ဇြဲကပင္ေတာင္ေပၚက လင္မယားေသဆုံးမႈ အေၾကာင္းအရင္းအျပည့္အစုံ

Zawgyi

ဇြဲကပင္ေတာင္ေပၚက လင္မယားေသဆုံးမႈ အေၾကာင္းအရင္းအျပည့္အစုံ

ဇြဲကပင္ေတာင္ေပၚ ေကဘယ္ကားတပ္ဆင္ျခင္းျပဳလုပ္ရာတြင္အလုပ္လုပ္ေနေသာ အလုပ္သမားလင္မယားႏွစ္ေယာက္သည္ လြန္ခဲ့ေသာၾကာသပေတးေန႔ညက ဇြဲကပင္ေတာင္ေပၚတြင္ လွ်ပ္စီးလက္ မိုးႀကိဳးပစ္၍

လွ်ပ္စစ္မီးပ်က္သြားၿပီ မိမိတို႔ေနထိုင္ေသာအခန္းမီးလင္းႏိုင္ရန္အတြက္ အခန္းအတြင္းရွိမီးစက္ႀကီးကိုႏိုးကာ လွ်ပ္စစ္မီးမ်ားတပ္ဆင္ရာမွ လင္မယား၂ေယာက္ႏွင့္ အခန္းအတြင္းရွိေခြးတစ္ေကာင္ပါ ဓာတ္လိုက္ၿပီေသဆုံးသြားၾကပါသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားကေတာင္ေပၚသို႔တက္ေရာက္စစ္ေဆးရာ အခန္းအတြင္းသံမံတလင္းအစိုဓာတ္ႏွင့္ မီးႀကိဳးစျဖင့္ထိေနသည္ကိုေတြ႕ရွိသည္။

ထိုလင္မယား၂ေယာက္သည္အခန္းအာ့ပိတ္ထား၍ အျပင္မွလူမ်ားကမျမင္ရေပ။ေခြးေသေကာင္မွ ပုတ္နံထြက္လာသျဖင့္ ဇြဲကပင္ေတာင္ေပၚလုပ္အားဒါနျပဳအဖြဲ႕ (တစ္ဘက္၅ဝဝအဖြဲ႕)မွ ၂၆-၇-၂၀၂ဝေန႔ နံနက္ေတာင္ေပၚသို႔တက္လာစဥ္ ေတာင္ေပၚရွိတာဝန္ရွိ သံဃာတစ္ပါးအားေလွ်ာက္တင္၍ နံေနေသာအနံ႔အားရွာေဖြၾကရာ အခန္းအတြင္း လင္မယား၂ေယာက္ႏွင့္ ေခြးတစ္ေကာင္ပါေသဆုံးေနေၾကာင္းေတြ႕ရွိရပါသည္။

ေသဆုံးသူအမ်ိဳးသမီးမွာ ကိုယ္ဝန္၅လရွိၿပီ ေခြးေသအား ေတာင္ေပၚတစ္ေနရာတြင္ျမႇပ္ႏွံေပးလိုက္ပါသည္။ အေလာင္းအား ေတာင္ေပၚမွ ေတာင္ေအာက္အထိေရာက္ေအာင္ ဝိုင္းဝန္းကူညီသယ္ဆင္းေပးၾကေသာ ဘားအံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အရပ္ဖက္လူမႈကူညီေရးအသင္းအဖြဲ႕မ်ား လူမႈကယ္ဆယ္ေရးအဖြဲ႕အစည္းမ်ား ဝိုင္းဝန္းကူညီေပးခဲ့ၾကသူတစ္ဦးတစ္ေယာက္ခ်င္းစီကို က်န္ရစ္သူမိသားစုမ်ားကိုယ္စား ေက်းဇူးအထူးပင္တင္ရွိပါသည္။

စားစရာ ေရသန႔္ႏွင့္ အခ်ိဳရည္မ်ားလႉဒါန္းေပးၾကေသာ ေစတနာရွင္မ်ားကိုလည္း ေက်းဇူးတင္ရွိပါတယ္။မနက္ကတင္ေပးထားေသာ က်ေနာ္၏ပိုစ္သည္ခန႔္မွန္း၍ေရးတင္ျခင္းသာျဖစ္ပါသည္။ ခရက္ဒစ္ မိုးျမင့္ထက္

Unicode

ဇွဲကပင်တောင်ပေါ်က လင်မယားသေဆုံးမှု အကြောင်းအရင်းအပြည့်အစုံ

ဇွဲကပင်တောင်ပေါ် ကေဘယ်ကားတပ်ဆင်ခြင်းပြုလုပ်ရာတွင်အလုပ်လုပ်နေသော အလုပ်သမားလင်မယားနှစ်ယောက်သည် လွန်ခဲ့သောကြာသပတေးနေ့ညက ဇွဲကပင်တောင်ပေါ်တွင် လျှပ်စီးလက် မိုးကြိုးပစ်၍

လျှပ်စစ်မီးပျက်သွားပြီ မိမိတို့နေထိုင်သောအခန်းမီးလင်းနိုင်ရန်အတွက် အခန်းအတွင်းရှိမီးစက်ကြီးကိုနိုးကာ လျှပ်စစ်မီးများတပ်ဆင်ရာမှ လင်မယား၂ယောက်နှင့် အခန်းအတွင်းရှိခွေးတစ်ကောင်ပါ ဓာတ်လိုက်ပြီသေဆုံးသွားကြပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများကတောင်ပေါ်သို့တက်ရောက်စစ်ဆေးရာ အခန်းအတွင်းသံမံတလင်းအစိုဓာတ်နှင့် မီးကြိုးစဖြင့်ထိနေသည်ကိုတွေ့ရှိသည်။

ထိုလင်မယား၂ယောက်သည်အခန်းအာ့ပိတ်ထား၍ အပြင်မှလူများကမမြင်ရပေ။ခွေးသေကောင်မှ ပုတ်နံထွက်လာသဖြင့် ဇွဲကပင်တောင်ပေါ်လုပ်အားဒါနပြုအဖွဲ့ (တစ်ဘက်၅ဝဝအဖွဲ့)မှ ၂၆-၇-၂၀၂ဝနေ့ နံနက်တောင်ပေါ်သို့တက်လာစဉ် တောင်ပေါ်ရှိတာဝန်ရှိ သံဃာတစ်ပါးအားလျှောက်တင်၍ နံနေသောအနံ့အားရှာဖွေကြရာ အခန်းအတွင်း လင်မယား၂ယောက်နှင့် ခွေးတစ်ကောင်ပါသေဆုံးနေကြောင်းတွေ့ရှိရပါသည်။

သေဆုံးသူအမျိုးသမီးမှာ ကိုယ်ဝန်၅လရှိပြီ ခွေးသေအား တောင်ပေါ်တစ်နေရာတွင်မြှပ်နှံပေးလိုက်ပါသည်။ အလောင်းအား တောင်ပေါ်မှ တောင်အောက်အထိရောက်အောင် ဝိုင်းဝန်းကူညီသယ်ဆင်းပေးကြသော ဘားအံမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ ဝိုင်းဝန်းကူညီပေးခဲ့ကြသူတစ်ဦးတစ်ယောက်ချင်းစီကို ကျန်ရစ်သူမိသားစုများကိုယ်စား ကျေးဇူးအထူးပင်တင်ရှိပါသည်။

စားစရာ ရေသန့်နှင့် အချိုရည်များလှူဒါန်းပေးကြသော စေတနာရှင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်။မနက်ကတင်ပေးထားသော ကျနော်၏ပိုစ်သည်ခန့်မှန်း၍ရေးတင်ခြင်းသာဖြစ်ပါသည်။ ခရက်ဒစ် မိုးမြင့်ထက်