မယားပါေျမး ၁၁ ႏွစ္အ႐ြယ္ေလးကို ကိုယ္ဝန္ရသည္အထိ အဖိုးျဖစ္သူက အႀကိမ္ႀကိမ္ျပဳက်င့္

Zawgyi

ရန္ကုန္တိုင္း၊လႈိင္သာယာ(အေနာက္)ပိုင္းၿမိဳ႕နယ္တြင္ ေနာက္အိမ္ေထာင္မွ ေျမးျဖစ္သူအားအႀကိမ္ႀကိမ္ ျပဳက်င့္ခဲ့သျဖင့္ကိုယ္ဝန္၅လ လြယ္ထားရေၾကာင္းသိရပါတယ္။လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊အမွတ္၂၀ ရပ္ကြက္ဗိုလ္ေတဇပတ္လမ္းေနတရားလိုသည္လြန္ခဲ့ေသာ၃ႏွစ္ခန႔္မွစ၍ေနာက္အိမ္ေထာင္ႏွင့္အတူ ေျမး ၃ေယာက္ႏွင့္တစ္အိမ္တည္းေနထိုင္ခဲ့ေၾကာင္း ဆိုပါတယ္။

ထိုသို႔ေနထိုင္စဥ္ ဇြန္လ၁၀ ရက္ေန႔၌ ေျမးျဖစ္သူမမခိုင္(အမည္လႊဲ)၁၁ႏွစ္၁၁လသမီးမွာဗိုက္ပူထြက္ေနေၾကာင္းေတြရ၍မသကၤာသျဖင့္ ညီမျဖစ္သူႏွင့္အတူေျမးျဖစ္သူအားစစ္ေမးၿပီးေဆး႐ုံသို႔သြားျပခဲ့ရာေျမးျဖစ္သူတြင္ကိုယ္ဝန္၅လခန႔္ရွိေနရေၾကာင္းသိရပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ေျမးျဖစ္သူအာေမးျမန္းရာ၂၀၁၉ခုႏွစ္၉လပိုင္းရက္မမွတ္မိညေန ၆နာရီခန႔္ကေက်ာင္းပိတ္ရက္ျဖစ္ေန၍ေနအိမ္တြင္ဦးတင္ျမင့္ႏွင့္ႏွစ္ဦးတည္းရွိေနစဥ္ဦးတင္ျမင့္မွ“သမီး လာအုံး”ဟုေခၚၿပီးဘယ္သူမွမေျပာနဲ႔ ေျပာရင္ သတ္ပစ္မည္ဟု ၿခိမ္းေျခာက္၍ ပါးနမ္းကာ ထမီအားခြၽတ္ၿပီး၊ ျပဳက်င့္စဥ္ ႐ုန္းကန္ထြက္ေျပးခဲ့ရာမွ ေနာက္ပိုင္းတြင္ ၿခိမ္းေျခာက္ခံေနရသျဖင့္ ျပန္မေျပာဘဲ ၿငိမ္ေနခဲ့ေၾကာင္း၊

ယင္းအျဖစ္ေနာက္ပိုင္း ၃/၄ ရက္ျခား ၁ႀကိမ္ သားမယားျပဳက်င့္ခံရေၾကာင္း ကိုယ္ဝန္ရွိသည္ကိုမသိေသာ္လည္း ဗိုက္တျဖည္းျဖည္း ဗိုက္ပူလာသည္ကို သတိထားမိေၾကာင္း၊ ၂၀၂၀ခု ဧၿပီလ ရက္မမွတ္မိေန႔က ေနအိမ္တြင္လူမရွိခိုက္ၿခိမ္းေျခာက္ၿပီး

တစ္ႀကိမ္ထပ္မံျပဳက်င့္ခဲ့ေၾကာင္း ေျပာျပသိရသျဖင့္ ေျမးျဖစ္သူ ၁၀ႏွစ္ ၁၁လ သမီးငယ္အား သားမယားျပဳက်င့္ခဲ့သူ တင့္ျမင့္အား ဥပေဒအရအေရးယူေပးပါရန္ ဇြန္လ ၁၃ရက္ေန၌ တိုင္ၾကားခဲ့တယ္လို႔ သိရပါတယ္။

မိဘအုပ္ထိန္းမႈေအာက္ မလြတ္ကင္းေသးသူကို သားမယားျပဳက်င့္ ကိုယ္ဝန္ရေစခဲ့သူ တင္ျမင့္(၆၄)ႏွစ္ အား လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ ေသာင္ႀကီးနယ္ေျမရဲစခန္းမွ (ပ)၁၃၁၈ /၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ ဖမ္းဆီး အေရးယူထားေၾကာင္း သတင္းရရွိပါတယ္။ ခရက္ဒစ္ – ညီညီ(လႈိင္သာယာ)

Unicode

ရန်ကုန်တိုင်း၊လှိုင်သာယာ(အနောက်)ပိုင်းမြို့နယ်တွင် နောက်အိမ်ထောင်မှ မြေးဖြစ်သူအားအကြိမ်ကြိမ် ပြုကျင့်ခဲ့သဖြင့်ကိုယ်ဝန်၅လ လွယ်ထားရကြောင်းသိရပါတယ်။လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊အမှတ်၂၀ ရပ်ကွက်ဗိုလ်တေဇပတ်လမ်းနေတရားလိုသည်လွန်ခဲ့သော၃နှစ်ခန့်မှစ၍နောက်အိမ်ထောင်နှင့်အတူ မြေး ၃ယောက်နှင့်တစ်အိမ်တည်းနေထိုင်ခဲ့ကြောင်း ဆိုပါတယ်။

ထိုသို့နေထိုင်စဉ် ဇွန်လ၁၀ ရက်နေ့၌ မြေးဖြစ်သူမမခိုင်(အမည်လွှဲ)၁၁နှစ်၁၁လသမီးမှာဗိုက်ပူထွက်နေကြောင်းတွေရ၍မသင်္ကာသဖြင့် ညီမဖြစ်သူနှင့်အတူမြေးဖြစ်သူအားစစ်မေးပြီးဆေးရုံသို့သွားပြခဲ့ရာမြေးဖြစ်သူတွင်ကိုယ်ဝန်၅လခန့်ရှိနေရကြောင်းသိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍မြေးဖြစ်သူအာမေးမြန်းရာ၂၀၁၉ခုနှစ်၉လပိုင်းရက်မမှတ်မိညနေ ၆နာရီခန့်ကကျောင်းပိတ်ရက်ဖြစ်နေ၍နေအိမ်တွင်ဦးတင်မြင့်နှင့်နှစ်ဦးတည်းရှိနေစဉ်ဦးတင်မြင့်မှ“သမီး လာအုံး”ဟုခေါ်ပြီးဘယ်သူမှမပြောနဲ့ ပြောရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်၍ ပါးနမ်းကာ ထမီအားချွတ်ပြီး၊ ပြုကျင့်စဉ် ရုန်းကန်ထွက်ပြေးခဲ့ရာမှ နောက်ပိုင်းတွင် ခြိမ်းခြောက်ခံနေရသဖြင့် ပြန်မပြောဘဲ ငြိမ်နေခဲ့ကြောင်း၊

ယင်းအဖြစ်နောက်ပိုင်း ၃/၄ ရက်ခြား ၁ကြိမ် သားမယားပြုကျင့်ခံရကြောင်း ကိုယ်ဝန်ရှိသည်ကိုမသိသော်လည်း ဗိုက်တဖြည်းဖြည်း ဗိုက်ပူလာသည်ကို သတိထားမိကြောင်း၊ ၂၀၂၀ခု ဧပြီလ ရက်မမှတ်မိနေ့က နေအိမ်တွင်လူမရှိခိုက်ခြိမ်းခြောက်ပြီး

တစ်ကြိမ်ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် မြေးဖြစ်သူ ၁၀နှစ် ၁၁လ သမီးငယ်အား သားမယားပြုကျင့်ခဲ့သူ တင့်မြင့်အား ဥပဒေအရအရေးယူပေးပါရန် ဇွန်လ ၁၃ရက်နေ၌ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

မိဘအုပ်ထိန်းမှုအောက် မလွတ်ကင်းသေးသူကို သားမယားပြုကျင့် ကိုယ်ဝန်ရစေခဲ့သူ တင်မြင့်(၆၄)နှစ် အား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၁၃၁၈ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သတင်းရရှိပါတယ်။ ခရက်ဒစ် – ညီညီ(လှိုင်သာယာ)