Zawgyi
Unicode
စီးပွားဥစ္စာ ဓနစ္စာ ကြွယ်ဝစေရန် မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးနည်းမဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးနည်းမဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲ ထိုးရာ၌ အောက်ဖော်ပြပါ ကန်တော့ ပွဲသုံး ပစ္စည်းများအား အသုံးပြုရမည်
(၁)အုန်းသီးတစ်လုံး (၂)ငှက်ပျောသီး(၃)ဖီး (၃)ကွမ်း|ကွမ်းသီး|ထုံး|ဆေး(၄)သပြေပန်း(၅)ထီး|တံခွန်|ကုက္ကား|မုလေးပွား|ယပ်|ကြက်လျှာအစုံ (၆)ဆီမီး(၁)တိုင်(၇)ရေတစ်ခွက်(၈)ခံတောင်း(သို့)ဇလုံတစ်ခု (၉)အခြား လှူဒါန်းဖွယ်ရာ ပစ္စည်းများ စသည် တို့ဖြစ်သည်။
မိမိနေအိမ် ရှိ ဘုရားခန်း၌ ပြုလုပ် နိုင်သည်မဟာလာဘံ ကန်တော့ ပွဲထိုးသည့် အချိန်ကာလမှာ နံနက်ပိုင်းဖြစ် ရမည် မဟာလာဘံ ကန်တော့ပွဲထိုးသင့်သည့် အခြေအနေမှာ လောကီ စီးပွားနှင့် ဓနစ္စာ ကြွယ်ဝစေရန် အတွက် ရည်ရွယ်၍ ပြုလုပ် သင့်သည်
မဟာလာဘံ ကန်တော့ ပွဲထိုးသည့် ပုဂ္ဂိုလ်အမျိုးအစားနှင့်အရည်အသွေးမှာ ယောကျာ်း ၊မိန်းမမရွေးပြုလုပ်နိုင်သော်လည်းအကျင့်မှန်ကန်၍စိတ်တည်ငြိမ်သူဖြစ်ကာ လောကီအတတ်ပညာအား တတ်မြောက်ထားသူဖြစ်ပါကပို၍သင့်လျော်ပေသည်။
မဟာလာဘံကန်တော့ပွဲထိုးခြင်းအကျိုးတရားက ဤကန်တော့ပွဲသည် စီးပွားလာဘ်လာဘနှင့် ဓနဥစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သော ကန်တော့ပွဲဖြစ်ခြင်းကြောင့်(၁)စီးပွားဥစ္စာ ကြွယ်ဝခြင်း (၂)မျက်နှာပွင့်လန်းခြင်း (၃)ငွေကြေးလုံးဝပြတ်လပ်သွားမှုမရှိခြင်း စသည့် အကျိုးတရားများ ရရှိခံစားရမည် ဖြစ်ပါသည်။
မဟာလာဘံ လာဘ်ဖွင့်ကန်တော့ ပွဲတွင် ထီး|တံခွန်|ယပ် တို့က ဝဲဘက်မှာ ထားပြီး ကုက္ကား|မုလေးပွားတို့ကို ယာဘက်တွင် ထားပြီး အုန်းညှာတံကို မိမိ၏ ဝဲဘက်၌ ထား ရှိရမည်မဟာလာဘံ လာဘ်ဖွင့်ကန်တော့ ပွဲထိုးလျှင် (၁)ပွဲသာထိုးရပြီး ပွဲသက်တမ်း သည်(၅)ရက်ထားရပါသည်။ခရက်ဒစ်