Zawgyi
Unicode
စအိုကိုဆေးလိပ်မီးနဲ့ထိုးသူကိုဓားနင့်ထိုးသတ်မှုဖြစ်ပွား
အမှုဖြစ်စဉ်မှာ၁၄.၇.၂၀၂၀ရက်ည၁၀နာရီ၄၅မိနစ်အချိန်စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ချောင်းဦးမြို့မရဲစခန်းတွင်ဒုရဲမှုးအေးထွန်းစခန်းမှုးတာဝန်ထမ်းဆောင်နေစဉ်မဇင်မေဦး(၂၇)နှစ်၊ကျဘမ်း၊ရန်အောင်မြေရပ်ကွက်၊ညောင်ပင်ရပ်၊ချောင်းဦးမြို့နေသူက၎င်းသည်၁၄.၇.၂၀၂၀ရက်ည၈နာရီ၃၀မိနစ်အချိန်နေအိမ်တွင်ရှိနေစဉ်
ချောင်းဦးမြို့၊ချောင်းဦးတောင်ရပ်ကွက်၊ရဲလှေရပ်နေသန်းနိုင်ဝင်း(၃၈)နှစ်၊တောင်သူကလာရောက်ပြောဆိုသည်မှာ၎င်း၏ခင်ပွန်းအောင်ဇော်ဖြိုး(ခ)ကုလားမှာချောင်းဦးမြို့၊ခင်မွန်ကျေးရွာမန္တလေးမုံရွာကားလမ်းမပေါ်တွင်ဒဏ်ရာများနှင့်လဲကျနေကြောင်းသိရှိခဲ့ရသဖြင့်
ဖခင်ဖြစ်သူဦးခင်မောင်ဦးနှင့်အစ်ကိုဖြစ်သူကိုဝင်းကျော်ဦးတို့အားအခင်းဖြစ်နေရာသို့သွားရောက်ကြည့်ရှုခိုင်းလိုက်ရာည၉နာရီအချိန်တွင် အစ်ကိုဖြစ်သူ ကိုဝင်းကျော်ဦးမှ နေအိမ်သို့ ရောက်ရှိလာပြီးပြောကြား၍
ယောက်ျားဖြစ်သူအောင်ဇော်ဖြိုး(ခ)ကုလားမှာဒဏ်ရာ(၃)ချက်ရရှိပြီးသေဆုံးနေသည်ကိုတွေ့ရကြောင်းသိရှိခဲ့ရသဖြင့်မဇင်မေဦးမှ၎င်း၏ယောက်ျားအောင်ဇော်ဖြိုး(ခ)ကုလားအားဓားဖြင့်ထိုးသတ်သွားသူကိုစုံစမ်းဖော်ထုတ်အရေးယူပေးပါရန်ရဲစခန်းသို့တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ
ချောင်းဦးမြို့မရဲစခန်းအမှုကြီးအမှတ်စဉ်(၂/၂၀၂၀)၊(ပ)၂၁၃/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂အရအမှုရေးဖွင့်ကာရဲစခန်းမြောက်ဘက်(၃)မိုင်ခန့်အကွာမန္တလေးမုံရွာကားလမ်းမမိုင်တိုင်(၇၁/၇)အနီးခင်မွန်ကျေးရွာထိပ်တွင်
အောင်ဇော်ဖြိုး(ခ)ကုလားသည်ဝဲဘက်နို့အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ဝဲဘက်အောက်ဆုံး၊နံရိုးအပေါ်နားထိုးသွင်းဒဏ်ရာ(၁)ချက်၊ဆီးခုံယာဘက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာသေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရသဖြင့်ရဲဆေးစာနှင့်အတူအလောင်းကိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး
အခင်းဖြစ်ရပ်စစ်ဆေးခဲ့ရာသက်သေခံနံပါတ်(၁၀)အောက်ခံအဖြူရောင်၊သဲကြိုးအပြာရောင်ကြက်ပေါင်ဖိနပ်တစ်ရံ၊ဂက်စ်မီးခြစ်အစိမ်းရောင်(၁)လုံးတို့ကိုသိမ်းဆည်းကာသက်သေများစစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊ဓါတ်ပုံရိုက်ယူခြင်းနှင့်ကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက်
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးဝင်းကြည်မှအမှုမှန်အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေးအတွက်အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီးမုံရွာခရိုင်မှုခင်းနှိမ်းနင်းရေးအဖွဲ့မှရဲအုပ်ညိုသက်ဝင်း၊ချောင်းဦးစခန်းမှုးဒုရဲမှုးအေးထွန်းနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များကစုံစမ်းရာမှ
၁၈ .၇.၂၀၂၀ရက်နေ့နံနက်ပိုင်းကလူသတ်မှုကျူးလွန်ခဲ့သူမြင့်စိုး(ခ)ကတုံးမ(၄၄)နှစ်၊ရန်အောင်မြေရပ်ကွက်၊(၉)၊ချောင်းဦးမြို့နေသူကိုပြစ်မှုကျူးလွန်ခဲ့စဉ်က အသုံးပြုခဲ့သော ဓားတစ်လက်နှင့်အတူဖမ်းဆီးခဲ့သည်။
ပြစ်မှုကျူးလွန်သူမြင့်စိုး(ခ)ကတုံးမကိုအမှုစစ်ကအမှုနှင့်စစ်ဆေးခဲ့ရာ၎င်းသည်သေဆုံးသူအောင်ဇော်ဖြိုး(ခ)ကုလားဆိုသူနှင့်ရင်းနှီးကျွမ်းဝင်ကြရာလွန်ခဲ့တဲ့(၈)လခန့်ကနှစ်ဦးတွေ့ဆုံစဉ်ရန်ဖြစ်စကားများခဲ့ကြကြောင်း၊
သေဆုံးသူအောင်ဇော်ဖြိုး(ခ)ကုလားက၎င်း၏စအိုကိုဆေးလိပ်မီးနဲ့(၃)ချက်ထိုးခဲ့ကြောင်း၊၎င်းမှာဆေးလိပ်မီးဒဏ်ရာရရှိသွားသောကြောင့်စိတ်ဆိုးဒေါသဖြစ်အငြိုးထားကာယခုအခင်းဖြစ်ချိန်ဆုံတွေ့စဉ်ဓားနှင့်ထိုးခဲ့ကြောင်းပေါ်ပေါက်ချက်အရအသေးစိပ်စစ်မေးကာတရားစွဲတင်ပို့မည်ဖြစ်ကြောင်းသိရှိရသည်။ခရက်ဒစ်