အသက္မျပည့္ေသးေသာမိန္းကေလးတစ္ဦးအား messengerမွ video call ေခၚျပီးမိမိ ဆီလာရန္ေသြးေဆာင္ေခၚ ယူ၍ အဓမၼျပဳက်င့္မွုျဖစ္ပြား
Zawgyi
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ခင္ဦးၿမိဳ့နယ္ မုံေတာ(မ)ေက်းရြာ၌ မိဘအုပ္ထိန္းမွုေအာက္ရွိ အသက္မျပည့္ေသးေသာ မိန္းကေလးတစ္ဦးအား သားမယားအျဖစ္အႀကိမ္ႀကိမ္ျပဳလုပ္သူ ဖမ္းဆီးရမိေၾကာင္း ေညာင္ပင္ႀကီးစုရဲကင္း စခန္းမွူး ဒုရဲအုပ္စိုးပိုင္ထြန္း ထံမွ သိရသည္။
(၁၇.၇.၂၀၂၀) ရက္ေန႔ ည ၁၂ နာရီခန႔္က ခင္ဦးၿမိဳ့နယ္ မုံေတာ(မ)ေက်းရြာေန မ…..သည္ ေနအိမ္တြင္အိပ္ေနစဥ္ ဖခင္ျဖစ္သူ ဦး…..ေရာက္ရွိလာၿပီး ညီမျဖစ္သူ မ…..(၁၄)ႏွစ္ အိမ္မွာမရွိလို့ လိုက္ခဲ့အုံးဟုေခၚသျဖင့္ လိုက္သြားခဲ့ၿပီး
ေက်းရြာအတြင္းလိုက္လန္ရွာေဖြေနစဥ္ ဇူလိုင္ ၁၈ ရက္ေန႔ နံနက္ ၃ နာရီအခ်ိန္ခန႔္တြင္ ေနအိမ္ၿခံဝန္းေရွ႕ အေပါက္တြင္ ညီမျဖစ္သူ မ…..(၁၄)ႏွစ္ အားေတြ႕ရွိ၍ “နင္ဘယ္သြားေနတာလဲ၊ ဘယ္ကျပန္လာတာလဲ” ဟု ေမးျမန္းခဲ့ရာ တစ္ရြာတည္းေန (ဘ)ဦး….. ၏သား ရွိုင္းကိုကို ၂၆ ႏွစ္မွ ဇူလိုင္ ၁၇ ရက္ေန႔ ည ၁၀ နာရီခြဲအခ်ိန္တြင္
ရြာေျမာက္ဘက္ရွိ ကြမ္းၿခံသို့လာခဲ့ရန္ မယမင္းလွိုင္၏ဖုန္းႏွင့္ messenger video call ေခၚ၍ေျပာသျဖင့္ သြားေရာက္ခဲ့ရာ ရြာေျမာက္ဘက္ေပါက္ရွိတံတားတြင္ ရွိုင္းကိုကို ႏွင့္ေတြ႕ကာ ကြမ္းၿခံဘက္သို့သြားေရာက္ခဲ့ၿပီး၊ အတူထိုင္စကားေျပာဆိုေနစဥ္ နာရီဝက္ခန႔္အၾကာတြင္
ရွိုင္းကိုကို မွ သားမယားအျဖစ္ ၁၅ မိနစ္ခန႔္စီ ၂ ႀကိမ္ ျပဳက်င့္ခဲ့ေၾကာင္း ေျပာျပ၍ သိရွိရသျဖင့္ တာဝန္ရွိ ေက်းရြာအုပ္ခ်ဳပ္ေရးမွူး ဦးနိုင္ေထြးႏွင့္ ေညာင္ပင္ႀကီးစုရဲကင္းစခန္းသို့ တိုင္တန္းခဲ့ေၾကာင္း သိရသည္။
၎ျဖစ္စဥ္ႏွင့္ပါတ္သက္၍ မိဘအုပ္ထိန္းမွုေအာက္ရွိ အသက္မျပည့္ေသးေသာ ညီမျဖစ္သူအား သားမယားအျဖစ္အႀကိမ္ႀကိမ္ျပဳက်င့္သူ ရွိုင္းကိုကို ၂၆ ႏွစ္အား အမျဖစ္သူက တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ခင္ဦးၿမိဳ့မရဲစခန္းမွ (ပ)၂၄၅ /၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆ ျဖင့္ အမွုဖြင့္ဖမ္းဆီး အေရးယူထားေၾကာင္း သိရသည္။ ခရက္ဒစ္ ခ်စ္စံ(ခင္ဦး)
Unicode
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မုံတော(မ)ကျေးရွာ၌ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသော မိန်းကလေးတစ်ဦးအား သားမယားအဖြစ်အကြိမ်ကြိမ်ပြုလုပ်သူ ဖမ်းဆီးရမိကြောင်း ညောင်ပင်ကြီးစုရဲကင်း စခန်းမှူး ဒုရဲအုပ်စိုးပိုင်ထွန်း ထံမှ သိရသည်။
(၁၇.၇.၂၀၂၀) ရက်နေ့ ည ၁၂ နာရီခန့်က ခင်ဦးမြို့နယ် မုံတော(မ)ကျေးရွာနေ မ…..သည် နေအိမ်တွင်အိပ်နေစဉ် ဖခင်ဖြစ်သူ ဦး…..ရောက်ရှိလာပြီး ညီမဖြစ်သူ မ…..(၁၄)နှစ် အိမ်မှာမရှိလို့ လိုက်ခဲ့အုံးဟုခေါ်သဖြင့် လိုက်သွားခဲ့ပြီး
ကျေးရွာအတွင်းလိုက်လန်ရှာဖွေနေစဉ် ဇူလိုင် ၁၈ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် နေအိမ်ခြံဝန်းရှေ့ အပေါက်တွင် ညီမဖြစ်သူ မ…..(၁၄)နှစ် အားတွေ့ရှိ၍ “နင်ဘယ်သွားနေတာလဲ၊ ဘယ်ကပြန်လာတာလဲ” ဟု မေးမြန်းခဲ့ရာ တစ်ရွာတည်းနေ (ဘ)ဦး….. ၏သား ရှိုင်းကိုကို ၂၆ နှစ်မှ ဇူလိုင် ၁၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင်
ရွာမြောက်ဘက်ရှိ ကွမ်းခြံသို့လာခဲ့ရန် မယမင်းလှိုင်၏ဖုန်းနှင့် messenger video call ခေါ်၍ပြောသဖြင့် သွားရောက်ခဲ့ရာ ရွာမြောက်ဘက်ပေါက်ရှိတံတားတွင် ရှိုင်းကိုကို နှင့်တွေ့ကာ ကွမ်းခြံဘက်သို့သွားရောက်ခဲ့ပြီး၊ အတူထိုင်စကားပြောဆိုနေစဉ် နာရီဝက်ခန့်အကြာတွင်
ရှိုင်းကိုကို မှ သားမယားအဖြစ် ၁၅ မိနစ်ခန့်စီ ၂ ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြ၍ သိရှိရသဖြင့် တာဝန်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ထွေးနှင့် ညောင်ပင်ကြီးစုရဲကင်းစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသော ညီမဖြစ်သူအား သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်သူ ရှိုင်းကိုကို ၂၆ နှစ်အား အမဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသဖြင့် ခင်ဦးမြို့မရဲစခန်းမှ (ပ)၂၄၅ /၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ ခရက်ဒစ် ချစ်စံ(ခင်ဦး)