တကၠစီေပၚမွာ လည္ပင္းကို ဘရိတ္ဓား နဲ႔ ေထာက္ၿပီး ပိုက္ဆံအလုခံ လိုက္ရတဲ့ ေတးသံရွင္ သက္ထက္စံ
Zawgyi
ေတးသံရွင္ သက္ထက္စံ ကေတာ့ သီခ်င္းေကာင္းမ်ားကို သီဆိုၿပီး ဘဝကို ႐ိုးရွင္း ေအးခ်မ္းစြာျဖတ္သန္းေနသူပါ။ အခုလို ကိုဗစ္ကာလ အက်ပ္အတည္းမွာ သူမႀကဳံခဲ့ရတဲ့ အႏုၾကမ္းစီးခံခဲ့ရတဲ့ ထိတ္လန႔္စရာအျဖစ္အပ်က္ကို အခုလိုပဲ မီဒီယာမွာ ေျဖဆိုခဲ့ပါတယ္။
သက္ထက္စံ ေျပာခဲ့တာကေတာ့ ” အခုလို ကိုဗစ္ကာလ မွာဆိုေတာ့ အားလုံးကလည္း စီးပြားေရး အက်ပ္အတည္း ႀကဳံေနရတာေပါ့ေနာ္။ အဲ့ေန႔ညက ညီမ အမ္ပလပ္ဆိုၿပီး ျပန္လာတဲ့အခ်ိန္က် ည ၁၀ နာရီခြဲေလာက္ ရွိသြားၿပီ။
ညီမေရာက္ေနတဲ့ ေနရာကလည္း သုဝဏၰ ေပၚဆန္းေမႊးလမ္း ေပၚမွာ အဲ့ဒီ့အခ်ိန္ ကားေတြကလည္း ငွားလို႔မရဘူး။ ငွားလို႔ရတဲ့ ကား က်ေတာ့လည္း ကားေပၚမွာ ဒ႐ိုင္ဘာနဲ႔ ေနာက္ထပ္လူပိုတစ္ေယာက္ပါေတာ့ ညီမကလည္း မငွားေတာ့ဘူးလို႔ ေျပာတယ္။
အဲ့ခါက် သူတို႔က သားအဖေတြပါ ဆိုေတာ့ ညီမကလည္း ေနာက္က်ေနၿပီ ကားေတြလည္း ငွားမရေတာ့ အဲ့ကားကိုပဲ ငွားလိုက္တယ္ေပါ့ေနာ္။ ေနာက္ေတာ့ ညီမျပန္ရမယ့္လမ္းကို မျပန္ပဲ ကားက ဟိုဘက္ တစ္လမ္းကို ေမာင္းလိုက္တယ္။
အဲ့လိုေမာင္းလာၿပီး အေမွာင္ဘက္လည္းေရာက္ေရာ ပါလာတဲ့ ေကာင္ေလးက ဘလိတ္ဓားကို လက္ထဲမွာ ညႇပ္ထားၿပီး ဘလိတ္ဓားနဲ႔ လည္ပင္းကို ေထာက္လိုက္တယ္။ ၿပီးေတာ့ ပါတဲ့ ပိုက္ဆံအကုန္ေပးဆိုၿပီး ေတာင္းတယ္။ ညီမကလည္း ပိုက္ဆံက မပါဘူးမရွိဘူးလို႔ ေျပာတယ္။
ကားဒ႐ိုင္ဘာ ကလည္း ေပးလိုက္ရင္ ေအးေဆး ၿပီးသြားမယ္ေပါ့ေနာ္။ ညီမကလည္း အဲ့ခ်ိန္မွာ ေၾကာက္ၿပီး ငိုေနတာ ဘာမွ မျမင္ေတာ့ဘူး။ အဲ့ဒါနဲ႔ ပိုက္ဆံအိတ္ ထဲက ရွိတဲ့ဟာေတြ အကုန္လုံး ႏႈိက္ယူသြားတယ္။
အဲ့ခ်ိန္မွာ သူတို႔ကာ ကားေလာ့ကို ခ်ထားတာ ညီမေအာ္ လို႔လည္း မရဘူး။ ေအာ္လိုက္ရင္လည္း ထပ္လုပ္မွာေလ သူတို႔က ပိုက္ဆံလည္း ယူၿပီးေရာ ကားတံခါး ကို ဖြင့္ေပးၿပီး ညီမကို ခ်က္ခ်င္းပဲ ဆင္းခိုင္းတယ္။ ညီမလည္း ငိုယိုၿပီး အရမ္းကို ေၾကာက္လန႔္ေနခဲ့တာ။
ကားကလည္း ထပ္ငွားလို႔ မရဘူး။ ကံေကာင္းခ်င္ေတာ့ ေနာက္ထပ္ ကားတစ္စီး ေတြ႕ေတာ့ အဲ့ကားကိုပဲ ငွားၿပီး အိမ္ကို အျမန္ျပန္လာခဲ့တယ္။ အိမ္ေရာက္ေတာ့မွ အိမ္ကလူေတြေရာ သူငယ္ခ်င္းေတြကိုေရာ အခလို ျဖစ္ခဲ့တာေတြကို ေျပာျပလိုက္တယ္။
ခါတိုင္းဆို အေဖာ္လိုက္ေပးတဲ့ သူေတြ ရွိတယ္ေပါ့ေနာ္။ တစ္ေယာက္တည္းျပန္ျဖစ္တဲ့ ေန႔က်မွ အခုလို ထိတ္လန႔္ စရာအျဖစ္နဲ႔ ႀကဳံရတယ္။ အရမ္းကို ေၾကာက္လန႔္ေနခဲ့တာဆိုေတာ့ တကၠစီနံပါတ္ကလည္း မွတ္မထားလိုက္မိဘူး။
အဓိကေျပာခ်င္တာကေတာ့အခုကာလမွာ မိန္းကေလး တစ္ေယာက္တည္း ဘယ္မွ မသြားလာသင့္ဘူး။ တကၠစီငွားမယ္ဆိုရင္လည္း လူအပိုပါရင္ မငွားသင့္ဘူး။ သတိထားဆင္ျခင္သင့္တယ္။
ညီမဆို အရမ္းေၾကာက္တာ ကိုယ့္အိမ္ကို ျပန္လာတာေတာင္ ေျခလွမ္းက မမွန္ေတာ့ဘူး။ ” ဆိုကာသူမရဲ႕ ထိတ္လန႔္စရာ အျဖစ္အပ်က္ကို ေျပာျပရင္း ပရိတ္သတ္ေတြကိုလည္း သတိရွိၾကဖို႔ ေျဖဆိုခဲ့ပါတယ္။
ပရိတ္သတ္ႀကီးေရ အခုလို စီးပြားေရး က်ပ္တည္းေနတဲ့ ကာလေတြမွာ တစ္ေယာက္တည္း သြားလာတာဟာ အရမ္းကို အႏၲရာယ္မ်ားတဲ့အတြက္ဆင္ျခင္ၾကပါ။ ကိုယ့္အသိမိတ္ေဆြေတြကိုလည္း အခုလို မႀကဳံရေအာင္ မွ်ေဝေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။ ခရက္ဒစ္
Unicode
တေးသံရှင် သက်ထက်စံ ကတော့ သီချင်းကောင်းများကို သီဆိုပြီး ဘဝကို ရိုးရှင်း အေးချမ်းစွာဖြတ်သန်းနေသူပါ။ အခုလို ကိုဗစ်ကာလ အကျပ်အတည်းမှာ သူမကြုံခဲ့ရတဲ့ အနုကြမ်းစီးခံခဲ့ရတဲ့ ထိတ်လန့်စရာအဖြစ်အပျက်ကို အခုလိုပဲ မီဒီယာမှာ ဖြေဆိုခဲ့ပါတယ်။
သက်ထက်စံ ပြောခဲ့တာကတော့ ” အခုလို ကိုဗစ်ကာလ မှာဆိုတော့ အားလုံးကလည်း စီးပွားရေး အကျပ်အတည်း ကြုံနေရတာပေါ့နော်။ အဲ့နေ့ညက ညီမ အမ်ပလပ်ဆိုပြီး ပြန်လာတဲ့အချိန်ကျ ည ၁၀ နာရီခွဲလောက် ရှိသွားပြီ။
ညီမရောက်နေတဲ့ နေရာကလည်း သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်း ပေါ်မှာ အဲ့ဒီ့အချိန် ကားတွေကလည်း ငှားလို့မရဘူး။ ငှားလို့ရတဲ့ ကား ကျတော့လည်း ကားပေါ်မှာ ဒရိုင်ဘာနဲ့ နောက်ထပ်လူပိုတစ်ယောက်ပါတော့ ညီမကလည်း မငှားတော့ဘူးလို့ ပြောတယ်။
အဲ့ခါကျ သူတို့က သားအဖတွေပါ ဆိုတော့ ညီမကလည်း နောက်ကျနေပြီ ကားတွေလည်း ငှားမရတော့ အဲ့ကားကိုပဲ ငှားလိုက်တယ်ပေါ့နော်။ နောက်တော့ ညီမပြန်ရမယ့်လမ်းကို မပြန်ပဲ ကားက ဟိုဘက် တစ်လမ်းကို မောင်းလိုက်တယ်။
အဲ့လိုမောင်းလာပြီး အမှောင်ဘက်လည်းရောက်ရော ပါလာတဲ့ ကောင်လေးက ဘလိတ်ဓားကို လက်ထဲမှာ ညှပ်ထားပြီး ဘလိတ်ဓားနဲ့ လည်ပင်းကို ထောက်လိုက်တယ်။ ပြီးတော့ ပါတဲ့ ပိုက်ဆံအကုန်ပေးဆိုပြီး တောင်းတယ်။ ညီမကလည်း ပိုက်ဆံက မပါဘူးမရှိဘူးလို့ ပြောတယ်။
ကားဒရိုင်ဘာ ကလည်း ပေးလိုက်ရင် အေးဆေး ပြီးသွားမယ်ပေါ့နော်။ ညီမကလည်း အဲ့ချိန်မှာ ကြောက်ပြီး ငိုနေတာ ဘာမှ မမြင်တော့ဘူး။ အဲ့ဒါနဲ့ ပိုက်ဆံအိတ် ထဲက ရှိတဲ့ဟာတွေ အကုန်လုံး နှိုက်ယူသွားတယ်။
အဲ့ချိန်မှာ သူတို့ကာ ကားလော့ကို ချထားတာ ညီမအော် လို့လည်း မရဘူး။ အော်လိုက်ရင်လည်း ထပ်လုပ်မှာလေ သူတို့က ပိုက်ဆံလည်း ယူပြီးရော ကားတံခါး ကို ဖွင့်ပေးပြီး ညီမကို ချက်ချင်းပဲ ဆင်းခိုင်းတယ်။ ညီမလည်း ငိုယိုပြီး အရမ်းကို ကြောက်လန့်နေခဲ့တာ။
ကားကလည်း ထပ်ငှားလို့ မရဘူး။ ကံကောင်းချင်တော့ နောက်ထပ် ကားတစ်စီး တွေ့တော့ အဲ့ကားကိုပဲ ငှားပြီး အိမ်ကို အမြန်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့မှ အိမ်ကလူတွေရော သူငယ်ချင်းတွေကိုရော အခလို ဖြစ်ခဲ့တာတွေကို ပြောပြလိုက်တယ်။
ခါတိုင်းဆို အဖော်လိုက်ပေးတဲ့ သူတွေ ရှိတယ်ပေါ့နော်။ တစ်ယောက်တည်းပြန်ဖြစ်တဲ့ နေ့ကျမှ အခုလို ထိတ်လန့် စရာအဖြစ်နဲ့ ကြုံရတယ်။ အရမ်းကို ကြောက်လန့်နေခဲ့တာဆိုတော့ တက္ကစီနံပါတ်ကလည်း မှတ်မထားလိုက်မိဘူး။
အဓိကပြောချင်တာကတော့အခုကာလမှာ မိန်းကလေး တစ်ယောက်တည်း ဘယ်မှ မသွားလာသင့်ဘူး။ တက္ကစီငှားမယ်ဆိုရင်လည်း လူအပိုပါရင် မငှားသင့်ဘူး။ သတိထားဆင်ခြင်သင့်တယ်။
ညီမဆို အရမ်းကြောက်တာ ကိုယ့်အိမ်ကို ပြန်လာတာတောင် ခြေလှမ်းက မမှန်တော့ဘူး။ ” ဆိုကာသူမရဲ့ ထိတ်လန့်စရာ အဖြစ်အပျက်ကို ပြောပြရင်း ပရိတ်သတ်တွေကိုလည်း သတိရှိကြဖို့ ဖြေဆိုခဲ့ပါတယ်။
ပရိတ်သတ်ကြီးရေ အခုလို စီးပွားရေး ကျပ်တည်းနေတဲ့ ကာလတွေမှာ တစ်ယောက်တည်း သွားလာတာဟာ အရမ်းကို အန္တရာယ်များတဲ့အတွက်ဆင်ခြင်ကြပါ။ ကိုယ့်အသိမိတ်ဆွေတွေကိုလည်း အခုလို မကြုံရအောင် မျှဝေပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ ခရက်ဒစ်