ကံတရားကအခ်ိန္တန္ရင္ ေသလုေမ်ာပါးျဖစ္ေနခ်ိန္မွာလည္း ေကာက္ခါငင္ခါနဲ႔ ကံေကာင္းတတ္ပါတယ္
Zawgyi
ကံတရားကအခ်ိန္တန္ရင္ ေသလုေမ်ာပါးျဖစ္ေနခ်ိန္မွာလည္း ေကာက္ခါငင္ခါနဲ႔ ကံေကာင္းတတ္ပါတယ္
ထိုင္းႏိုင္ငံနခြန္ဖႏုမ္ခ႐ိုင္ ဖုန္းစဝမ္ၿမိဳ႕နယ္ ေဆး႐ုံမွာ က်မၼာေရးမေကာင္းလို႔တက္ေရာက္ကုသေနတဲ့ ႏုံခ်ာလွတဲ့အဖိုးအိုနဲ႔အဖြားအိုတို႔လည္း ယေန႔ထိုင္းထီ ပထမဆုႀကီး ဘတ္ ၆ သန္းဆုကို ဆြတ္ခူးလိုက္တယ္ဆိုတာသိရလို႔ ကုတင္ေပၚကလူမမာရဲ႕အၿပဳံးကေရာဂါတစ္ဝက္ကိုသက္သာသြားေစပါၿပီ
ဆရာဝန္ေတြေရာ နာစ္ေတြပါေပ်ာ္ေနၾကတယ္ ဘာဘဲေျပာေျပာကြဲကြာေနတဲ့သားသမီးေျမးတစ္စုလည္းမၾကာမီ အဖိုးတို႔အဖြားတို႔နားကိုျပဳစုဘို႔အေရာက္လာၾကေတာ့မယ္ထင္ပါတယ္..
နံပါတ္တူထီႏွစ္ေစာင္ထဲက တစ္ေစာင္သာကံစမ္းခဲ့ေပမယ့္ ယခုလိုက်မၼာေရးခ်ိဳ႕တဲ့ေနခ်ိန္ ထီထေပါက္တာဟာ ကံထူးတယ္လို႔ေျပာရမွာေပါ့ ထိုင္းထီကတစ္ခုေကာင္းတယ္ အကၡရာစဥ္မပါဘူး ၊ ဘတ္ ၆ သန္းဆုကစၿပီး က်န္တဲ့ဆုေတြအားလုံး နံပါတ္တူေတြအမ်ားႀကီးရွိတဲ့အတြက္ ပထမဆုႀကီးကိုမွ်ေဝေပါက္ၾကတဲ့သူေတြလည္းရွိပါတယ္ ၊
တတ္ႏိုင္လို႔ နံပါတ္တူ ၁၀ ေစာင္တြဲထိုးႏိုင္ရင္လည္း ဘတ္သန္း ၆၀ ေပါက္ခြင့္ရွိပါတယ္..ျမန္မာထီဆုႀကီးကိုလည္း သိန္းေပါင္း ၁ ေသာင္းခြဲကို ၅ ေထာင္ဆုႀကီးအျဖစ္ အကၡရာျဖဳတ္ၿပီး နံပါတ္တူေတြမ်ားမ်ား႐ိုက္ႏွိပ္ေရာင္းသင့္တယ္.
ဒါဆိုရင္ ေပါက္တဲ့သူမ်ားေတာ့ ပိုေကာင္းတာေပါ့ေနာ္.. အခုကအကၡရာတူမွေပါက္ဘို႔ကံကလည္းမလြယ္ေရးခ်မလြယ္ပါ..လား ( စဥ္းစားမိတာပါ ) ခရက္ဒစ္
Unicode
ကံတရားကအချိန်တန်ရင် သေလုမျောပါးဖြစ်နေချိန်မှာလည်း ကောက်ခါငင်ခါနဲ့ ကံကောင်းတတ်ပါတယ်
ထိုင်းနိုင်ငံနခွန်ဖနုမ်ခရိုင် ဖုန်းစဝမ်မြို့နယ် ဆေးရုံမှာ ကျမ္မာရေးမကောင်းလို့တက်ရောက်ကုသနေတဲ့ နုံချာလှတဲ့အဖိုးအိုနဲ့အဖွားအိုတို့လည်း ယနေ့ထိုင်းထီ ပထမဆုကြီး ဘတ် ၆ သန်းဆုကို ဆွတ်ခူးလိုက်တယ်ဆိုတာသိရလို့ ကုတင်ပေါ်ကလူမမာရဲ့အပြုံးကရောဂါတစ်ဝက်ကိုသက်သာသွားစေပါပြီ
ဆရာဝန်တွေရော နာစ်တွေပါပျော်နေကြတယ် ဘာဘဲပြောပြောကွဲကွာနေတဲ့သားသမီးမြေးတစ်စုလည်းမကြာမီ အဖိုးတို့အဖွားတို့နားကိုပြုစုဘို့အရောက်လာကြတော့မယ်ထင်ပါတယ်..
နံပါတ်တူထီနှစ်စောင်ထဲက တစ်စောင်သာကံစမ်းခဲ့ပေမယ့် ယခုလိုကျမ္မာရေးချို့တဲ့နေချိန် ထီထပေါက်တာဟာ ကံထူးတယ်လို့ပြောရမှာပေါ့ ထိုင်းထီကတစ်ခုကောင်းတယ် အက္ခရာစဉ်မပါဘူး ၊ ဘတ် ၆ သန်းဆုကစပြီး ကျန်တဲ့ဆုတွေအားလုံး နံပါတ်တူတွေအများကြီးရှိတဲ့အတွက် ပထမဆုကြီးကိုမျှဝေပေါက်ကြတဲ့သူတွေလည်းရှိပါတယ် ၊
တတ်နိုင်လို့ နံပါတ်တူ ၁၀ စောင်တွဲထိုးနိုင်ရင်လည်း ဘတ်သန်း ၆၀ ပေါက်ခွင့်ရှိပါတယ်..မြန်မာထီဆုကြီးကိုလည်း သိန်းပေါင်း ၁ သောင်းခွဲကို ၅ ထောင်ဆုကြီးအဖြစ် အက္ခရာဖြုတ်ပြီး နံပါတ်တူတွေများများရိုက်နှိပ်ရောင်းသင့်တယ်.
ဒါဆိုရင် ပေါက်တဲ့သူများတော့ ပိုကောင်းတာပေါ့နော်.. အခုကအက္ခရာတူမှပေါက်ဘို့ကံကလည်းမလွယ်ရေးချမလွယ်ပါ..လား ( စဉ်းစားမိတာပါ ) ခရက်ဒစ်