၇ရက္သားသမီးမ်ား တစ္ပတ္စာ ေဟာစာတမ္း 25.7.2020 မွ 31.7.2020အထိ
Zawgyi
၇ရက္သားသမီးမ်ား တစ္ပတ္စာ ေဟာစာတမ္း 25.7.2020 မွ 31.7.2020အထိ
တနဂၤေႏြ
ယခုကာလတြင္ ေမွ်ာ္လင့္ မထားေသာ အေၾကာင္းအရာတစ္ခု ျဖစ္ေပၚတတ္ပါသည္။ထင္ထားတာေတြ မျဖစ္ဘဲ မထင္တာေတြ ျဖစ္ေနတတ္သည္။အလုပ္ေနရာ၊ အိမ္ေနရာမ်ား အေျပာင္းအလဲ ရွိတတ္ ပါသည္။ မေရာက္ဖူး ေသးေသာ ၊ မသြားဖူးေသးေသာ ေဒသတစ္ခုသို႔ သြားေရာက္ လည္ပတ္ ရတတ္ သည္။
မိမိလုပ္ေနေသာ အလုပ္ႏွင့္ ပတ္သက္၍ စိတ္ပင္ပန္းမႈမ်ား ျဖစ္ေန တတ္သည္။ မိတ္ေကာင္း၊ ေဆြေကာင္းမ်ားႏွင့္ ပူးေပါင္း လုပ္ကိုင္ျခင္းမွ ခြဲထြက္၍ တစ္ဦးတည္း လုပ္ကိုင္ရတတ္ပါသည္။ထီေပါက္ကိန္းလည္း ရွိေန ပါသည္။
ထီႀကီး ထိုးေပးပါ။ အ႐ိုး၊ အေၾကာႏွင့္ ပတ္သက္ေသာ ေရာဂါေဝဒနာ မ်ား ဂ႐ုစိုက္ပါ။ သားသမီးမ်ားႏွင့္ ပတ္သက္၍ အနည္းငယ္ပူပန္ရတတ္သည္။မိမိ၏ အထားမွားေပ်ာက္ဆုံးေနေသာ လက္ဝတ္ ရတနာမ်ား မေမွ်ာ္လင့္ဘဲ ျပန္ရတတ္ပါသည္။ လက္လြန္ ထားေသာ ေငြေၾကးမ်ား မေမွ်ာ္လင့္ဘဲ ျပန္ရႏိုင္ ပါသည္။
ခိုင္မာေသာ စီးပြားေရး တစ္ခုကို စတင္ ရင္းႏွီးျမႇပ္ ႏွံပါ။ ဝန္ထမ္းမ်ား လက္ရွိ အလုပ္၌ စိတ္ဝင္စားမႈနည္းၿပီး အလုပ္ေျပာင္းလို စိတ္ေပၚေန မည္။ အိမ္ေထာင္ေရး မွာေတာ့ မိမိ ကိုယ္တိုင္စန္းပြင့္ေန တတ္သည္။အိမ္ေထာင္ဘက္ အထင္လြဲစရာေတြေရွာင္ရွား လိုက္ပါ။
အခ်စ္ေရး ကံအားရစရာ ေကာင္းပါတယ္။ ခ်စ္သူဆီက မိမိလိုအပ္ေနတဲ့ လက္ေဆာင္ေကာင္းေတြ ရတတ္ ပါတယ္။ပညာေရးမွာေတာ့ အေဝး သင္ဆိုတာ မ်ိဳးေကာင္းေန ခ်ိန္ျဖစ္ေတာ့ အြန္လိုင္း ကေနတဆင့္ပညာေတြရ လာတတ္ ပါတယ္။အက်ိဳးေပးဂဏန္း ၁/၅/၉ အထူးေဟာ ကံအေကာင္း အဆိုးမွ်ေန ပါတယ္။ ယၾတာ ပန္းတိမ္ငို ပန္းဘုရား ကပ္လႉပါ။
တနလၤာ
ယခုကာလ အတြင္း ေငြေၾကးစီးပြားမ်ား ရွာေဖြ ရလြယ္ကူ လာရ တတ္သည္။ မိမိဘဝအတြက္ အက်ိဳးေပးေသာ အခ်ိန္ကာလမ်ား ျဖစ္သည့္ အတြက္ေၾကာင့္ လုံ႔လဝီရိယ စိုက္ထုတ္ထားေသာဝီရိယ စြမ္းအား အေလ်ာက္ အေကာင္း ဆုံးေသာ အက်ိဳးေက်းဇူး မ်ားကို ခံစား ရမည္။
လက္ရွိအေျခ အေနထက္ ပိုေသာ စီးပြားတတ္ေပ လိမ့္မည္။ မိမိအား ျပႆနာလုပ္သူမ်ားရွိလွ်င္ ျပန္၍ အဆင္ေျပ သြားပါ လိမ့္မည္။စီးပြားဥစၥာတိုးတတ္ ျခင္းမ်ားႏွင့္လည္း ႀကဳံေတြ႕ေန ရသျဖင့္ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္မႈမ်ား ရရွိတတ္ပါသည္။ မိတ္ေကာင္းေဆြေကာင္း အေပါင္းအသင္းေပါ မ်ား၍ လူခ်စ္ လူခင္လည္း မ်ားေနရတတ္ ပါသည္။
အလႉႀကီးအတန္းႀကီးမ်ား ျပဳလုပ္ ေပးလႉရျခင္း၊ ခရီးေဝးမ်ား သြားလာရျခင္း မ်ား ႀကဳံေတြ႕ရတတ္ပါသည္။ တန္ဖိုး ရွိေသာ သတင္းစကား ေကာင္းမ်ား ၊ အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ား အထူး ဝင္ကိန္း ရွိေန ပါသည္။ယခုကာလ အတြင္း အပ်ိဳ၊ လူပ်ိဳ၊ အိမ္ေထာင္မရွိသူ လူလြတ္မ်ား အိမ္ေထာင္က်ကိန္း ရွိေနပါသည္။
လူမ်ိဳးျခား၊ ႏိုင္ငံျခားသားႏွင့္ ပတ္သက္ေသာကိစၥမ်ား အထူးအက်ိဳးေပးမည္။ပညာေရးကိစၥမ်ား၊ သင္တန္းကိစၥမ်ား မၾကာခဏ စိတ္ညစ္ေနရ တတ္သည္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ အကူအညီ ေတြအမ်ားႀကီး ရလာတဲ့ေန႔ရက္ေတြ ပါပဲ။
အက်ိဳးေပးဂဏန္း ၂/၃/၆ အထူးေဟာ လုပ္ငန္းစီးပြားသိသာစြာ တိုးတတ္မည္။ ယၾတာ ေခ်ာင္းဆိုးေပ်ာက္ေဆးမိတ္ေဆြ တစ္ဦးကို လက္ေဆာင္ေပး လိုက္ပါ။
အဂၤါ
ယခုကာလအတြင္း ‘’အလႉႀကီးေပးလွ်င္ သူေဌးျဖစ္’’ဆိုတဲ့စကားပုံလိုပဲ လႉခ်င္တန္းခ်င္တာေတြရွိရင္ ဒီကာလမွာ လႉဒါန္းျခင္းျဖင့္ ကံေကာင္းျခင္းေတြ တြဲပါလာ တတ္ပါ တယ္။လူခ်စ္၊ လူခင္ေပါမ်ားေသာ အခ်ိန္ကာလ ျဖစ္ပါသည္။
အဆင္မေျပသူမ်ား၊ မသင့္ျမတ္သူမ်ားႏွင့္ ျပန္လည္အဆင္ေျပ သင့္ျမတ္ သြားမည္။ရပ္ေဝးေျမျခား ႏိုင္ငံရပ္ျခားႏွင့္ ပတ္သက္ ဆက္ႏြယ္ေသာ ကိစၥမ်ား အက်ိဳးေပးေအာင္ျမင္မည္။ မိမိဝန္ထမ္းအတြက္ ျပႆနာမ်ား ေျဖရွင္းရ တတ္သည္။
ဆီး၊ မ်က္စိေရာဂါႏွင့္ အစာမွား၊ ေဆးမွားႀကဳံ၍ ေဆး႐ုံ၊ ေဆးခန္း ေရာက္ရတတ္ပါသည္။ လက္ရွိအလုပ္အကိုင္ အေပၚ စိတ္ဝင္စားမႈ အားနည္းၿပီး အလုပ္ေျပာင္းလို စိတ္မ်ား ေပၚတတ္သည္။စာ႐ြက္၊ စာတမ္း၊ စာရင္းအင္းကိစၥမ်ား ေျဖရွင္းရတတ္ ပါသည္။
လခစားဝန္ထမ္းဆိုပစ္စာ၊ တိုင္စာမ်ား ရတတ္ ပါသည္။အနီးအနား တြင္ နတ္ကေသာ နိမိတ္၊ အိပ္မက္ထဲတြင္ နဂါး၊ ေႁမြေတြ႕ျမင္ရေသာ္ ထီကို ထိုးျဖစ္ေအာင္ ထိုးလိုက္ပါ။ လုပ္ငန္း စီးပြားမ်ား တိုးခ်ဲ႕လုပ္ကိုင္ပါက ဒီကာလမွာစတင္လုပ္ကိုင္ သင့္သည္။
မိမိအတြက္ အက်ိဳးေပးေသာ ပညာရပ္တစ္ခု သင္ယူခြင့္ ရရွိ ပါလိမ့္မယ္။ ေသခ်ာက်နစြာသင္ယူပါ။အခ်စ္ေရး မွာေတာ့ လက္ရွိခ်စ္သူ အျပင္ တတိယ လူေပၚလာ တတ္ပါတယ္။
အိမ္ေထာင္ေရး သာယာ အဆင္ေျပဖို႔ က ငယ္က်ိဳးငယ္ နာေတြျပန္ေဖာ္ၿပီးေျပာဆိုျခင္းေရွာင္ လိုက္ပါ။အက်ိဳးေပးဂဏန္း ၄/၇/၀ အထူးေဟာ အလုပ္အေပၚစိတ္ ႏွစ္ရခက္ ခဲေနတတ္ ပါတယ္။ ယၾတာ နံျပားယိုသုပ္ ဘုရားကပ္လႉေပးပါ။
ဗုဒၶဟူး/ရာဟု
ယခုကာလအတြင္း အိမ္ေရာင္းျခင္း၊အိမ္ဝယ္ျခင္းမ်ား မျပဳလုပ္ ပါႏွင့္ဦး။ မိမိကို ႏိုင္ငံျခား မွ ျပန္လာေသာ မိတ္ေဆြတစ္ေယာက္က တန္ဖိုးရွိတဲ့ လက္ေဆာင္ေတြေပး ပါလိမ့္မယ္။႐ုတ္တရက္ ခရီးေဝးမ်ား သြား လာရတတ္ ပါသည္။ ေကာင္းေသာ ခရီး၊ အက်ိဳးရွိေသာ ခရီးေကာင္းမ်ား ျဖစ္ေနရ တတ္ပါသည္။
ေငြေၾကးရွာေဖြရ လြယ္ကူေသာ ကာလျဖစ္ေသာေၾကာင့္ ယခုကာလ အတြင္း ရင္းႏွီးျမဳတ္ႏွံျခင္းမ်ား ျပဳလုပ္ပါက အက်ိဳးခံစားခြင့္ မ်ားစြာ ရရွိႏိုင္ ပါလိမ့္မည္။
လုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္ ပါက ကံေကာင္းတတ္ ပါသည္။ လူပ်ိဳ၊ လူလြတ္မ်ားလည္း အိမ္ေထာင္တစ္ခုကို တည္ေထာင္ရန္ တိုင္ပင္ေဆြးေႏြးသင့္တဲ့ ကာလ တစ္ခုျဖစ္ေနပါသည္။
မိတ္ေဆြေကာင္းမ်ားႏွင့္ ေတြ႕ရမည္။ လက္ရွိ အလုပ္ထက္ေကာင္းေသာ အလုပ္သို႔ေျပာင္း ရန္ အခြင့္အေရးေကာင္းမ်ား ေပၚထြန္းမည္။ဆယ္ေက်ာ္သက္မ်ား၊ တစ္ကိုယ္ရည္လူလြတ္မ်ား ဦးတည္ေဆာင္႐ြက္ ထားေသာ ကိစၥမွန္သမွ် ေအာင္ျမင္မည္။ က်န္းမာေရးအေနနဲ႔ တြင္းေအာင္း သားေတြ မစားပါနဲ႔။
အေရျပားေပၚ အနာေပါက္ျခင္း၊ ယားယံျခင္ းမ်ားႀကဳံလြယ္တဲ့ ကာလမို႔ပါပဲ။ ခ်စ္သူမရွိေသးသူမ်ား ရည္႐ြယ္ထားသူ၏ စိမ္းကားတဲ့ စကားေၾကာင့္ စိတ္ပ်က္ဝမ္းနည္းရ မည္။
အိမ္ေထာင္ေရး အညံ့အဆိုးမ်ားေန တတ္ပါ တယ္။ ပညာေရးနဲ ႔ပက္သက္ေသာ အကူအညီေကာင္းေတြရ လာပါ လိမ့္ မယ္။အက်ိဳးေပးဂဏန္း ၁/၅/၈ အထူးေဟာ က်န္းမာေရးဂ႐ုစိုက္ေစ ခ်င္ပါ တယ္။ ယၾတာ ထမင္းေၾကာ္တစ္ပြဲ ဘုရားကပ္လႉ လိုက္ပါ။
ၾကာသပေတး
ယခုကာလအတြင္း ျပႆနာအခက္အခဲ၊ အတိုက္အခံမ်ား ရွိေသာ္လည္း ေအာင္ျမင္မႈမ်ား ပိုင္ဆိုင္ခြင့္ရရွိ မည္။ မိမိအား အတိုက္အခံ ရန္လုပ္ေနေသာသူမ်ားက မိမိကို ပုခုံးေပၚ တင္ထားရေသာ အခ်ိန္ကာလျဖစ္ပါသည္။မိမိအတြက္ လက္ရွိလုပ္ေနေသာ လုပ္ငန္းမ်ားအျပင္ လုပ္ငန္းသစ္မ်ားပါ ပူးတြဲ၍ လုပ္ကိုင္ေနရတတ္သည္။
ခိုင္မာ ေသာ အလုပ္တစ္ခုကို ရင္းႏွီးျမဳပ္ႏွံထားပါ။ေ႐ြ႕လွ်ားေျပာင္းလဲမႈမွ ေကာင္းေသာအက်ိဳးဆက္ရမည္။ မိမိဆႏၵႏွင့္ စိတ္ခံစားမႈတို႔ကို ဦးစားေပး၍မရ၊ ျဖစ္ေပၚ ေနေသာ အေၾကာင္းအရာ အခ်က္အလက္တို႔ကို လက္ေတြ႕က်က် သုံးသပ္၍
အဆင့္ျမင့္တတ္လမ္းမ်ား ဖန္တီးႏိုင္ မည္။ နားလည္မႈ ရွိေသာ ခ်စ္သူကို အထင္အျမင္လြဲမွားေနျခင္း ျဖစ္လိမ့္မည္။ ခ်စ္သူမရွိေသးသူမ်ား ဝိုင္းဝိုင္း လည္ေနေသာ ရည္႐ြယ္ ထားသူ အတြက္ ရတတ္ မေအးျဖစ္ေနရမည္။
အိမ္ေထာက္ဖက္ေၾကာင့္ စီးပြားတတ္ေသာ္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ တက်က္က်က္ျဖစ္ေနတတ္ပါတယ္။ ပညာေရး ေနာက္ေကာ က္က်ေ နမည္။ ဝီရိယ ထားႀကိဳးစားမွ အဆင္ေျပေအာင္ျမင္ တတ္ပါတယ္။
က်န္းမာေရးနဲ႔ပက္ သတ္ၿပီးထူးထူးျခားျခားေကာင္းမည္။ နာတာရွည္ျဖစ္ေနသူမ်ားေတာင္ နလန္ျပန္ထူႏိုင္တဲ့ကာလပါပဲ။ အက်ိဳးေပးဂဏန္း ၅/၆/၉ အထူးေဟာ ကံျမင့္မားေနမည္။ ယၾတာ သၾကားျဖဴးစားရေသာမုန႔္တစ္မ်ိဳးမ်ိဳးဘုရားကပ္လႉပါ။
ေသာၾကာ
ယခုကာလတြင္ မိမိလုပ္ငန္းမ်ားကို အစြမ္းကုန္ အင္ႏွင့္အားႏွင့္ တိုးခ်ဲ႕လုပ္ကိုင္သင့္ေသာ အခ်ိန္ကာလ ျဖစ္ေပသည္။ သို႔ေသာ္ ျဖတ္လမ္းနည္း မလိုက္ရန္ သတိေပးလိုပါသည္။မိမိ၏ကံမွာ အလြန္အေရး ႀကီးေသာ အခ်ိန္ အပိုင္းအျခားသို႔ ေရာက္ရွိေနေသာေၾကာင့္ အေရးႀကီးေသာ ကံကို ထိန္းသိမ္းထားရန္ လိုေပသည္။
ယခုအခ်ိန္တြင္ မထိန္းသိမ္းႏိုင္ပါက ေနာက္ပိုင္း အခ်ိန္ကာလမ်ားသို႔ ေရာက္ရွိခ်ိန္တြင္ စီးပြား ပ်က္ျခင္း၊ အိမ္ေထာင္ေရး အဆင္မေျပ ျခင္းမ်ိဳး ႀကဳံရ တတ္ပါ သည္။ ကားစီးလွ်င္ သတိျပဳပါ။
ပစၥည္းတစ္ခုခုေမ့က်န္ၿပီး ျပန္မရျဖစ္တတ္သည္။ အိမ္ေထာင္ရွင္မ်ား အိမ္ေထာင္ေရးအတြက္ စိတ္ပူပင္ေသာက ေရာက္ျခင္းမ်ား ျဖစ္တတ္ေသာ ကာ လျဖစ္ သည္။ က်န္းမာေရး သတိထားရမည့္ ကာလျဖစ္ပါသည္။
ဆီးေရာဂါ၊ မ်က္စိေရာဂါမ်ား ဒုကၡေပးျခင္း၊ ဥပါဒ္ေပးျခင္းမ်ား၊ အစာမွား၊ ေဆးမွားျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါသည္။ အတူေနေသာ မိသားစုမ်ားထဲမွ အႀကီးအကဲ က်န္းမာေရး ညံ့တတ္ေသာ ေၾကာင့္ အျခားေနရာ သို႔ ခဏေ႐ႊ႕ထား လိုက္ပါ။
အခ်စ္ေရးမွာေတာ့ ခ်စ္သူ စုံတြဲမ်ားခ်စ္ခင္မႈပိုလာႏိုင္သလို ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူရဖို႔အေၾကာင္းဖန္လာတတ္ပါတယ္။ ပညာေရး အထူးေကာင္းမြန္ တဲ့အခ်ိန္ ပါပဲ။
အက်ိဳးေပးဂဏန္း ၃/၆/၇ အထူးေဟာ စန္းအားေကာင္းေနမည္။ ယၾတာ ႏွင္းဆီပန္း ၇ပြင့္ဘုရားကပ္လႉလိုက္ပါ။
စေန
ယခုကာလအတြင္း မိမိသည္ ဝန္ထမ္း ျဖစ္ေနပါက ရာထူးတတ္ျခင္း၊ အေျခအေနျမင့္တတ္ျခင္းမ်ား ႀကဳံေတြ႕ ရမည္။ မိမိအား အတိုက္အခံ၊ အၿပိဳင္အဆိုင္ လုပ္ေနသူမ်ား ရွိေနပါကထိုသူမ်ားႏွင့္ ျပန္လည္၍ အဆင္ေျပသြား တတ္ပါသည္။ သဘာဝအႏၲရာယ္ႏွင့္ေတြ႕ရတတ္၍ ဆုံးရႈံးနစ္နာစရာမ်ားႀကဳံမည္။
မိမိ၏ လက္ေအာက္ ငယ္သားမ်ား၊ သားသမီးမ်ားအတြက္ စိတ္ပူပင္ရတတ္သည္။ေဆြမ်ိဳးသားခ်င္းမ်ားကို ကူညီေထာက္ပံ့ ေပးကမ္းႏိုင္ပါလိမ့္မည္။ မဂၤလာကိစၥမ်ားကို ဦးေဆာင္ရမည္။ ျပႆနာအခက္အခဲမ်ားထိပ္တိုက္ေတြ႕မည္။ စတ င္ေဆာင္႐ြက္ေ သာကိစၥမ်ားမွ ေကာင္းေသာအက်ိဳးဆက္မ်ား ရရွိမည္။
ကတိစကားခိုင္ ၿမဲမည္။ အိမ္ေထာင္ဘက္ရဲ႕ခ်စ္ခင္ၾကင္နာမႈေတြေၾကာင့္ အိမ္ေထာင္ရွင္မ်ား ေက်နပ္ေနမယ္။ ခ်စ္သူမ်ားအတြက္ သံသယ အေတြးမ်ားေ ၾကာင့္ စိတ္ဘဝင္ မက်ျဖစ္ေနရ တတ္သည္။
တစ္ခုခုအျမင္မၾကည္တာရွိရင္ ေျဗာင္ဖြင့္ေမးလိုက္တာအေကာင္းဆုံးပါပဲ။စပ္တူအလုပ္မ်ား ျပႆနာ ႀကီးမားမည္ကို စိုးရိမ္၍ ထိန္းခ်ဳပ္ ကြယ္ဝွက္ျခင္းေၾကာင့္ ျပႆနာအသစ္မ်ား ထပ္ဆင့္ေပၚေပါက္ကာ
ေျဖရွင္းရန္ ျပႆနာမ်ား တိုးပြားလာမည္။က်န္းမာေရး အားနည္းယုတ္ေလ်ာ့လာတတ္ပါတယ္။ မိုးမိမခံသင့္တဲ့ေန႔ရက္ေတြပါပဲ။ ပညာေရးမွာ ကိုယ္တိုင္က စိတ္မပါသလိုျဖစ္ေနတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၁/၈/၇ အထူးေဟာ ကံအညံ့ေတြမ်ားေနတတ္ပါတယ္။ ယၾတာ ရဟန္းတစ္ပါးကိုလြယ္အိတ္ လႉဒါန္းေပးပါ။
၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ ။ ခရက္ဒစ္
Unicode
၇ရက်သားသမီးများ တစ်ပတ်စာ ဟောစာတမ်း 25.7.2020 မှ 31.7.2020အထိ
တနင်္ဂနွေ
ယခုကာလတွင် မျှော်လင့် မထားသော အကြောင်းအရာတစ်ခု ဖြစ်ပေါ်တတ်ပါသည်။ထင်ထားတာတွေ မဖြစ်ဘဲ မထင်တာတွေ ဖြစ်နေတတ်သည်။အလုပ်နေရာ၊ အိမ်နေရာများ အပြောင်းအလဲ ရှိတတ် ပါသည်။ မရောက်ဖူး သေးသော ၊ မသွားဖူးသေးသော ဒေသတစ်ခုသို့ သွားရောက် လည်ပတ် ရတတ် သည်။
မိမိလုပ်နေသော အလုပ်နှင့် ပတ်သက်၍ စိတ်ပင်ပန်းမှုများ ဖြစ်နေ တတ်သည်။ မိတ်ကောင်း၊ ဆွေကောင်းများနှင့် ပူးပေါင်း လုပ်ကိုင်ခြင်းမှ ခွဲထွက်၍ တစ်ဦးတည်း လုပ်ကိုင်ရတတ်ပါသည်။ထီပေါက်ကိန်းလည်း ရှိနေ ပါသည်။
ထီကြီး ထိုးပေးပါ။ အရိုး၊ အကြောနှင့် ပတ်သက်သော ရောဂါဝေဒနာ များ ဂရုစိုက်ပါ။ သားသမီးများနှင့် ပတ်သက်၍ အနည်းငယ်ပူပန်ရတတ်သည်။မိမိ၏ အထားမှားပျောက်ဆုံးနေသော လက်ဝတ် ရတနာများ မမျှော်လင့်ဘဲ ပြန်ရတတ်ပါသည်။ လက်လွန် ထားသော ငွေကြေးများ မမျှော်လင့်ဘဲ ပြန်ရနိုင် ပါသည်။
ခိုင်မာသော စီးပွားရေး တစ်ခုကို စတင် ရင်းနှီးမြှပ် နှံပါ။ ဝန်ထမ်းများ လက်ရှိ အလုပ်၌ စိတ်ဝင်စားမှုနည်းပြီး အလုပ်ပြောင်းလို စိတ်ပေါ်နေ မည်။ အိမ်ထောင်ရေး မှာတော့ မိမိ ကိုယ်တိုင်စန်းပွင့်နေ တတ်သည်။အိမ်ထောင်ဘက် အထင်လွဲစရာတွေရှောင်ရှား လိုက်ပါ။
အချစ်ရေး ကံအားရစရာ ကောင်းပါတယ်။ ချစ်သူဆီက မိမိလိုအပ်နေတဲ့ လက်ဆောင်ကောင်းတွေ ရတတ် ပါတယ်။ပညာရေးမှာတော့ အဝေး သင်ဆိုတာ မျိုးကောင်းနေ ချိန်ဖြစ်တော့ အွန်လိုင်း ကနေတဆင့်ပညာတွေရ လာတတ် ပါတယ်။အကျိုးပေးဂဏန်း ၁/၅/၉ အထူးဟော ကံအကောင်း အဆိုးမျှနေ ပါတယ်။ ယတြာ ပန်းတိမ်ငို ပန်းဘုရား ကပ်လှူပါ။
တနင်္လာ
ယခုကာလ အတွင်း ငွေကြေးစီးပွားများ ရှာဖွေ ရလွယ်ကူ လာရ တတ်သည်။ မိမိဘဝအတွက် အကျိုးပေးသော အချိန်ကာလများ ဖြစ်သည့် အတွက်ကြောင့် လုံ့လဝီရိယ စိုက်ထုတ်ထားသောဝီရိယ စွမ်းအား အလျောက် အကောင်း ဆုံးသော အကျိုးကျေးဇူး များကို ခံစား ရမည်။
လက်ရှိအခြေ အနေထက် ပိုသော စီးပွားတတ်ပေ လိမ့်မည်။ မိမိအား ပြဿနာလုပ်သူများရှိလျှင် ပြန်၍ အဆင်ပြေ သွားပါ လိမ့်မည်။စီးပွားဥစ္စာတိုးတတ် ခြင်းများနှင့်လည်း ကြုံတွေ့နေ ရသဖြင့် စိတ်ချမ်းသာ ပျော်ရွှင်မှုများ ရရှိတတ်ပါသည်။ မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းပေါ များ၍ လူချစ် လူခင်လည်း များနေရတတ် ပါသည်။
အလှူကြီးအတန်းကြီးများ ပြုလုပ် ပေးလှူရခြင်း၊ ခရီးဝေးများ သွားလာရခြင်း များ ကြုံတွေ့ရတတ်ပါသည်။ တန်ဖိုး ရှိသော သတင်းစကား ကောင်းများ ၊ အဖိုးတန် ကျောက်မျက်ရတနာများ အထူး ဝင်ကိန်း ရှိနေ ပါသည်။ယခုကာလ အတွင်း အပျို၊ လူပျို၊ အိမ်ထောင်မရှိသူ လူလွတ်များ အိမ်ထောင်ကျကိန်း ရှိနေပါသည်။
လူမျိုးခြား၊ နိုင်ငံခြားသားနှင့် ပတ်သက်သောကိစ္စများ အထူးအကျိုးပေးမည်။ပညာရေးကိစ္စများ၊ သင်တန်းကိစ္စများ မကြာခဏ စိတ်ညစ်နေရ တတ်သည်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ အကူအညီ တွေအများကြီး ရလာတဲ့နေ့ရက်တွေ ပါပဲ။
အကျိုးပေးဂဏန်း ၂/၃/၆ အထူးဟော လုပ်ငန်းစီးပွားသိသာစွာ တိုးတတ်မည်။ ယတြာ ချောင်းဆိုးပျောက်ဆေးမိတ်ဆွေ တစ်ဦးကို လက်ဆောင်ပေး လိုက်ပါ။
အင်္ဂါ
ယခုကာလအတွင်း ‘’အလှူကြီးပေးလျှင် သူဌေးဖြစ်’’ဆိုတဲ့စကားပုံလိုပဲ လှူချင်တန်းချင်တာတွေရှိရင် ဒီကာလမှာ လှူဒါန်းခြင်းဖြင့် ကံကောင်းခြင်းတွေ တွဲပါလာ တတ်ပါ တယ်။လူချစ်၊ လူခင်ပေါများသော အချိန်ကာလ ဖြစ်ပါသည်။
အဆင်မပြေသူများ၊ မသင့်မြတ်သူများနှင့် ပြန်လည်အဆင်ပြေ သင့်မြတ် သွားမည်။ရပ်ဝေးမြေခြား နိုင်ငံရပ်ခြားနှင့် ပတ်သက် ဆက်နွယ်သော ကိစ္စများ အကျိုးပေးအောင်မြင်မည်။ မိမိဝန်ထမ်းအတွက် ပြဿနာများ ဖြေရှင်းရ တတ်သည်။
ဆီး၊ မျက်စိရောဂါနှင့် အစာမှား၊ ဆေးမှားကြုံ၍ ဆေးရုံ၊ ဆေးခန်း ရောက်ရတတ်ပါသည်။ လက်ရှိအလုပ်အကိုင် အပေါ် စိတ်ဝင်စားမှု အားနည်းပြီး အလုပ်ပြောင်းလို စိတ်များ ပေါ်တတ်သည်။စာရွက်၊ စာတမ်း၊ စာရင်းအင်းကိစ္စများ ဖြေရှင်းရတတ် ပါသည်။
လခစားဝန်ထမ်းဆိုပစ်စာ၊ တိုင်စာများ ရတတ် ပါသည်။အနီးအနား တွင် နတ်ကသော နိမိတ်၊ အိပ်မက်ထဲတွင် နဂါး၊ မြွေတွေ့မြင်ရသော် ထီကို ထိုးဖြစ်အောင် ထိုးလိုက်ပါ။ လုပ်ငန်း စီးပွားများ တိုးချဲ့လုပ်ကိုင်ပါက ဒီကာလမှာစတင်လုပ်ကိုင် သင့်သည်။
မိမိအတွက် အကျိုးပေးသော ပညာရပ်တစ်ခု သင်ယူခွင့် ရရှိ ပါလိမ့်မယ်။ သေချာကျနစွာသင်ယူပါ။အချစ်ရေး မှာတော့ လက်ရှိချစ်သူ အပြင် တတိယ လူပေါ်လာ တတ်ပါတယ်။
အိမ်ထောင်ရေး သာယာ အဆင်ပြေဖို့ က ငယ်ကျိုးငယ် နာတွေပြန်ဖော်ပြီးပြောဆိုခြင်းရှောင် လိုက်ပါ။အကျိုးပေးဂဏန်း ၄/၇/၀ အထူးဟော အလုပ်အပေါ်စိတ် နှစ်ရခက် ခဲနေတတ် ပါတယ်။ ယတြာ နံပြားယိုသုပ် ဘုရားကပ်လှူပေးပါ။
ဗုဒ္ဓဟူး/ရာဟု
ယခုကာလအတွင်း အိမ်ရောင်းခြင်း၊အိမ်ဝယ်ခြင်းများ မပြုလုပ် ပါနှင့်ဦး။ မိမိကို နိုင်ငံခြား မှ ပြန်လာသော မိတ်ဆွေတစ်ယောက်က တန်ဖိုးရှိတဲ့ လက်ဆောင်တွေပေး ပါလိမ့်မယ်။ရုတ်တရက် ခရီးဝေးများ သွား လာရတတ် ပါသည်။ ကောင်းသော ခရီး၊ အကျိုးရှိသော ခရီးကောင်းများ ဖြစ်နေရ တတ်ပါသည်။
ငွေကြေးရှာဖွေရ လွယ်ကူသော ကာလဖြစ်သောကြောင့် ယခုကာလ အတွင်း ရင်းနှီးမြုတ်နှံခြင်းများ ပြုလုပ်ပါက အကျိုးခံစားခွင့် များစွာ ရရှိနိုင် ပါလိမ့်မည်။
လုပ်ငန်းများ တိုးချဲ့လုပ်ကိုင် ပါက ကံကောင်းတတ် ပါသည်။ လူပျို၊ လူလွတ်များလည်း အိမ်ထောင်တစ်ခုကို တည်ထောင်ရန် တိုင်ပင်ဆွေးနွေးသင့်တဲ့ ကာလ တစ်ခုဖြစ်နေပါသည်။
မိတ်ဆွေကောင်းများနှင့် တွေ့ရမည်။ လက်ရှိ အလုပ်ထက်ကောင်းသော အလုပ်သို့ပြောင်း ရန် အခွင့်အရေးကောင်းများ ပေါ်ထွန်းမည်။ဆယ်ကျော်သက်များ၊ တစ်ကိုယ်ရည်လူလွတ်များ ဦးတည်ဆောင်ရွက် ထားသော ကိစ္စမှန်သမျှ အောင်မြင်မည်။ ကျန်းမာရေးအနေနဲ့ တွင်းအောင်း သားတွေ မစားပါနဲ့။
အရေပြားပေါ် အနာပေါက်ခြင်း၊ ယားယံခြင် းများကြုံလွယ်တဲ့ ကာလမို့ပါပဲ။ ချစ်သူမရှိသေးသူများ ရည်ရွယ်ထားသူ၏ စိမ်းကားတဲ့ စကားကြောင့် စိတ်ပျက်ဝမ်းနည်းရ မည်။
အိမ်ထောင်ရေး အညံ့အဆိုးများနေ တတ်ပါ တယ်။ ပညာရေးနဲ့ပက်သက်သော အကူအညီကောင်းတွေရ လာပါ လိမ့် မယ်။အကျိုးပေးဂဏန်း ၁/၅/၈ အထူးဟော ကျန်းမာရေးဂရုစိုက်စေ ချင်ပါ တယ်။ ယတြာ ထမင်းကြော်တစ်ပွဲ ဘုရားကပ်လှူ လိုက်ပါ။
ကြာသပတေး
ယခုကာလအတွင်း ပြဿနာအခက်အခဲ၊ အတိုက်အခံများ ရှိသော်လည်း အောင်မြင်မှုများ ပိုင်ဆိုင်ခွင့်ရရှိ မည်။ မိမိအား အတိုက်အခံ ရန်လုပ်နေသောသူများက မိမိကို ပုခုံးပေါ် တင်ထားရသော အချိန်ကာလဖြစ်ပါသည်။မိမိအတွက် လက်ရှိလုပ်နေသော လုပ်ငန်းများအပြင် လုပ်ငန်းသစ်များပါ ပူးတွဲ၍ လုပ်ကိုင်နေရတတ်သည်။
ခိုင်မာ သော အလုပ်တစ်ခုကို ရင်းနှီးမြုပ်နှံထားပါ။ရွေ့လျှားပြောင်းလဲမှုမှ ကောင်းသောအကျိုးဆက်ရမည်။ မိမိဆန္ဒနှင့် စိတ်ခံစားမှုတို့ကို ဦးစားပေး၍မရ၊ ဖြစ်ပေါ် နေသော အကြောင်းအရာ အချက်အလက်တို့ကို လက်တွေ့ကျကျ သုံးသပ်၍
အဆင့်မြင့်တတ်လမ်းများ ဖန်တီးနိုင် မည်။ နားလည်မှု ရှိသော ချစ်သူကို အထင်အမြင်လွဲမှားနေခြင်း ဖြစ်လိမ့်မည်။ ချစ်သူမရှိသေးသူများ ဝိုင်းဝိုင်း လည်နေသော ရည်ရွယ် ထားသူ အတွက် ရတတ် မအေးဖြစ်နေရမည်။
အိမ်ထောက်ဖက်ကြောင့် စီးပွားတတ်သော်လည်း တစ်ယောက်နဲ့တစ်ယောက် တကျက်ကျက်ဖြစ်နေတတ်ပါတယ်။ ပညာရေး နောက်ကော က်ကျေ နမည်။ ဝီရိယ ထားကြိုးစားမှ အဆင်ပြေအောင်မြင် တတ်ပါတယ်။
ကျန်းမာရေးနဲ့ပက် သတ်ပြီးထူးထူးခြားခြားကောင်းမည်။ နာတာရှည်ဖြစ်နေသူများတောင် နလန်ပြန်ထူနိုင်တဲ့ကာလပါပဲ။ အကျိုးပေးဂဏန်း ၅/၆/၉ အထူးဟော ကံမြင့်မားနေမည်။ ယတြာ သကြားဖြူးစားရသောမုန့်တစ်မျိုးမျိုးဘုရားကပ်လှူပါ။
သောကြာ
ယခုကာလတွင် မိမိလုပ်ငန်းများကို အစွမ်းကုန် အင်နှင့်အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော အချိန်ကာလ ဖြစ်ပေသည်။ သို့သော် ဖြတ်လမ်းနည်း မလိုက်ရန် သတိပေးလိုပါသည်။မိမိ၏ကံမှာ အလွန်အရေး ကြီးသော အချိန် အပိုင်းအခြားသို့ ရောက်ရှိနေသောကြောင့် အရေးကြီးသော ကံကို ထိန်းသိမ်းထားရန် လိုပေသည်။
ယခုအချိန်တွင် မထိန်းသိမ်းနိုင်ပါက နောက်ပိုင်း အချိန်ကာလများသို့ ရောက်ရှိချိန်တွင် စီးပွား ပျက်ခြင်း၊ အိမ်ထောင်ရေး အဆင်မပြေ ခြင်းမျိုး ကြုံရ တတ်ပါ သည်။ ကားစီးလျှင် သတိပြုပါ။
ပစ္စည်းတစ်ခုခုမေ့ကျန်ပြီး ပြန်မရဖြစ်တတ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် စိတ်ပူပင်သောက ရောက်ခြင်းများ ဖြစ်တတ်သော ကာ လဖြစ် သည်။ ကျန်းမာရေး သတိထားရမည့် ကာလဖြစ်ပါသည်။
ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ ဥပါဒ်ပေးခြင်းများ၊ အစာမှား၊ ဆေးမှားခြင်းများ ကြုံတွေ့ရတတ်ပါသည်။ အတူနေသော မိသားစုများထဲမှ အကြီးအကဲ ကျန်းမာရေး ညံ့တတ်သော ကြောင့် အခြားနေရာ သို့ ခဏရွှေ့ထား လိုက်ပါ။
အချစ်ရေးမှာတော့ ချစ်သူ စုံတွဲများချစ်ခင်မှုပိုလာနိုင်သလို ချစ်သူမရှိသေးသူများ ချစ်သူရဖို့အကြောင်းဖန်လာတတ်ပါတယ်။ ပညာရေး အထူးကောင်းမွန် တဲ့အချိန် ပါပဲ။
အကျိုးပေးဂဏန်း ၃/၆/၇ အထူးဟော စန်းအားကောင်းနေမည်။ ယတြာ နှင်းဆီပန်း ၇ပွင့်ဘုရားကပ်လှူလိုက်ပါ။
စနေ
ယခုကာလအတွင်း မိမိသည် ဝန်ထမ်း ဖြစ်နေပါက ရာထူးတတ်ခြင်း၊ အခြေအနေမြင့်တတ်ခြင်းများ ကြုံတွေ့ ရမည်။ မိမိအား အတိုက်အခံ၊ အပြိုင်အဆိုင် လုပ်နေသူများ ရှိနေပါကထိုသူများနှင့် ပြန်လည်၍ အဆင်ပြေသွား တတ်ပါသည်။ သဘာဝအန္တရာယ်နှင့်တွေ့ရတတ်၍ ဆုံးရှုံးနစ်နာစရာများကြုံမည်။
မိမိ၏ လက်အောက် ငယ်သားများ၊ သားသမီးများအတွက် စိတ်ပူပင်ရတတ်သည်။ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ့ ပေးကမ်းနိုင်ပါလိမ့်မည်။ မင်္ဂလာကိစ္စများကို ဦးဆောင်ရမည်။ ပြဿနာအခက်အခဲများထိပ်တိုက်တွေ့မည်။ စတ င်ဆောင်ရွက်ေ သာကိစ္စများမှ ကောင်းသောအကျိုးဆက်များ ရရှိမည်။
ကတိစကားခိုင် မြဲမည်။ အိမ်ထောင်ဘက်ရဲ့ချစ်ခင်ကြင်နာမှုတွေကြောင့် အိမ်ထောင်ရှင်များ ကျေနပ်နေမယ်။ ချစ်သူများအတွက် သံသယ အတွေးများေ ကြာင့် စိတ်ဘဝင် မကျဖြစ်နေရ တတ်သည်။
တစ်ခုခုအမြင်မကြည်တာရှိရင် ဗြောင်ဖွင့်မေးလိုက်တာအကောင်းဆုံးပါပဲ။စပ်တူအလုပ်များ ပြဿနာ ကြီးမားမည်ကို စိုးရိမ်၍ ထိန်းချုပ် ကွယ်ဝှက်ခြင်းကြောင့် ပြဿနာအသစ်များ ထပ်ဆင့်ပေါ်ပေါက်ကာ
ဖြေရှင်းရန် ပြဿနာများ တိုးပွားလာမည်။ကျန်းမာရေး အားနည်းယုတ်လျော့လာတတ်ပါတယ်။ မိုးမိမခံသင့်တဲ့နေ့ရက်တွေပါပဲ။ ပညာရေးမှာ ကိုယ်တိုင်က စိတ်မပါသလိုဖြစ်နေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၈/၇ အထူးဟော ကံအညံ့တွေများနေတတ်ပါတယ်။ ယတြာ ရဟန်းတစ်ပါးကိုလွယ်အိတ် လှူဒါန်းပေးပါ။
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ ။ ခရက်ဒစ်