တို႔ေဆးမိၿပီး သမိုင္း လမ္းဆုံ ကေန ပ်ဥ္းမနား ေရာက္သြားတဲ့ အမ်ိဳးသမီးႀကီး ရဲ႕ ကိုယ္ေတြ႕ျဖစ္ရပ္

Zawgyi

တို႔ေဆးမိၿပီး သမိုင္းလမ္းဆုံကေန ပ်ဥ္းမနားေရာက္သြား တဲ့ အမ်ိဳးသမီးႀကီး ရဲ႕ ကိုယ္ေတြ႕ျဖစ္ရပ္ လူျပန္ေတြ႕ၿပီး ေၾကာက္စရာ အျဖစ္ႀကဳံခဲ့ရ

ေမႀကီးေပ်ာက္ဆုံး ခဲ့စဥ္က ျဖစ္စဥ္ကို ရွင္းျပပါ့မယ္။ ေမႀကီးက ၂၀၁၉ခုႏွစ္ ၂လပိုင္း ၁၆ရက္ေန႔ညေနက သမိုင္းဘူတာေဈးမွေဈးဝယ္ၿပီး အိမ္သို႔အျပန္ နံပါတ္၁၅ကားေပၚမတက္ခင္မွာ အမ်ိဳးသမီးတစ္ဦးက ဒူးနာေနလို႔ သူ႔ကိုကားေပၚတြဲတင္ေပးဖို႔ အကူအညီေတာင္းပါတယ္။

 

ကားေပၚမွာ ေဘးခ်င္းက ပ္ေနရာရၿပီး သမိုင္းလမ္း ဆုံနားေလာက္အေရာက္မွာ ေမႀကီးကို “အစ္မ ေခါင္းမူးေနလား…ဒီမွာရႉေဆး”ဆိုၿပီး ႏွာေခါင္းနား ကို လက္ကလာၿပီးတို႔ပါတယ္။ ေမႀကီးက ခ်ိဳခ်ိဳ အီအီအနံ႔ႀကီးရလို႔ ခ်က္ခ်င္း တ္ထုတ္လိုက္ပါတယ္။ ဒါေပမယ့္ အဲ့ဒီ့ အခ်ိန္ ေနာက္ပိုင္းကစၿပီး ဘာျဖစ္ တယ္ဆိုတာကို မမွတ္မိပါဘူး။

ေနာက္ေန႔မ နက္ေဝလီေဝလင္းေလာက္မွာ ပ်ဥ္းမနား ဘူတာ႐ုံေရာက္ေနတယ္ဆိုၿပီး အနားက သူေတြလာႏႈိးမွ သတိဝင္လာပါတယ္။ ပ်ဥ္းမနားက ကန္ဦး မဟာစည္ဘုန္းႀကီးေက်ာင္းမွာ တည္းခိုၿပီး ၂၀၁၉ခုႏွစ္ ၂လပိုင္း ၂၂ရက္ေန႔မွာ အိမ္နဲ႔ အဆက္အသြယ္ ျပန္ရၿပီး ပ်ဥ္းမနားကေန ရန္ကုန္ေနအိမ္ ကို ျပန္ေရာက္ေနပါၿပီ။

ဖုန္းနဲ႔ ပိုက္ဆံ ၁သိန္းခြဲ နီးပါးပါသြားပါတယ္…လူေတာ့ဘာ ထိခိုက္ဒဏ္ရာမွမရွိပါဘူး…စိတ္ပူေပးၾကသူမ်ား၊ သတင္းေမးၾကသူမ်ား ကိုလည္း ေက်းဇူးတင္ပါတယ္။ခရက္ဒစ္

Unicode

တို့ဆေးမိပြီး သမိုင်းလမ်းဆုံကနေ ပျဉ်းမနားရောက်သွား တဲ့ အမျိုးသမီးကြီး ရဲ့ ကိုယ်တွေ့ဖြစ်ရပ် လူပြန်တွေ့ပြီး ကြောက်စရာ အဖြစ်ကြုံခဲ့ရ

မေကြီးပျောက်ဆုံး ခဲ့စဉ်က ဖြစ်စဉ်ကို ရှင်းပြပါ့မယ်။ မေကြီးက ၂၀၁၉ခုနှစ် ၂လပိုင်း ၁၆ရက်နေ့ညနေက သမိုင်းဘူတာဈေးမှဈေးဝယ်ပြီး အိမ်သို့အပြန် နံပါတ်၁၅ကားပေါ်မတက်ခင်မှာ အမျိုးသမီးတစ်ဦးက ဒူးနာနေလို့ သူ့ကိုကားပေါ်တွဲတင်ပေးဖို့ အကူအညီတောင်းပါတယ်။

ကားပေါ်မှာ ဘေးချင်းက ပ်နေရာရပြီး သမိုင်းလမ်း ဆုံနားလောက်အရောက်မှာ မေကြီးကို “အစ်မ ခေါင်းမူးနေလား…ဒီမှာရှူဆေး”ဆိုပြီး နှာခေါင်းနား ကို လက်ကလာပြီးတို့ပါတယ်။ မေကြီးက ချိုချို အီအီအနံ့ကြီးရလို့ ချက်ချင်း တ်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့ အချိန် နောက်ပိုင်းကစပြီး ဘာဖြစ် တယ်ဆိုတာကို မမှတ်မိပါဘူး။

နောက်နေ့မ နက်ဝေလီဝေလင်းလောက်မှာ ပျဉ်းမနား ဘူတာရုံရောက်နေတယ်ဆိုပြီး အနားက သူတွေလာနှိုးမှ သတိဝင်လာပါတယ်။ ပျဉ်းမနားက ကန်ဦး မဟာစည်ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး ၂၀၁၉ခုနှစ် ၂လပိုင်း ၂၂ရက်နေ့မှာ အိမ်နဲ့ အဆက်အသွယ် ပြန်ရပြီး ပျဉ်းမနားကနေ ရန်ကုန်နေအိမ် ကို ပြန်ရောက်နေပါပြီ။

ဖုန်းနဲ့ ပိုက်ဆံ ၁သိန်းခွဲ နီးပါးပါသွားပါတယ်…လူတော့ဘာ ထိခိုက်ဒဏ်ရာမှမရှိပါဘူး…စိတ်ပူပေးကြသူများ၊ သတင်းမေးကြသူများ ကိုလည်း ကျေးဇူးတင်ပါတယ်။ခရက်ဒစ်