ကေလးသူငယ္မ်ားအတြက္ ခမည္းေပးသည္ဆိုရာ၀ယ္
Zawgyi
ကေလးသူငယ္မ်ားအတြက္ ခမည္းေပးသည္ဆိုရာ၀ယ္
ခမည္းေပးသည္ ဆိုေသာေ၀ါဟာရသည္ ၿမိဳ႕ႀကီးျပႀကီးတြင္ နည္းပါးလြန္းေသာ္လည္း ေက်းလက္ေဒသတြင္မူ ယေန႔တိုင္ေအာင္ ေခတ္စားေသာ လူသိမ်ားေသာ အေၾကာင္းအရာ တစ္ခုပင္ ျဖစ္ေလ၏။
ကေလးမ်ား ေနထိုင္မေကာင္း ျဖစ္ေသာအခါတြင္ျဖစ္ေစ တငိုငိုႏွင့္ တအီအီ ျဖစ္ေနေသာအခါမ်ားတြင္ ျဖစ္ေစ ညဘက္တြင္ တညလံုး မအိပ္ပဲ လန္႔လန္႔ေနေသာ အခါမ်ားတြင္ျဖစ္ေစ ကေလး၏ မိဘမ်ားသည္
ထိုကေလးအား က်န္းမာေရး ေကာင္းဖို႔ရန္အတြက္ ဆရာေတာ္သံဃာေတာ္မ်ား၊ သက္ႀကီးရြယ္ႀကီး ပုဂၢိဳလ္မ်ား၊ သီလသမာဓိႏွင့္ ျပည့္စံုေသာ ပုဂၢိဳလ္မ်ားထံတြင္ ခ်ဥ္းကပ္၍ ေရာင္းခ်၍ ကေလး၏ က်န္းမာေရး ေကာင္းရန္ ေဆာင္ရြက္တတ္ၾကသည္။
ထိုအယူအဆသည္ ယေန႔မ်က္ေမွာက္ေခတ္အထိ လူႀကီးသူမမ်ား အသံုးျပဳေလ့ရွိ၏။ ထိုအယူအဆႏွင့္ ပူးတြဲ၍ ခမည္းေပးသည္ဆိုေသာ ေ၀ါဟာရသည္ တည္ရ်ိေနေလသည္။
ယခုအခါတြင္ ကြ်ႏ္ုပ္သည္ ျမန္မာ့႐ိုးရာ ေရွ႕႐ိုးအယူအဆ တစ္ခုျဖစ္ေသာ ခမည္းေပးျခင္းႏွင့္ ပါတ္သက္ေသာ အေၾကာင္းအရာတစ္ခုကို တင္ျပခ်င္ပါတယ္။
ကေလး၏ ျမန္မာေမြးသကၠရာဇ္ကိုတည္ပါ။ ေမြးနံၿဂိဳလ္သက္ႏွင့္ ေပါင္းပါ။ (၇)ႏွင့္စားပါ။ ရရွိေသာ အၾကြင္းအလိုက္ ကေလးအား ခခမည္းေပးျခင္းပင္ ျဖစ္ေလ၏။
ထိုေနရာ၌ ေမြးနံၿဂိဳဟ္သက္ကိုမူ ပံုေသအတိုင္းမွတ္ထားအပ္ေလ၏။
တနဂၤေႏြ-(၈)
တနလၤာ-(၁၅)
အဂၤါ-(၈)
ဗုဒၶဟူး-(၁၇)
ရာဟု-(၁၂)
ၾကာသပေတး-(၁၉)
ေသာၾကာ-(၂၁)
စေန-(၁၀)
ဥပမာအားျဖင့္ ၁၃၇၂-ခုႏွစ္ ေမြးဖြားေသာ တနလၤာသားသမီး ကေလးတစ္ဦးကို နမူနာ တြက္ၾကည္ၾကပါစို႔…
ေမြးသကၠရာဇ္ ၁၃၃၇+တနလၤာေန႔ေမြးနံၿဂိဳဟ္သက္ ၁၅ ၊ ေပါင္းလိုက္ပါက ၁၃၅၂ ရပါတယ္။ ရရွိထားေသာ ၁၃၅၂-ကို (၇)ႏွင့္စား၍ ရရွိလာေသာ အႀကြင္းအတိုင္း ကေလးကို ခမည္းေပးရပါမည္။
အၾကြင္း (၁) ရေသာ္….
ဖခင္ျဖစ္သူက ကေလးအား အနီေရာင္အ၀တ္အစား ၀တ္စားဆင္ယင္ေပးရမည္။
အၾကြင္း (၂) ရေသာ္….
ဖခင္ျဖစ္သူက ကေလးအား အစိမ္းေရာင္ အ၀တ္အစား ခမည္းေပးရမည္။
အႀကြင္း (၃) ရေသာ္….
အကိုျဖစ္သူမွ အနီေရာင္အ၀တ္အစားအား ခမည္းေပးရမည္။
အၾကြင္း (၄) ရေသာ္….
ကိုးကြယ္ေသာ ရဟန္းသံဃာတစ္ပါးမွ အျဖဴေရာင္ အ၀တ္အစားကို ခမဲေပးရမည္။
အၾကြင္း (၅)ရေသာ္….
ဘေထြးေတာ္စပ္သူမွ ေရႊ၀ါေရာင္အ၀တ္အစားကို ခမည္းအျဖစ္ေပးရမည္။
အၾကြင္း (၆) ရေသာ္….
ဦးေလးျဖစ္သူမွ အျဖဴေရာင္ အ၀တ္အစားကို ၀တ္ဆင္ေပးရမည္။
အၾကြင္း (၀) ရေသာ္…..
အဘိုးအဘြာ ေတာ္စပ္သူမွ အနက္ေရာင္ အ၀တ္အစားကို ခမည္းအျဖစ္ေပးရမည္
ထို႔ေနာက္ ခမည္းေပးရာ၌ အခ်ိန္ကာလ ႏွင့္ ထိုေန႔တြင္ လွဴဒါန္းရမည့္ အလွဴဒါနကိုလည္း ေအာက္ပါအတိုင္း သတ္မွတ္ထားေသး၏။
တနဂၤေႏြေန႔ ………… နံက္ ၉း၀၀ မွ ၁၀း၃၀……….ႀကံရည္
တနလၤာေန႔ …………..နံက္ ၉း၀၀ မွ ၁၀း၃၀………ဆိပ္သာဟင္း
အဂၤါေန႔………………..ေန႔ ၁၂း၀၀ မွ ၁း၃၀…………ေရႊသကၤန္း
ဗုဒၶဟူးေန႔……………..နံက္ ၉း၀၀ မွ ၁၀း၃၀……….ေပါင္မုန္႔
ရာဟု…………………. ေန႔ ၁၂း၀၀ မွ ၁း၃၀………..ေရႊထီး
ၾကာသပေတးေန႔…… နံက္ ၉း၀၀ မွ ၁၀း၃၀………သစ္သီး
ေသာၾကာေန႔…. …… ညေန ၃း၀၀ မွ ၄း၃၀………ေရႊသကၤန္း
စေနေန႔……………….နံက္ ၉း၀၀ မွ ၁၀း၃၀ ……..ပ႒ာန္းေရအိုး
ကေလးေန႔သားအလိုက္ သက္ဆိုင္ရာ အလွဴဒါနမ်ားကိုလည္း ကေလး၏အမည္ျဖင့္ လွဴရမည္။ ဘုရားေစတီး ေက်ာင္းကန္မ်ားတြင္ လွဴဒါန္းႏိုင္ပါသည္။ ထိုကဲ့သို႔ ကေလးအား ခမည္းေပးျခင္းျဖင့္
မိမိတို႔၏ သားသမီး ရင္ေသြးရတနာျ့ဖစ္သူသည္ အႏၲရာယ္ကင္းေစျခင္း၊ က်န္းမာေရး ေကာင္းေစျခင့္၊ စိတ္ရႊင္လန္းေစျခင္း ျဖစ္ေစပါေၾကာင္း ေစတနာေကာင္းျဖင့္ တင္ျပေပးလိုက္ပါတယ္။
သင္တို႔၏အက်ိဳးကိုထာ၀စဥ္လိုလားေသာ..ဟိန္းတင့္ေဇာ္ ( ခရက္ဒစ္ )
Unicode
ကလေးသူငယ်များအတွက် ခမည်းပေးသည်ဆိုရာဝယ်
ခမည်းပေးသည် ဆိုသောဝေါဟာရသည် မြို့ကြီးပြကြီးတွင် နည်းပါးလွန်းသော်လည်း ကျေးလက်ဒေသတွင်မူ ယနေ့တိုင်အောင် ခေတ်စားသော လူသိများသော အကြောင်းအရာ တစ်ခုပင် ဖြစ်လေ၏။
ကလေးများ နေထိုင်မကောင်း ဖြစ်သောအခါတွင်ဖြစ်စေ တငိုငိုနှင့် တအီအီ ဖြစ်နေသောအခါများတွင် ဖြစ်စေ ညဘက်တွင် တညလုံး မအိပ်ပဲ လန့်လန့်နေသော အခါများတွင်ဖြစ်စေ ကလေး၏ မိဘများသည်
ထိုကလေးအား ကျန်းမာရေး ကောင်းဖို့ရန်အတွက် ဆရာတော်သံဃာတော်များ၊ သက်ကြီးရွယ်ကြီး ပုဂ္ဂိုလ်များ၊ သီလသမာဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များထံတွင် ချဉ်းကပ်၍ ရောင်းချ၍ ကလေး၏ ကျန်းမာရေး ကောင်းရန် ဆောင်ရွက်တတ်ကြသည်။
ထိုအယူအဆသည် ယနေ့မျက်မှောက်ခေတ်အထိ လူကြီးသူမများ အသုံးပြုလေ့ရှိ၏။ ထိုအယူအဆနှင့် ပူးတွဲ၍ ခမည်းပေးသည်ဆိုသော ဝေါဟာရသည် တည်ရျိနေလေသည်။
ယခုအခါတွင် ကျွန်ုပ်သည် မြန်မာ့ရိုးရာ ရှေ့ရိုးအယူအဆ တစ်ခုဖြစ်သော ခမည်းပေးခြင်းနှင့် ပါတ်သက်သော အကြောင်းအရာတစ်ခုကို တင်ပြချင်ပါတယ်။
ကလေး၏ မြန်မာမွေးသက္ကရာဇ်ကိုတည်ပါ။ မွေးနံဂြိုလ်သက်နှင့် ပေါင်းပါ။ (၇)နှင့်စားပါ။ ရရှိသော အကြွင်းအလိုက် ကလေးအား ခခမည်းပေးခြင်းပင် ဖြစ်လေ၏။
ထိုနေရာ၌ မွေးနံဂြိုဟ်သက်ကိုမူ ပုံသေအတိုင်းမှတ်ထားအပ်လေ၏။
တနင်္ဂနွေ-(၈)
တနင်္လာ-(၁၅)
အင်္ဂါ-(၈)
ဗုဒ္ဓဟူး-(၁၇)
ရာဟု-(၁၂)
ကြာသပတေး-(၁၉)
သောကြာ-(၂၁)
စနေ-(၁၀)
ဥပမာအားဖြင့် ၁၃၇၂-ခုနှစ် မွေးဖွားသော တနင်္လာသားသမီး ကလေးတစ်ဦးကို နမူနာ တွက်ကြည်ကြပါစို့…
မွေးသက္ကရာဇ် ၁၃၃၇+တနင်္လာနေ့မွေးနံဂြိုဟ်သက် ၁၅ ၊ ပေါင်းလိုက်ပါက ၁၃၅၂ ရပါတယ်။ ရရှိထားသော ၁၃၅၂-ကို (၇)နှင့်စား၍ ရရှိလာသော အကြွင်းအတိုင်း ကလေးကို ခမည်းပေးရပါမည်။
အကြွင်း (၁) ရသော်….
ဖခင်ဖြစ်သူက ကလေးအား အနီရောင်အဝတ်အစား ဝတ်စားဆင်ယင်ပေးရမည်။
အကြွင်း (၂) ရသော်….
ဖခင်ဖြစ်သူက ကလေးအား အစိမ်းရောင် အဝတ်အစား ခမည်းပေးရမည်။
အကြွင်း (၃) ရသော်….
အကိုဖြစ်သူမှ အနီရောင်အဝတ်အစားအား ခမည်းပေးရမည်။
အကြွင်း (၄) ရသော်….
ကိုးကွယ်သော ရဟန်းသံဃာတစ်ပါးမှ အဖြူရောင် အဝတ်အစားကို ခမဲပေးရမည်။
အကြွင်း (၅)ရသော်….
ဘထွေးတော်စပ်သူမှ ရွှေဝါရောင်အဝတ်အစားကို ခမည်းအဖြစ်ပေးရမည်။
အကြွင်း (၆) ရသော်….
ဦးလေးဖြစ်သူမှ အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ပေးရမည်။
အကြွင်း (ဝ) ရသော်…..
အဘိုးအဘွာ တော်စပ်သူမှ အနက်ရောင် အဝတ်အစားကို ခမည်းအဖြစ်ပေးရမည်
ထို့နောက် ခမည်းပေးရာ၌ အချိန်ကာလ နှင့် ထိုနေ့တွင် လှူဒါန်းရမည့် အလှူဒါနကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားသေး၏။
တနင်္ဂနွေနေ့ ………… နံက် ၉း၀၀ မှ ၁၀း၃၀……….ကြံရည်
တနင်္လာနေ့ …………..နံက် ၉း၀၀ မှ ၁၀း၃၀………ဆိပ်သာဟင်း
အင်္ဂါနေ့………………..နေ့ ၁၂း၀၀ မှ ၁း၃၀…………ရွှေသင်္ကန်း
ဗုဒ္ဓဟူးနေ့……………..နံက် ၉း၀၀ မှ ၁၀း၃၀……….ပေါင်မုန့်
ရာဟု…………………. နေ့ ၁၂း၀၀ မှ ၁း၃၀………..ရွှေထီး
ကြာသပတေးနေ့…… နံက် ၉း၀၀ မှ ၁၀း၃၀………သစ်သီး
သောကြာနေ့…. …… ညနေ ၃း၀၀ မှ ၄း၃၀………ရွှေသင်္ကန်း
စနေနေ့……………….နံက် ၉း၀၀ မှ ၁၀း၃၀ ……..ပဋ္ဌာန်းရေအိုး
ကလေးနေ့သားအလိုက် သက်ဆိုင်ရာ အလှူဒါနများကိုလည်း ကလေး၏အမည်ဖြင့် လှူရမည်။ ဘုရားစေတီး ကျောင်းကန်များတွင် လှူဒါန်းနိုင်ပါသည်။ ထိုကဲ့သို့ ကလေးအား ခမည်းပေးခြင်းဖြင့်
မိမိတို့၏ သားသမီး ရင်သွေးရတနာြ့ဖစ်သူသည် အန္တရာယ်ကင်းစေခြင်း၊ ကျန်းမာရေး ကောင်းစေခြင့်၊ စိတ်ရွှင်လန်းစေခြင်း ဖြစ်စေပါကြောင်း စေတနာကောင်းဖြင့် တင်ပြပေးလိုက်ပါတယ်။
သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော..ဟိန်းတင့်ဇော် ( ခရက်ဒစ် )