Zawgyi
Unicode
အသက်(၆၄)နှစ်အရွယ်ဖိုးဖိုးက အသက်(၁၀)နှစ်၁၁လအရွယ်မြေးမလေးကို ကိုယ်ဝန်၅လရအောင်အကြိမ်ကြိမ်သားမယားပြုကျင့်လို့အဖမ်းခံရပြီ
အမှုဖြစ်စဉ်မှာ၁၃.၆.၂၀၂၀ရက်ညနေ၅နာရီ၃၀မိနစ်အချိန်ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊လှိုင်သာယာ(အနောက်)ပိုင်းသောင်ကြီးနယ်မြေရဲစခန်းတွင်ရဲအုပ်သန်းစိုးစခန်းမှုးတာဝန်ထမ်းဆောင်နေစဉ်
တရားလိုဒေါ်….(ခ)……(၅၄)နှစ်၊……လမ်း၊…..ရပ်ကွက်၊လှိုင်သာယာ(အနောက်)ပိုင်းနေသူက၎င်းသည်လွန်ခဲ့သော(၃)နှစ်ခန့်မှစ၍အဆိုပါပါလိပ်စာတွင်ဒုတိယအိမ်ထောင်ဖြစ်သည့်တင်မြင့်(၆၄)နှစ်၊နှင့်အတူမြေးဖြစ်သူ
မ….၊မောင်……နှင့်မ……..တို့နှင့်အတူနေထိုင်နေစဉ်၁၀.၆.၂၀၂၀ရက်ည၇နာရီအချိန်မြေးဖြစ်သူမ……(၁၀နှစ်.၁၁လ)ရှိသူသည်ဗိုက်ပူထွက်နေသည်ကိုတွေ့ရှိ၍မသင်္ကာသဖြင့်ညီမဖြစ်သူဒေါ်…..နှင့်အတူစစ် မေး ပြီး ဆေးရုံသို့သွားရောက်ပြသခဲ့ရာမြေးဖြစ်သူတွင်ကိုယ်ဝန်( ၅)လကျော်ရှိနေကြောင်းသိရှိရ၍
မေးမြန်းရာ ၂၀၁၉ ခုနှစ်၉(၊)လပိုင်း၊ရက်မမှတ်မိညနေ၆နာရီအချိန်ကျောင်းပိတ်ရက်ဖြစ်၍နေအိမ်တွင်ဦးတင်မြင့်(၆၄)နှစ်နှင့်နှစ်ဦးတည်းရှိနေစဉ်ဦးတင်မြင့်မှသမီးလာအုံးဟုခေါ်ပြီးဘယ်သူမှမပြောနဲ့။
ပြောရင်သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုကာပါးကိုနမ်းကာထမီအားချွတ်ပြီးသားမယားပြုကျင့်ခဲ့ကြောင်း၊မြေးဖြစ်သူမှရုန်းကန်သဖြင့်လည်ကောင်း၊တရားလိုမှပြန်လာသံကြားသဖြင့်ဦးတင်မြင့်(၆၄)နှစ်မှနောက်ဖေးသို့ဝင်သွားကြောင်း
၎င်းနောက်ပိုင်းတွင်မြေးဖြစ်သူမှာခြိမ်းခြောက်ခံထားရသဖြင့်ပြန်မပြောဘဲငြိမ်နေခဲ့ကြောင်း၊၎င်းနောက်ပိုင်းခြိမ်းနောက်ပြီး(၃/၄)ရက်ခန့်ခြားပြီး(၅)မိနစ်ခန့်(၁)ကြိမ်စီပြုကျင့်ခဲ့ကြောင်း၊ကိုယ်ဝန်ရှိသည်ကိုမသိသော်လည်းဗိုက်မှာတဖြည်းဖြည်းပူလာသည်ကိုသိရကာ
၂၀၂၀ပြည့်နှစ်၊(၄)လပိုင်းရက်မမှတ်မိနေ့ကနေအိမ်တွင်လူမရှိခိုက်ခြိမ်းခြောက်ပြီးသားမယားအဖြစ်(၅)မိနစ်ခန့်ကြာ(၁)ကြိမ်ထပ်မံပြုကျင့်ခြင်းခံရကြောင်းသရှိရသောကြောင့်မြေးဖြစ်သူ(၁၀)နှစ်ကျော်ကိုကိုယ်ဝန်(၅)လရအောင်သားမယားပြုကျင့်သူတင်မြင့်ကို
ဥပဒေအရအပြစ်ပေးအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာသောင်ကြီးနယ်မြေရဲစခန်း(ပ)၁၃၁၈/၂၀၂၀ရာဇသတ်ကြီးပဒေပုဒ်မ၃၇၆အရအမှုရေးဖွင့်ကာအမှုစစ်ရဲအုပ်သန်းစိုးကအမှုမှကျူးလွန်သူအားဖမ်းဆီးစစ်ဆေးခြင်း၊
အခင်းဖြစ်သက်သေခံပစ္စည်းများအားသိမ်းဆည်းခြင်း၊ကျူးလွန်သူနှင့်ကျင့်ခံရသူတို့အားဆေးစစ်ဆေးခြင်း၊အခင်းဖြစ်မြေပုံကြမ်းရေးဆွဲခြင်း၊အခင်းဖြစ်ပတ်သက်သေခံပစ္စည်းအားဓါတုဗေဒဝန်ရုံးသို့ပို့အပ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။(ခရက်ဒစ်)တင်နိုင်ထွန်း(လှိုင်သာယာ)S .Hသတင်းဌာနရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်အမှန်တရားသတင်းဂျာနယ်