Zawgyi
Unicode
ရင်သွေးငယ်ရှိကြတဲ့မိဘများအထူးသတိပြုသင့်သလို လူကြီးတွေလည်းသတိထားသင့်ပါတယ်
ထိုင်းမှာ ပြီးခဲ့တဲ့ရက်က ၃ နှစ်အရွယ်ကလေးတစ်ယောက်ဟာ မြက်ဖြတ်နေတဲ့နေရာကိုမတော်တဆရောက်သွားပြီး ပုံပါအတိုင်း သံမူလီတစ်ချောင်းဟာ အရှိန်နဲ့လွင့်စင်လာပြီး မျက်လုံးသူငယ်အိမ်ဘေးကို စိုက်ဝင်သွားခဲ့ပါတယ်..
မျက်စေ့အထူးကုဆရာဝန်တစ်ဦးမှ ည ၂၀:၃၀ ချိန်မှဆွဲထုတ်ကုသပေးခဲ့ပြီး မျက်လုံးဟာပုံမှန်အနေအထားအတိုင်းပြန်လည်ကောင်းမွန်လာဘို့က အချိန်ယူစောင့်ကြည့်သွားရမှာဖြစ်ပါတယ် လို့ဆရာဝန်ကဆိုပါတယ် ။
မိဘများအနေနဲ့ အရွယ်မရောက်သေးတဲ့မိမိရဲ့ရင်သွေးငယ်များကို ယခုလိုအန္တရာယ်ရှိနိုင်တဲ့ လုပ်ငန်းခွင်အနီးတစ်ဝိုက်ကိုမသွားမိစေဘို့ ၊ မျက်စေ့အောက်က အလစ်မပေးဘို့အထူးဂရုစိုက်ကြဘို့လိုပါတယ်..
မြက်ဖြတ်စက်ဖြင့်အလုပ်လုပ်နေကြသူများအနေနဲ့လည်း Protective Cover Face Eye Shield ခေါ်တဲ့ မျက်နှာအကာအကွယ်များကို Safety ဖြစ်စေဘို့တပ်ဆင်သင့်ပါတယ် ။
ဒီနေရာမှာသံမူလီမှမဟုတ်ပါဘူး ကျောက်ခဲသို့မဟုတ် မာကျောတဲ့အပိုင်းအစတွေနဲ့ ထိခိုက်မိပြီး အရှိန်ဖြင့်မိမိမျက်စေ့ကိုလာရောက်ထိမှန်ခဲ့မယ်ဆိုရင်လည်း အင်မတန်နူးညံ့တဲ့👁️ မျက်လုံးကိုဒဏ်ဖြစ်တတ်ပါတယ် ။မိဘများလည်းမပေါ့ဆဘို့လိုအပ်ပါတယ် ။ခရက်ဒစ်