ပါခ်ဳပ္ဆရာေတာ္ႀကီး ေဟာၾကားတဲ့ “ျမန္မာျပည္္္က လူေတြ မညီညႊတ္္ရျခင္း အေၾကာင္း”

Zawgyi

ပါခ်ဳပ္ဆရာေတာ္ႀကီး ေဟာၾကားတဲ့ “ျမန္မာျပည္္္က လူေတြ မညီညႊတ္္ရျခင္း အေၾကာင္း”

ပါခ်ဳပ္ဆရာေတာ္ႀကီး ေဟာၾကားထားခဲ့တဲ့ တရားေတာ္ေတြထဲမွ ျမန္မာျပည္က လူေတြ မညီညႊတ္ရျခင္း အေၾကာင္းကို ေဖာ္ျပလုိက္ပါတယ္။

တေလာက ဘုန္းႀကီးရန္ကုန္သြားေတာ့ “Mahachulalongkorn University”က ပါေမာကၡအဆင့္ ႏိုင္ငံျခားသား အမ်ိဳးသမီး တေယာက္က ဘုန္းႀကီးကို ဘာေမးတုန္းဆိုေတာ့-

“အရွင္ဘုရား ျမန္မာျပည္မွာ ျမန္မာေတြမညီညြတ္ဘူး”လို႔ၾကားတယ္တဲ့ ဘုန္းႀကီးက ” ေအး ဟုတ္တယ္ ” လို႔ . . .သူက “ဘာေၾကာင့္လဲ “တဲ့ . . .ဘုန္းႀကီးက ” ဘာေၾကာင့္မွ မဟုတ္ဘူး ” လို႔ “တို႔ လူမ်ိဳးေတြရဲ႕ ေသြးသားေၾကာင့္ ျဖစ္တာ”လို႔ ေျဖလိုက္တယ္..

“ျမန္မာလူမ်ိဳးေတြဟာ one man show နဲ႔ hero ေတြခ်ည္းပဲ”လို႔ အကုန္လုံး.. “တကယ့္သူရဲေကာင္းေတြပဲ”လို႔ ျမန္မာျပည္ က လူေတြက..ဘယ္ကိစၥပဲလုပ္လုပ္ one man show တကိုယ္ေကာင္း လုပ္ၾကတယ္။ စုေပါင္းလက္တဲြလုပ္တဲ့အက်င့္ အင္မတန္မွ အားနည္းတယ္။

သူ႔ထက္ငါသာဖို႔အတြက္ ႀကိဳးစားၾကတယ္ one man show ေပါ႔။ တစ္ေယာက္ထဲ ေကာင္းတာ ကိုျပခ်င္တယ္။ အဖဲြ႔အသင္းနဲ႔ ေအာင္ျမင္တာကို မလိုခ်င္ၾကဘူး။ တေယာက္ထဲပဲ လုပ္ခ်င္ၾကတယ္..

“တို႔ဆီမွာက heroေတြမ်ားတယ္”လို႔ အဲဒီလို ေျဖလိုက္ေတာ့ သူက ရယ္ေနတယ္။ ဟုတ္တယ္ ဒါဟာ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္တိုင္ကလည္း ညီညြတ္မႈကို အေလးထားခဲ့တယ္။

ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးေနာက္ ပထမဆုံး ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ တည္ေထာင္တဲ့အခ်ိန္မွာ ႏိုင္ငံေတာ္တံဆိပ္ထဲမွာ ဘာပါသလဲဆိုေတာ့ “သမဂၢါနံ တေပါ သုေခါ ” ဆိုတဲ့ စာတန္းေလးပါတယ္ေနာ္။

 

အဓိပၸာယ္က . . .”ညီညြတ္သူတို႔၏အက်င့္ဟာ ခ်မ္းသာေၾကာင္းျဖစ္တယ္ “တဲ့..ဒါေပမယ့္ ေနာက္ပိုင္းမွာ အဲဒီစာတန္းဟာ ေပ်ာက္ပ်က္ သြားၿပီ မရွိေတာ့ဘူး..ဒီေတာ့ တို႔ဆီမွာ ညီညြတ္မႈဆိုတာ လိုတာအမွန္ပဲ.. ဒါေပမယ့္ လူေတြက “နာနဆႏၵ နာနကၡႏၲိတာ” “စိတ္ဆႏၵခ်င္း ဟာ မတူညီၾကဘူး”

“အေတြးေတြဟာ မတူၾကဘူး”..မတူတဲ့အေတြးေတြကို ေပါင္းစပ္ထားဖို႔ရာ အေတာ္ခက္ခဲပါတယ္.. “one man show” “hero”ဆိုတဲ့ စိတ္ဓာတ္ေတြ ရွိေနလို႔ကေတာ့ ပိုၿပီးေတာ့ ခက္ခဲတာေပါ႔.. ဒါေၾကာင့္ ညီညြတ္မွျဖစ္မယ္ ညီညြတ္ၾကပါ . . .

ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး Dr.နႏၵမာလာဘိဝံသ (ပညာျဖင့္အသက္ေမြးျခင္းအေႀကာင္းတရားေတာ္)ေစတနာေမတၱာအရင္းခံျဖင့္ မ်ွေဝပူေဇာ္ပါသည္။ ခရက္ဒစ္

Unicode

ပါချုပ်ဆရာတော်ကြီး ဟောကြားတဲ့ “မြန်မာပြည်က လူတွေ မညီညွှတ်ရခြင်း အကြောင်း”

ပါချုပ်ဆရာတော်ကြီး ဟောကြားထားခဲ့တဲ့ တရားတော်တွေထဲမှ မြန်မာပြည်က လူတွေ မညီညွှတ်ရခြင်း အကြောင်းကို ဖော်ပြလိုက်ပါတယ်။

တလောက ဘုန်းကြီးရန်ကုန်သွားတော့ “Mahachulalongkorn University”က ပါမောက္ခအဆင့် နိုင်ငံခြားသား အမျိုးသမီး တယောက်က ဘုန်းကြီးကို ဘာမေးတုန်းဆိုတော့-

“အရှင်ဘုရား မြန်မာပြည်မှာ မြန်မာတွေမညီညွတ်ဘူး”လို့ကြားတယ်တဲ့ ဘုန်းကြီးက ” အေး ဟုတ်တယ် ” လို့ . . .သူက “ဘာကြောင့်လဲ “တဲ့ . . .ဘုန်းကြီးက ” ဘာကြောင့်မှ မဟုတ်ဘူး ” လို့ “တို့ လူမျိုးတွေရဲ့ သွေးသားကြောင့် ဖြစ်တာ”လို့ ဖြေလိုက်တယ်..

“မြန်မာလူမျိုးတွေဟာ one man show နဲ့ hero တွေချည်းပဲ”လို့ အကုန်လုံး.. “တကယ့်သူရဲကောင်းတွေပဲ”လို့ မြန်မာပြည် က လူတွေက..ဘယ်ကိစ္စပဲလုပ်လုပ် one man show တကိုယ်ကောင်း လုပ်ကြတယ်။ စုပေါင်းလက်တွဲလုပ်တဲ့အကျင့် အင်မတန်မှ အားနည်းတယ်။

သူ့ထက်ငါသာဖို့အတွက် ကြိုးစားကြတယ် one man show ပေါ့။ တစ်ယောက်ထဲ ကောင်းတာ ကိုပြချင်တယ်။ အဖွဲ့အသင်းနဲ့ အောင်မြင်တာကို မလိုချင်ကြဘူး။ တယောက်ထဲပဲ လုပ်ချင်ကြတယ်..

“တို့ဆီမှာက heroတွေများတယ်”လို့ အဲဒီလို ဖြေလိုက်တော့ သူက ရယ်နေတယ်။ ဟုတ်တယ် ဒါဟာ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ကလည်း ညီညွတ်မှုကို အလေးထားခဲ့တယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တည်ထောင်တဲ့အချိန်မှာ နိုင်ငံတော်တံဆိပ်ထဲမှာ ဘာပါသလဲဆိုတော့ “သမဂ္ဂါနံ တပေါ သုခေါ ” ဆိုတဲ့ စာတန်းလေးပါတယ်နော်။

 

အဓိပ္ပာယ်က . . .”ညီညွတ်သူတို့၏အကျင့်ဟာ ချမ်းသာကြောင်းဖြစ်တယ် “တဲ့..ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီစာတန်းဟာ ပျောက်ပျက် သွားပြီ မရှိတော့ဘူး..ဒီတော့ တို့ဆီမှာ ညီညွတ်မှုဆိုတာ လိုတာအမှန်ပဲ.. ဒါပေမယ့် လူတွေက “နာနဆန္ဒ နာနက္ခန္တိတာ” “စိတ်ဆန္ဒချင်း ဟာ မတူညီကြဘူး”

“အတွေးတွေဟာ မတူကြဘူး”..မတူတဲ့အတွေးတွေကို ပေါင်းစပ်ထားဖို့ရာ အတော်ခက်ခဲပါတယ်.. “one man show” “hero”ဆိုတဲ့ စိတ်ဓာတ်တွေ ရှိနေလို့ကတော့ ပိုပြီးတော့ ခက်ခဲတာပေါ့.. ဒါကြောင့် ညီညွတ်မှဖြစ်မယ် ညီညွတ်ကြပါ . . .

ပါချုပ်ဆရာတော်ဘုရားကြီး Dr.နန္ဒမာလာဘိဝံသ (ပညာဖြင့်အသက်မွေးခြင်းအကြောင်းတရားတော်)စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်။ ခရက်ဒစ်