳလ္”ဟာအားငယ္ စရာ ဘာတစ္ခုမွ မရွိဘူး။
“ကုသိုလ္”ေတြက ႀကိဳေနၾကမွာ။ဘယ္ဘုံကို သြားသြား ကိုယ္လုပ္ထားတဲ့ “ကုသိုလ္”ေတြ ကိုယ့္ရင္ထဲ ႏွလုံးထဲမွာ စိတ္ဓာတ္ထဲမွာ ျဖဴစင္ၿပီးေတာ့ “ကုသိုလ္” ေတြက ကိုယ့္ကို ႀကိဳေနၾကမွာ။ ေကာင္းတာေတြ လုပ္တဲ့ အခ်ိန္ကစၿပီးေတာ့ ႏွလုံး သြင္းလိုက္မယ္ ဆိုရင္ စိတ္ဟာ ၾကည္ႏူးဖြယ္ ျဖစ္တယ္။”
၃။ေနာက္တစ္ခု အားေပးစကား က… “ဘာမွ မပူနဲ႔။စိတ္ထဲမွာ အားတင္းထား။မင္းမွာ”ကိုယ္ က်င့္တရား”ေတြရွိေနတယ္။”ငါးပါးသီလ”ဘယ္ေတာ့မွ မေဖာက္ဖ်က္ဘူး။လုံၿခဳံတယ္။ ဟိုတုန္းက မလုံၿခဳံေတာင္ ခု ေဆာက္တည္ လိုက္ရင္ လုံၿခဳံသြားၿပီ။ ဟိုတုန္းက မလုံခဲ့လို႔ ခု အိပ္ယာထဲ လွဲေနခ်ိန္မွာ “ငါးပါးသီလ”ေဖာက္ဖ်က္တာ ရွိေသးလား? ကိုယ္မွ”ေသငယ္ေဇာ”နဲ႔ေမ်ာေနတာ။
“ျခင္”ေလး ေတြ ဘာေတြ သတ္ဦး မလား? “စိတ္”ဟာ မေကာင္းတာေတြနဲ႔ ဘယ္လိုပဲ လုပ္ခဲ့လုပ္ခဲ့ေကာင္းတာေတြ လုပ္တဲ့ အခ်ိန္ကစၿပီး ေဆာက္ တည္ လိုက္မယ္ဆိုရင္”စိတ္”ဟာၾကည္ႏူးဖြယ္ျဖစ္တယ္။ ကိုယ့္”သီလ”ေလးကို အာ႐ုံျပဳ။ တစ္ခ်ိန္တစ္ခါတုန္းက”ငါးပါးသီလ”ေလးခ်ိဳး ေဖာက္ခဲ့ ေပမယ့္လို႔”ဒီအခ်ိန္မွာမခ်ိဳးေဖာက္ဘူး”လို႔”ႏွလုံး သြင္းလိုက္မယ္”ဆိုရင္ႏွလုံးသြင္းလိုက္တာနဲ႔ ခ်က္ခ်င္း ကုသိုလ္ က ျဖစ္လာတာ။”
၄။ဘာ ဆက္ေျပာရမလဲဆိုေတာ့… “လူေတြဆိုတာ အတြယ္အတာေလးေတြ ရွိတတ္တယ္။ ဥပမာ မယ္…. “မိဘ” ေတြ ဆို ရင္”သားသမီး”ေတြ အေပၚမွာ တြယ္ တာတယ္။ “အိမ္ေထာင္ဦးစီး”ေတြဆိုရင္..”သား မယား”ေတြ အေပၚမွာ တြယ္တာတယ္။ အဲဒီအခါ က်ရင္ေျပာတဲ့။ “မိဘေတြ အေပၚမွာ တြယ္တာသလား၊မတြယ္တာ ဘူး လား ဆိုတဲ့..”စိတ္ရွိသလား၊မရွိဘူးလား”ေမးတဲ့။
“ရွိေနေသးတယ္”ဆိုရင္ အဲဒီ”တြယ္တာတဲ့စိတ္”ကို မထားပါနဲ႔ တဲ့။ “သတ္တဝါ”ဆိုတာ-“ကိုယ်႕ကံနဲ႔ကိုယ်”လာတာ။ တြယ္တာၿပီးေတာ့ မေနပါနဲ႔တဲ့။ တြယ္တာေနလဲ ေသမွာပဲ။ မတြယ္တာေနလဲ ေသမွာပဲတဲ့။ ေသမွာ အတူတူေတာ့ တြယ္မေနပါနဲ႔လို ေျပာရမယ္။” ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာ နႏၵမာလာဘိဝံသ မွ်ေဝ ပူေဇာ္ပါသည္ ။ခရက္ဒစ္
Unicode
လူတိုင်းသိထားသင့်သည့် သေခါနီးလူကို အားပေးစကား ပြောနည်း(၄)နည်း
“လူတွေဟာ အနေတတ်ဖို့ လိုသလို အသေတတ်ဖို့ လိုသေးတယ်”တဲ့။ ဒါကြောင့်”မြတ်စွာဘုရား”က ဒီ”သုတ္တန်”မှာ”အနေ တတ်ဖို့ လိုသလို အသေတတ်ဖို့ လို သေးတယ်”တဲ့။ အေး..”နေမကောင်း ထိုင်မသာဖြစ်ပြီးတော့ ရောဂါ ဝေဒနာဖြစ်နေတဲ့ ပညာရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်” ကို”ပညာရှိတဲ့ မိတ်ဆွေ တစ်ယောက်”ကအားပေးစကား ပြောသင့်တယ်။
အကျိုးရှိလို့ပြောတာ။ အားပေးစကား ပြောရမှာ။ မြန်မာပြည်မှာ တချို့”သေငယ်ဇောနဲ့မျောနေတဲ့ လူ တစ်ယောက်”ကို အားပေးစကားမပြောပဲနဲ့… “ဘဏ်စာအုပ် ဘယ်နားထားခဲ့လဲ”လို့မေးတယ်။
“လက်ကောက် တို့ စိန် နားကပ်တို့ ဘယ် နား ထား တုန်း”…သေတဲ့လူ ဖြောင့်ပါ့မလား၊အဲဒီလိုမေးရင်။ “ဘုန်းကြီး”တွေလည်း”ပျံလွန်တော်မူ”ခါနီးရင် “ကျောင်းကို ဘယ်သူ့အပ်ခဲ့မှာတုန်း” က လာ သေး တာ။ အဲဒါ အားပေးစကားဖြစ်ပါ့မလား။
မတူဘူး..။တွန်းလွှတ်တာနဲ့တူနေတယ်။”အဲ့ဒါမျိုး မဖြစ်သင့်ဘူး”တဲ့။ တကယ်က”အားပေးစကား”ပဲပြောရမယ်။ ဒါဖြင့်… “အားပေးစကားပြောရမယ်”ဆိုရင်- “ဘယ်လိုအားပေးစကားပြောရမလဲ?”ဆိုတော့… “အချက် (၄)ချက်”နဲ့ပြောရမယ်။ “လူ ဥပသကာ”ကို “အချက် (၄)ချက်”နဲ့ ပြောရမယ်။
(၁)”မင်းမှာ ဘုရားအပေါ်မှာ နှစ်နှစ်ကာကာနဲ့”အသိ ဉာဏ်”နဲ့”ဘုရား”အပေါ်မှာယုံကြည်တဲ့”သဒ္ဓါတရား” တွေရှိနေတယ်။ဘာမှ ကြောက်စရာမလိုဘူး။ စိတ်အေး လက်အေး နေနိုင်တယ်။မကောင်းတဲ့ဘဝ ဘယ်တော့မှမရောက်ဘူး။အဲဒါတွေကကယ်သွားလိမ့် မယ်။ဒါလေးကို အားကိုး။ “ဘယ်လိုအားပေးတာလဲ”ဆိုတော့… “မြေအိုးကိုခွဲ၍ ရွှေအိုးကြီးကို ရယူသလိုပဲ”တဲ့။
၂။ နောက်တစ်ချက်က… “ဘာမှအားမငယ်နဲ့။မင်းမှာ”ဓမ္မ”အပေါ်မှာ ယုံကြည်တဲ့အသိဉာဏ်သက်ဝင်တဲ့”သဒ္ဓါတရား”တွေရှိတယ်။ “ဓမ္မ”ကို နှစ်နှစ်ကာကာ ယုံကြည်တယ်။”မြတ်စွာ ဘုရား”ဟောတဲ့ တရားသည် ဘယ်တော့မှ လွဲမှားတာ မရှိဘူး။ “ကုသိုလ်ကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်”ဟာအားငယ် စရာ ဘာတစ်ခုမှ မရှိဘူး။
“ကုသိုလ်”တွေက ကြိုနေကြမှာ။ဘယ်ဘုံကို သွားသွား ကိုယ်လုပ်ထားတဲ့ “ကုသိုလ်”တွေ ကိုယ့်ရင်ထဲ နှလုံးထဲမှာ စိတ်ဓာတ်ထဲမှာ ဖြူစင်ပြီးတော့ “ကုသိုလ်” တွေက ကိုယ့်ကို ကြိုနေကြမှာ။ ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီးတော့ နှလုံး သွင်းလိုက်မယ် ဆိုရင် စိတ်ဟာ ကြည်နူးဖွယ် ဖြစ်တယ်။”
၃။နောက်တစ်ခု အားပေးစကား က… “ဘာမှ မပူနဲ့။စိတ်ထဲမှာ အားတင်းထား။မင်းမှာ”ကိုယ် ကျင့်တရား”တွေရှိနေတယ်။”ငါးပါးသီလ”ဘယ်တော့မှ မဖောက်ဖျက်ဘူး။လုံခြုံတယ်။ ဟိုတုန်းက မလုံခြုံတောင် ခု ဆောက်တည် လိုက်ရင် လုံခြုံသွားပြီ။ ဟိုတုန်းက မလုံခဲ့လို့ ခု အိပ်ယာထဲ လှဲနေချိန်မှာ “ငါးပါးသီလ”ဖောက်ဖျက်တာ ရှိသေးလား? ကိုယ်မှ”သေငယ်ဇော”နဲ့မျောနေတာ။
“ခြင်”လေး တွေ ဘာတွေ သတ်ဦး မလား? “စိတ်”ဟာ မကောင်းတာတွေနဲ့ ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ကောင်းတာတွေ လုပ်တဲ့ အချိန်ကစပြီး ဆောက် တည် လိုက်မယ်ဆိုရင်”စိတ်”ဟာကြည်နူးဖွယ်ဖြစ်တယ်။ ကိုယ့်”သီလ”လေးကို အာရုံပြု။ တစ်ချိန်တစ်ခါတုန်းက”ငါးပါးသီလ”လေးချိုး ဖောက်ခဲ့ ပေမယ့်လို့”ဒီအချိန်မှာမချိုးဖောက်ဘူး”လို့”နှလုံး သွင်းလိုက်မယ်”ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ ချက်ချင်း ကုသိုလ် က ဖြစ်လာတာ။”
၄။ဘာ ဆက်ပြောရမလဲဆိုတော့… “လူတွေဆိုတာ အတွယ်အတာလေးတွေ ရှိတတ်တယ်။ ဥပမာ မယ်…. “မိဘ” တွေ ဆို ရင်”သားသမီး”တွေ အပေါ်မှာ တွယ် တာတယ်။ “အိမ်ထောင်ဦးစီး”တွေဆိုရင်..”သား မယား”တွေ အပေါ်မှာ တွယ်တာတယ်။ အဲဒီအခါ ကျရင်ပြောတဲ့။ “မိဘတွေ အပေါ်မှာ တွယ်တာသလား၊မတွယ်တာ ဘူး လား ဆိုတဲ့..”စိတ်ရှိသလား၊မရှိဘူးလား”မေးတဲ့။
“ရှိနေသေးတယ်”ဆိုရင် အဲဒီ”တွယ်တာတဲ့စိတ်”ကို မထားပါနဲ့ တဲ့။ “သတ်တဝါ”ဆိုတာ-“ကိုယျ့ကံနဲ့ကိုယျ”လာတာ။ တွယ်တာပြီးတော့ မနေပါနဲ့တဲ့။ တွယ်တာနေလဲ သေမှာပဲ။ မတွယ်တာနေလဲ သေမှာပဲတဲ့။ သေမှာ အတူတူတော့ တွယ်မနေပါနဲ့လို ပြောရမယ်။” ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ မျှဝေ ပူဇော်ပါသည် ။ခရက်ဒစ်