ခင္ဦးၿမိဳ႕နယ္ျမင္းေဒါင္း အ.ထ.က ေက်ာင္း၌ သရဲအေျခာက္ခံရသူ ၄ ဦးဖမ္းဆီးခံရ..

Zawgyi

ခင္ဦးၿမိဳ႕နယ္ျမင္းေဒါင္း အ.ထ.က ေက်ာင္း၌ သရဲအေျခာက္ခံရသူ ၄ ဦးဖမ္းဆီးခံရ..

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္၊ ခင္ဦးၿမိဳ႕နယ္ ျမင္းေဒါင္းေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္း၌ သရဲအေျခာက္ခံရသူ(၄)ဦး ဖမ္းဆီးခံရေၾကာင္း ေညာင္ပင္ႀကီးစုရဲကင္းစခန္းမႉး ထံမွ သိရသည္။

ျဖစ္စဥ္မွာ ဇူလိုင္ ၂၃ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္ခန႔္က ခင္ဦးၿမိဳ႕နယ္ ျမင္ေဒါင္းေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္းဝင္းအတြင္းရွိ အင္ၾကင္း၊ သရဖီႏွင့္ ေအာင္ဆန္း တစ္ထပ္ေက်ာင္းေဆာင္မ်ားတြင္ တပ္ဆင္ထားေသာ

ျပတင္းေပါက္မွန္(၈)ခ်ပ္၊ ေက်ာင္းသား၊ေက်ာင္းသူမ်ားေသာက္သုံးေသာ ေသာက္ေရအိုး ၅ လုံး၊ ေၾကာ္ျငာသင္ပုန္း ၁ ခ်ပ္၊ စာသင္ခုံမ်ားတြန္းလွဲျခင္း၊ ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ထားသည္ကို ေတြ႕ရွိရသျဖင့္ ေက်ာင္းအတြင္းရွိပစၥည္းမ်ားကို ဖ်က္ဆီးသြားသူမ်ားအား စုံစမ္းေဖာ္ထုတ္အေရးယူေပးပါရန္

ေက်ာင္းအုပ္ဆရာမႀကီး ေဒၚရီရီျမင့္ က တိုင္တန္းေသာေၾကာင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရဲမႉးေက်ာ္တင့္၊ ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ဓူဝံ၊ ေညာင္ပင္ႀကီးစုရဲကင္းစခန္းမႉး ဒုရဲအုပ္စိုးပိုင္ထြန္းႏွင့္တပ္ဖြဲ႕ဝင္တို႔သည္ အခင္းျဖစ္ေက်ာင္းသို႔ သြားေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔စုံစမ္းစစ္ေဆးရာတြင္ခင္ဦးၿမိဳ႕နယ္၊ ျမင္းေဒါင္းေက်း႐ြာေန စိုက္ပ်ိဳးေရးေဆးကုမၸဏီဝန္ထမ္းမ်ား ျဖစ္ေသာ ရဲဝင္းထြန္း ၂၈ ႏွစ္ ၊ ေက်ာ္စိုးဦး၂၅ ႏွစ္.၊ ႏိုင္မင္းဟိန္း၂၃ ႏွစ္၊ ျမင့္ျမတ္သူ၂၃ ႏွစ္တို႔ ၄ ဦးမွာ ဇူလိုင္ ၂၂ ရက္ေန႔ ည ၁၀ နာရီခြဲခန႔္က

ေက်ာင္းအတြင္းရွိ ယင္းမာပင္ေအာက္ အရက္ေသာက္ေနစဥ္ ေက်ာင္း ေဆာင္မ်ားအတြင္းမွ လူအရိပ္အေယာင္မေတြ႕ရွိဘဲ လမ္းေလ်ာက္ေနေသာေျခသံလိုလို “ရွပ္ရွပ္” “ရွပ္ရွပ္” အသံမ်ားၾကားရေသာေၾကာင့္ သရဲေျခာက္တာပဲဟုဆိုကာ အသံၾကားရာေနရာမ်ားကို ဂဲ၊ အုတ္ခဲမ်ားႏွင့္ပစ္ေပါက္ခဲ့ၾကေၾကာင္း တာဝန္ရွိ ဒုရဲအုပ္တစ္ဦး ထံမွ သိရသည္။

၎ျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ရဲဝင္းထြန္း ၂၈ ႏွစ္ ၊ ေက်ာ္စိုးဦး ၂၅ ႏွစ္ ၊ ႏိုင္မင္းဟိန္း ၂၃ ႏွစ္ ႏွင့္ ျမင့္ျမတ္သူ ၂၃ ႏွစ္ တို႔ ၄ ဦးအား ခင္ဦးၿမိဳ႕မရဲစခန္းမွ (ပ)၂၅၂/၂၀၂၀၊ ျပည္သူပိုင္ပစၥည္းကာကြယ္ေရးဥပေဒပုဒ္မ-၆(၁) ျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။ခရက္ဒစ္

Unicode

ခင်ဦးမြို့နယ်မြင်းဒေါင်း အ.ထ.က ကျောင်း၌ သရဲအခြောက်ခံရသူ ၄ ဦးဖမ်းဆီးခံရ..

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ သရဲအခြောက်ခံရသူ(၄)ဦး ဖမ်းဆီးခံရကြောင်း ညောင်ပင်ကြီးစုရဲကင်းစခန်းမှူး ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ခင်ဦးမြို့နယ် မြင်ဒေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အင်ကြင်း၊ သရဖီနှင့် အောင်ဆန်း တစ်ထပ်ကျောင်းဆောင်များတွင် တပ်ဆင်ထားသော

ပြတင်းပေါက်မှန်(၈)ချပ်၊ ကျောင်းသား၊ကျောင်းသူများသောက်သုံးသော သောက်ရေအိုး ၅ လုံး၊ ကြော်ငြာသင်ပုန်း ၁ ချပ်၊ စာသင်ခုံများတွန်းလှဲခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်ထားသည်ကို တွေ့ရှိရသဖြင့် ကျောင်းအတွင်းရှိပစ္စည်းများကို ဖျက်ဆီးသွားသူများအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန်

ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့် က တိုင်တန်းသောကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်တင့်၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ဓူဝံ၊ ညောင်ပင်ကြီးစုရဲကင်းစခန်းမှူး ဒုရဲအုပ်စိုးပိုင်ထွန်းနှင့်တပ်ဖွဲ့ဝင်တို့သည် အခင်းဖြစ်ကျောင်းသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုသို့စုံစမ်းစစ်ဆေးရာတွင်ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာနေ စိုက်ပျိုးရေးဆေးကုမ္ပဏီဝန်ထမ်းများ ဖြစ်သော ရဲဝင်းထွန်း ၂၈ နှစ် ၊ ကျော်စိုးဦး၂၅ နှစ်.၊ နိုင်မင်းဟိန်း၂၃ နှစ်၊ မြင့်မြတ်သူ၂၃ နှစ်တို့ ၄ ဦးမှာ ဇူလိုင် ၂၂ ရက်နေ့ ည ၁၀ နာရီခွဲခန့်က

ကျောင်းအတွင်းရှိ ယင်းမာပင်အောက် အရက်သောက်နေစဉ် ကျောင်း ဆောင်များအတွင်းမှ လူအရိပ်အယောင်မတွေ့ရှိဘဲ လမ်းလျောက်နေသောခြေသံလိုလို “ရှပ်ရှပ်” “ရှပ်ရှပ်” အသံများကြားရသောကြောင့် သရဲခြောက်တာပဲဟုဆိုကာ အသံကြားရာနေရာများကို ဂဲ၊ အုတ်ခဲများနှင့်ပစ်ပေါက်ခဲ့ကြကြောင်း တာဝန်ရှိ ဒုရဲအုပ်တစ်ဦး ထံမှ သိရသည်။

၎င်းဖြစ်စဉ်များနှင့်ပတ်သက်၍ ရဲဝင်းထွန်း ၂၈ နှစ် ၊ ကျော်စိုးဦး ၂၅ နှစ် ၊ နိုင်မင်းဟိန်း ၂၃ နှစ် နှင့် မြင့်မြတ်သူ ၂၃ နှစ် တို့ ၄ ဦးအား ခင်ဦးမြို့မရဲစခန်းမှ (ပ)၂၅၂/၂၀၂၀၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ-၆(၁) ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ခရက်ဒစ်