႐ြာသူႀကီးက ေလးႏွစ္လုံး အဓမၼျပဳက်င့္ေနတာကို မိဘေတြကို မေျပာရဲလို႔ ကိုယ့္ကိုယ္ ကိုယ္ေသေၾကာင္းႀကံခဲ့တဲ့ ဆယ္တန္းေက်ာင္းသူေလး”
Zawgyi
ေလးႏွစ္လုံး အဓမၼျပဳက်င့္ခံေနရတာကို မိဘေတြကို မေျပာရဲလို႔ ကိုယ့္ကိုယ္ ကိုယ္ေသေၾကာင္းႀကံခဲ့တဲ့ ဆယ္တန္းေက်ာင္းသူေလး”
ဟို ပုံးၿမိဳ႕နယ္ရွိ လြယ္အြန္းေက်း႐ြာအုပ္စု ဝါဆို႔႐ြာတြင္ အသက္မျပည့္ေသးသည့္မိန္းခေလးတစ္ဦးကို ေလးႏွစ္လုံး ႐ြာသူႀကီးက အဓမၼျပဳက်င့္သည့္အတြက္မိဘျပန္မေျပာရဲပဲအရွက္ရ၍ မိမိကိုယ္ကိုယ္ ေပါင္းသတ္ေဆးေသာက္ၿပီး ေသေၾကာင္းႀကံစည္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို မိန္းကေလးသည္ တကၠသိုလ္ဝင္တန္းေျဖဆိုထားသူျဖစ္ၿပီး သူမ(၈)တန္းတက္သည့္ႏွစ္မွစ၍ ၎၏႐ြာသူႀကီး ဦးေက်ာ္လွ က ေလးႏွစ္တိုင္ အဓမၼျပဳက်င့္လာခဲ့သည္ကိုမိဘထံမေျပာရဲဘဲ ကိုယ့္ကိုယ္ကိုယ္ရွက္မိေသာေၾကာင့္ ေပါင္းသတ္ေဆးေသာက္ ေသေၾကာင္းႀကံစည္ရျခင္းမွ အျဖစ္မွန္သိရျခင္း ျဖစ္သည္။
က်ဴးလြန္သူ ႐ြာသူႀကီး ဦးေက်ာ္လွသည္ ထိုမိန္းခေလးကို အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ ခဲ့ေၾကာင္း၊ မိဘကိုျပန္ေျပာရင္ အကုန္သတ္မည္ဟုလည္း ၿခိမ္းေျခာက္ထားေၾကာင္း၊ ဦးေက်ာ္လွသည္ အိမ္ေထာင္သည္ျဖစ္ၿပီး သားသမီးလည္းရွိေၾကာင္း သိရသည္။
“ကြၽန္ေတာ့္ ညီမကို အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ ေတာ့မိဘကိုမေျပာရဲဘူး၊ အိမ္မျပန္လာဘူး သူ႔သူငယ္ခ်င္း အိမ္မွာ သြားအိပ္တယ္လို႔ေျပာတာေပါ့၊၃ ရက္ေန႔က ေပါင္းသတ္ေဆးေသာက္လိုက္တာ အဲခါသူဘာေၾကာင့္ေသာက္ရတယ္ဆိုတာေမးျမန္းမွသိရတယ္´´ဟု ထိုမိန္းခေလးအစ္ကိုျဖစ္သူ ခြန္ေဇာ္ေဌးကေျပာသည္။
ထိုမိန္းခေလးသည္ အိမ္မျပန္ရဲေတာ့ဘဲ ဇူလိုင္လ ၃ ရက္ကေပါင္း သတ္ေဆးေသာက္ ေသေၾကာင္းႀကံရာ သူ႔သူငယ္ခ်င္းက မိဘကိုအေၾကာင္း ၾကားၿပီး ေဆးထိုးေဆးေသာက္ေပမယ့္မသက္သာသည့့္အတြက္ ဇူလိုင္လ ၆ ရက္ေန႔တြင္ ေတာင္ႀကီး ၿမိဳ႕စဝ္စံထြန္းေဆး႐ုံသို႔ေဆးကုသမႈခံယူေၾကာင္းသိရသည္။
မိန္းကေလးကိုကူညီေဆာင္႐ြက္ေပးသူတစ္ဦးက“ ေကာင္မေလးက ရွစ္တန္း၊ ကိုးတန္း၊ ၿပီးေတာ့ဆယ္တန္းမွာႏွစ္ႏွစ္က်တယ္ အခုဆို ေလးႏွစ္ဆိုေတာ့ ေကာင္မေလးကရွက္လည္း ရွက္တယ္၊ရွက္တဲ့အ ခါေတာ့ ေပါင္းသတ္ေဆးေသာက္ႀကံစည္တာ၊ ႏို႔မို႔ဆို သူ႔မိဘ လည္း မသိဘူး၊ ေဆး႐ုံတင္တဲ့အခါမွ ဘယ္လိုျဖစ္တုန္း သူ႔အေမက ေခ်ာ့ေမးတဲ့အခါမွသူေျပာျပတာ၊ ”ဟု ဆိုသည္။
မိဘျဖစ္သူက သမီးကိုအဓမၼျပဳက်င့္ေၾကာင္း ဟိုပုံးရဲစခန္းတြင္အမႈဖြင့္တိုင္ၾကားထားၿပီး ဦးလွေက်ာ္ကို ဟိုပုံးရဲစခန္းတြင္ ဖမ္းဆီးထားလိုက္ေၾကာင္း မိန္းခေလးဖခင္ေျပာျပခ်က္အရသိရသည္။မိန္းကေလး၏မိဘမ်ားမွာ ပအိုဝ္းတိုင္းရင္းသားမ်ားျဖစ္ၿပီး ဗမာစကား ေျပာဆိုရာတြင္ အခက္အခဲရွိေၾကာင္း၊ အစိုးရတရား႐ုံးမ်ား၊ ရဲစခန္းမ်ား အတြင္းသြားလာေျပာဆိုရာတြင္လည္း အခက္အခဲရွိေၾကာင္း သိရသည္။ခရက္ဒစ္
Unicode
လေးနှစ်လုံး အဓမ္မပြုကျင့်ခံနေရတာကို မိဘတွေကို မပြောရဲလို့ ကိုယ့်ကိုယ် ကိုယ်သေကြောင်းကြံခဲ့တဲ့ ဆယ်တန်းကျောင်းသူလေး”
ဟို ပုံးမြို့နယ်ရှိ လွယ်အွန်းကျေးရွာအုပ်စု ဝါဆို့ရွာတွင် အသက်မပြည့်သေးသည့်မိန်းခလေးတစ်ဦးကို လေးနှစ်လုံး ရွာသူကြီးက အဓမ္မပြုကျင့်သည့်အတွက်မိဘပြန်မပြောရဲပဲအရှက်ရ၍ မိမိကိုယ်ကိုယ် ပေါင်းသတ်ဆေးသောက်ပြီး သေကြောင်းကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို မိန်းကလေးသည် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူဖြစ်ပြီး သူမ(၈)တန်းတက်သည့်နှစ်မှစ၍ ၎င်း၏ရွာသူကြီး ဦးကျော်လှ က လေးနှစ်တိုင် အဓမ္မပြုကျင့်လာခဲ့သည်ကိုမိဘထံမပြောရဲဘဲ ကိုယ့်ကိုယ်ကိုယ်ရှက်မိသောကြောင့် ပေါင်းသတ်ဆေးသောက် သေကြောင်းကြံစည်ရခြင်းမှ အဖြစ်မှန်သိရခြင်း ဖြစ်သည်။
ကျူးလွန်သူ ရွာသူကြီး ဦးကျော်လှသည် ထိုမိန်းခလေးကို အမျိုးမျိုးခြိမ်းခြောက် ခဲ့ကြောင်း၊ မိဘကိုပြန်ပြောရင် အကုန်သတ်မည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း၊ ဦးကျော်လှသည် အိမ်ထောင်သည်ဖြစ်ပြီး သားသမီးလည်းရှိကြောင်း သိရသည်။
“ကျွန်တော့် ညီမကို အမျိုးမျိုးခြိမ်းခြောက် တော့မိဘကိုမပြောရဲဘူး၊ အိမ်မပြန်လာဘူး သူ့သူငယ်ချင်း အိမ်မှာ သွားအိပ်တယ်လို့ပြောတာပေါ့၊၃ ရက်နေ့က ပေါင်းသတ်ဆေးသောက်လိုက်တာ အဲခါသူဘာကြောင့်သောက်ရတယ်ဆိုတာမေးမြန်းမှသိရတယ်´´ဟု ထိုမိန်းခလေးအစ်ကိုဖြစ်သူ ခွန်ဇော်ဌေးကပြောသည်။
ထိုမိန်းခလေးသည် အိမ်မပြန်ရဲတော့ဘဲ ဇူလိုင်လ ၃ ရက်ကပေါင်း သတ်ဆေးသောက် သေကြောင်းကြံရာ သူ့သူငယ်ချင်းက မိဘကိုအကြောင်း ကြားပြီး ဆေးထိုးဆေးသောက်ပေမယ့်မသက်သာသည့်အတွက် ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကြီး မြို့စဝ်စံထွန်းဆေးရုံသို့ဆေးကုသမှုခံယူကြောင်းသိရသည်။
မိန်းကလေးကိုကူညီဆောင်ရွက်ပေးသူတစ်ဦးက“ ကောင်မလေးက ရှစ်တန်း၊ ကိုးတန်း၊ ပြီးတော့ဆယ်တန်းမှာနှစ်နှစ်ကျတယ် အခုဆို လေးနှစ်ဆိုတော့ ကောင်မလေးကရှက်လည်း ရှက်တယ်၊ရှက်တဲ့အ ခါတော့ ပေါင်းသတ်ဆေးသောက်ကြံစည်တာ၊ နို့မို့ဆို သူ့မိဘ လည်း မသိဘူး၊ ဆေးရုံတင်တဲ့အခါမှ ဘယ်လိုဖြစ်တုန်း သူ့အမေက ချော့မေးတဲ့အခါမှသူပြောပြတာ၊ ”ဟု ဆိုသည်။
မိဘဖြစ်သူက သမီးကိုအဓမ္မပြုကျင့်ကြောင်း ဟိုပုံးရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထားပြီး ဦးလှကျော်ကို ဟိုပုံးရဲစခန်းတွင် ဖမ်းဆီးထားလိုက်ကြောင်း မိန်းခလေးဖခင်ပြောပြချက်အရသိရသည်။မိန်းကလေး၏မိဘများမှာ ပအိုဝ်းတိုင်းရင်းသားများဖြစ်ပြီး ဗမာစကား ပြောဆိုရာတွင် အခက်အခဲရှိကြောင်း၊ အစိုးရတရားရုံးများ၊ ရဲစခန်းများ အတွင်းသွားလာပြောဆိုရာတွင်လည်း အခက်အခဲရှိကြောင်း သိရသည်။ခရက်ဒစ်