Zawgyi
အိမ်ရှင်ဆရာမဒေါ်(—-) သည်ကရင်ပြည်နယ် ကော့ကရိတ်ခရီးစဉ်မှ ပြန်ရောက်လာရာ ညီအမ၂.ဦး မှ အနေမပျက်ဟန်ဆောင်ရင်း နောက်ရက်တွင်အလုပ်မှ ထွက်မည် ဆိုပြီး ပြောရာအိမ်ရှင် ဆရာမမှ မထွက်ပါနဲအုံးဟုပြောတာကိုမရမကအားကစားသင်တန်း ပြနေချိန်တွင် ညီအမ၂.ဦးလုံး ထွက်သွား ကြသောကြောင့်
Unicode
အိမ်အကူချောချောလေးတွေခေါ်ခေါ် မချောတာပဲခေါ်ခေါ် ဒီပို့စ်ကိုသေသေချာချာဖတ်ပြီးမှခေါ်ကြပါ
ဖြစ်စဉ်မှာရန်ကုန်တိုင်းကျောက်တံတား မြို့နယ် —–လမ်း ဒုတိယထပ် အိမ်အမှတ် (___) နေ အားကစား နှင့် ကျန်းမာရေးနည်းပြခန်းမ ဖွင့်လှစ်နေထိုင်သူ နည်းပြဆရာမ ဒေါ်(—-)သည်အိမ်အကူအဖြစ် လုပ်ကိုင်ရန်အတွက်မှော်ဘီမြို့နယ် ဘွက်ကြီးကျေးရွာ အုပ်စုမှ(24,12,2019) ရက်နေ့တွင်အသက်၂၂နှစ်အရွယ် (မအိရွှေဇင်ဌေး)အားခေါ်ယူခဲ့ပါသည်
ခေါ်ယူပြီးနောက်အတူနေထိုင် လုပ်ကိုင်ရင်း အဆင်ပြေတာနှင့် သူ၏ ညီမ အမွှာဖြစ်သူအား ခေါ်ထားပေးပါ လို့ပြော၍ အသက်၂၂နှစ်အရွယ်(မအိရွှေစင်ဝင်း)အား ခေါ်ယူပေးခဲ့ပြီးနောက်လအနည်းငယ် ကြာတော့ သင်တန်းမှ လူများပြီးမနိုင်တာနဲ့ မအိရွေစင်ဝင်း၏ အမဖြစ်သူအသက်၂၅နှစ်အရွယ်(မနိုင်နိုင်မော်)အမည်ရှိအား ထပ်ခေါ်ထားချင်တယ် ဆိုတာနှင့် ထပ်ခေါ်ထား ပေးခဲ့ ပါသည်
အငယ်မညီမ (မအိရွှေဇင်ဝင်း)သည် အပြောအဆို ရိုင်းတာကြောင့်(၆)လလောက် အကြာမှာ အလုပ်မှထုတ်ပယ်ခဲ့ပါသောကြောင့်မအိရွှေစ်ဌေးနှင့် မနိုင်နိုင်မော် ညီအမ၂ ယောက်သာ ကျန်ခဲ့ပါသည်
မနှစ်ကစ၍ တဖြေးဖြေး လက်ဆော့လာမှန်း သိပေမယ့် အိမ်အကူ လူခေါ်ရခက်တာနဲ့ ဆက်လက်ခေါ်ထားခဲ့ ပြီး အိမ်ရှင် သင်တန်း ဆရာမမှ သမီး မိန်းခလေး မရှိတာမို့ သားသမီး အရင်းလို စောင့်ရှောက်အတူနေလာရင်းအိမ်အကူ (မအိရွှေဇင်ဌေးနှင့် မနိုင်နိုင်မော်)တို့ ၏မိဘမိသားစုများပါဝင်ထွက်ခွင့်ပေးထားပြီးနထိုင်လာခဲ့ ကြရာ
အိမ်ရှင်သင်တန်း ဆရာမမှ မကြာခန ပရဟိတလုပ်ငန်းသွားစဉ်တွင်လဲ အိမ်ရှင်မရှိခိုက်ရက်ခြားမကြာခနဆိုသလိုအိမ်လည်လာပြီး အပြန်ပစ္စည်းများသယ်သွားလေ့ရှိပါသည်
ညီအမတွေကို အိမ်အကူအနေနဲ့ခေါ်ယူထားချိန်တွင်လည်း မိဘများမှာ တောင်တွင်းကြီးရွှာတွင်ကြွေးများပါတ်လည်ဝိုင်းနေ၍ အိမ်ရှင်မှ ကူညီဖြေရှင်းဆပ်ပေးပြီ မိသားစုလိုက်ရန်ကုန်တွင်နေထိုင်နိုင်ရန်စီစဉ်ကူညီ ငွေကြိုထုတ်ပေးတာမျိုးတွေလုပ်ခဲ့ပေမယ့် မထောက်ထားမငဲ့ညှာ ကျေးဇူးရှင်ကိုကျေးစွတ် ပြီးအခုလို လုပ်ရပ်မျိုး လုပ်ရက်ကြတာဖြစ်ပါသည်
တဖြည်းဖြည်းအတင့်ရဲလာပြီး တဆင့်တိုး၍ (6,4,2019) ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်သို့ ပရဟိတ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ရန်ထွက်ခွာ ခဲ့ ရာ အိမ်စောင့် အဖြစ် အိမ်အကူ ညီအမ ၂.ဦးတို့အား ထားရှိခဲ့ရာ မှ ယုံကြည်မှူ့ ကို အသုံးချ ကာ
အိမ်ရှင် ဆရာမ ဒေါ်(—–) ၏ နေအိမ် အတွင်းမှ ရွှေထည် ငွေကြေးနှင့် အားကစား အသုံးအဆောင် ပစ္စည်းများ စုစုပေါင်း ၁၉.မျိုး ခန့် ကာလတန်ဖိုး ၆၅.သိန်း ကျော် တန်ဖိုးရှိ ပစ္စည်း များကို ၎င်း အိမ်အကူ ညီအမ ၂ယောက်မှ
သူတို့၏ ဖခင်အား အကူအညီ တောင်း ပြီး ၎င်း အိမ်အကူ(မအိရွှေဇင်)၏ ရီးစား ဖြစ်သူ(မောင်အောင်ကိုမြင့်)အပါဝင် တညအိပ်ပြီး ၎င်း တို့ စုစုပေါင်း ၄.ဦး မှ အိမ်တွင်းရှိ ပစ္စည်း များအား အလျိုလျို ခိုးယူ၍ သယ်ထုတ်သွားကြပါသည်
အိမ်ရှင်ဆရာမဒေါ်(—-) သည်ကရင်ပြည်နယ် ကော့ကရိတ်ခရီးစဉ်မှ ပြန်ရောက်လာရာ ညီအမ၂.ဦး မှ အနေမပျက်ဟန်ဆောင်ရင်း နောက်ရက်တွင်အလုပ်မှ ထွက်မည် ဆိုပြီး ပြောရာအိမ်ရှင် ဆရာမမှ မထွက်ပါနဲအုံးဟုြပောတာကိုမရမကအားကစားသင်တန်း ပြနေချိန်တွင် ညီအမ၂.ဦးလုံး ထွက်သွား ကြသောကြောင့်
မသင်္ကာတာနဲ့ အိမ်တွင်း ပစ္စည်း များအား စစ်ဆေး ကြည့်ရာပစ္စည်း များပျောက်ဆုံးနေသည်ကို တွေ့ရှိသဖြင့်နေအိမ်အောက်ထပ်မှ CCTV အား အကူညီတောင်း၍စစ်ဆေးကြည့်ရာCCTV မှတ်တမ်းများအရ ပစ္စည်းများ တရောက်တလှည့်မနိုင်မနင်းသယ်ထုတ်နေတာကို တွေ့ရှိရာမှရဲကိုအကြောင်းကြား ပြီးစစ်ဆေးရာမှခိုးမှုကြီး ပေါ်ပေါက်ခဲ့ပါသဖြင့်
အိမ်အကူ ညီအမ နှင့် သူမ၏ ရီးစား အပါ ဝင်ဖခင် တို့ လေးဦးအား ချုပ်ရမန်ယူ ၍ တရား ရင်ဆိုင်ခဲ့ ရာ တွင် သားအဖ သုံး ဦးမှာ
ရာဇသတ်ကြီး ပုဒ်မ ၃၈၁ နှင့် ၃၈၁/၁၁၄ အရ အလုပ်နှင့် ထောင်ဒဏ် ၂နှစ်အသီးသီး ကျခံစေရန် ရုံးတော်မှ အမိန့် ချမှတ်ခဲ့ပါသည်
သူမ၏ ရီးစား (မောင်အောင်ကိုမြင့်)သည် ရုံးတော်မှ ပစ်မှူ မထင်ရှား သဖြင့်လွှတ်ပေးခဲ့ ပါသည် ယခု ရရှိသော သတင်းအချက်အလက် များသည်ကျွန်တော် ကိုယ်တိုက် စုံစမ်းသိရှိရသမျှရးသား တင်ဆက်လိုက် ခြင်းသာ ဖြစ်ပါကြောင်း
အိမ်အကူများကိုအယုံမလွယ်ကြစေဖို့သတိထားနိုင်ကြဖို့ထပ်ဆင့်မျှဝေပေးကြပါကျော်နိုင်ဇင်(ခ)ကျော်ကျော်( S H)သတင်းဌာန(အရှေ့ပိုင်းခရိုင်) ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ် အမှန်တရားသတင်းဂျာနယ်