Zawgyi
Unicode
ရန်ကုန်၊ရန်ကင်းဆေးရုံက နပ်စ်မတွေကြောင့် အကြွေစောခဲ့ရတဲ့ သနားစရာ မေမေ့သမီးလေး
မွေးမွေးချင်း ရန်ကုန်ရန်ကင်း ကလေးဆေးရုံကို တန်းတက်ရတရ်.သမီးလေးကို အဖွားနဲ့ထားခဲ့ပီး ကျွန်မကအိမ်ကို ပြန်လာခဲ့ရတယ်….
15ရက်နေ့ ကျွန်မသမီးလေးဆီကို သွားခဲ့တရ်.နောက်နေ့ ဆရာဝန်တွေက နောက်နေ့အောက်စီဂျင် ပိုက်တွေဖြုတ်ပေးပီး ၁နာရီရေ၁ဇွန်းတိုက်ခိုင်းတယ်….
နောက်နေ့၁နာရီ ရေ၅ဇွန်းတိုက်ခိုင်းတရ်.နောက်နေ့ အမေနို့၁ဇွန်းတိုက်ခိုင်းတရ်. တနလာင်္နေ့မှ အောက်စီဂျင်ပြန်တက်တရ်.နှလုံးခုန်မြန်နေလို့ အမေနို့ပါမတိုက်နဲ့တဲ့.အင်္ဂါနေ့21ရက်နေ့က သမီးလေးကို သွေးကြည်၁လုံးသွင်းတရ်.သွေးသွင်းပီး သမီးလေးမျက်နှာ ဖောရောင်ပြီးပြည့်လာတယ်…
ကျွန်မနပ်စ်မကို သမီးကသွေးသွင်းပီး ဖောရောင်လာတရ်လို့ပြောတရ်.နပ်စ်မကတည့်လို့တဲ့.ဗုဒ္ဓဟူးနေ့မှ 22ရက်နေ့မှာသွေးကြည်၂လုံးထပ်သွင်းတယ်…
ကလေးမှာပိုဖောရောင်လာတရ်.သမီးလေးကို ဆရာမတွေသွေးထုတ်တော့ အမေတစ်ယောက် အနေနဲ့မကြည့်ရက်ခဲ့ဘူး.သမီးလေးရဲ့ခြေထောက်တွေ လက်တွေရစရာမရှိအောင် အပ်ပေါက်ရာတွေနဲ့ပြည့်နေတရ်.သမီးမှာအရွယ်နဲ့ မလိုက်အောင်ခံစားနေရတယ်…
ဆရာမတွေဆူတာလည်းခံရတရ်.အပေါက်ဆိုးတဲ့ ဆရာမတွေကို ဘာမှအပြန်မပြောနိုင်ခဲ့ဘူး.သမီးလေးမျက်နှာကြောင့်.23ရက်ကြာသာပတေးနေ့ မနက်8နာရီကနေ သမီးလေးကအရင်နဲ့ မတူပဲမျက်နှာတွေညိုမဲလာတရ်.ခါတိုင်းနေတဲ့ကလေးကမနေတော့ဘူး.
အခန်းထဲမှာ သမီးကအေးတဲ့ကလေး.သူများကလေးတွေလိုလည်း သူမငိုရှာဘူး.ကျွန်မချက်ချင်းဆရာမကိုသွားတရ်.ဆရာမကအောက်စိဂျင်ပြန်လုပ်ပေးသွားတယ်…သမီးလးကမနေပြန်ဘူး.ဆရာမကိုသွားပြန်ခေါ်တရ်.ကြည့်ပြီးပြန်သွားတရ်.သမီးကပိုဆိုးလာတရ်.ဘာမှမဖစ်ဘူးဆိုပီး ပြောပြီးပြန်သွားပြန်တယ်…
နောက်ဆရာမရောက်လာပီး သမီးအသက်ထွက်ခါနီးတောင် သွေးလာထုတ်တရ်.ဆရာမကိုအကူအညီတောင်းတရ် ဆရာဝန်လာမှပြောပေးမရ်တဲ့.သူတို့အတွက် အသက်ကအရေးမပါဘူးလား.ရက်စက်လိုက်ကြတာ.ဒီလိုဖစ်နေတာတောင် သူတို့ကအေးဆေးပဲနေတရ်.ဘာမှလည်းမလုပ်ပေးဘူး.
နေ့လည်၁၁ခွဲ ဧည့်တွေ့ချိန်မှာ ကျွန်မယောကျာ်းရောက်လာပီ ဆရာမကိုသွားပြန်ခေါ်တရ်.နောက်တော့သမီးလေးကို အရေးပေါ်လုပ်ကြတယ်…1နာရီခွဲထိ သမီးလေးအသက်ရှုနှုန်း ကျလာတရ်.လက်ထောက်ဆရာမတွေက ဆရာဝန်ကိုမခေါ်ပဲ သူတို့ပဲလုပ်နေတရ်.နောက်မှဆရာဝန်ရောက်လာပီး သမီးအသက်ကမြော့မြော့ပဲ ကျန်တော့တယ်…
2ခွဲတော့ဆရာဝန်ထွက်သွားပြီး ဆရာဝန်ထွန်းမင်းဦးနောက်ကို လိုက်သွားတရ်.ကလေးကအသက်မရှိတော့ဘူးတဲ့.အမေဘာပြောချင်သေးလည်းတဲ့.ကျွန်မမှာပြောဖို့အ ားတောင်မရှိတော့ဘူး.ကလေးကလေထုကနေပိုးဝင်တာတဲ့.ခွဲစိတ်လို့မရနိုင်ဘူးတဲ့.သမီးလေးမသေခင်ကျွန်မကိုသူကြည့်နေတယ်..
သမီးလေးစဖစ်တည်းက သူတို့အရေးပေါ်လုပ်သင့်တယ်.. သနားစရာကောင်းလိုက်တဲ့ အမေ့သမီးလေး. အမေတစ်ယောက်ရဲ့ခံစားချက်နဲ့ရေးတဲ့စာပါ.မသေသင့်ပဲ အစောကြီးကြွေလွှင့်သွားရတဲ့ သမီးလေးရယ်…ခရက်ဒစ်