တစ္ရက္ ၇၀၀၀ မွ မရရင္ ရိုက္ႏွက္တဲ့ သီလရွင္မေလးရဲ႕မိခင္

Zawgyi

တစ္ရက္ ၇၀၀၀ မွ မရရင္ ရိုက္ႏွက္တဲ့ သီလရွင္မေလးရဲ႕မိခင္

မေန႔ညက အိတ္ေရးပ်က္ခံၿပီး ေ႐ႊမင္းဝံရပ္ကြက္ ဂုဏ္သိကၡာမက်ေအာင္ ဝိုင္းဝန္းကူညီျဖရွင္းေပးၾကေသာ အုပ္ခ်ဳပ္ေရးမႈးႏွင့္ နယ္ေျမမႈးမ်ား၊ ရပ္ကြက္ေနျပည္သူမ်ား၊ မီးသက္တပ္ဖြဲ႕ ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕ စည္းလုးံညီၫႊတ္စြာနဲ႔ ဝိုင္းဝန္းေဆာင္႐ြက္ခ်က္ေလးေတြကိုေတာ့ ေလးစားမိတယ္ဗ်ာ။

အေၾကာင္းကဒီလိုပါ ပုံပါ ၇ ႏွစ္အ႐ြယ္သီလရွင္ဆရာေလးကို ေက်ာင္းမထား စာမသင္ပဲ ဘာသာသာသနာညွိုးႏြမ္းေအာင္ျပဳလုပ္ၿပီး အလႈခံခိုင္းစားေနတဲ့ တာဝန္မဲ့အေမတေယာက္ရဲ႕လုပ္ရပ္ကို ေဖၚထုပ္တားဆီးနိုင္ခဲ့လိုက္ေသာျဖစ္ရပ္တခုပါ။

သူတို႔ေနထိုင္တာက ပညာေရးေတာင္ဘက္ တကၠသိုလ္တံတိုင္းေဘး ေခ်ာင္းႏုတ္ခမ္းေပၚ က်ဳးေက်ာ္ထဲမွာေနထိုင္ခဲ့တာ၃ ႏွစ္ေက်ာ္ခန႔္ရွိၿပီလို႔ သိရပါတယ္။ ဒီသီလရွင္ဆရာငယ္ေလးကို လူတိုင္းျမင္ဘူးၾကမွာပါ။

အေမျဖစ္သူက ေန႔စဥ္ မနက္လင္းအခ်ိန္ကစ၍့အိမ္ကေန မုန႔္ဖို႔ေလး၅၀၀ ေလာက္ ေပးလိုက္ၿပီး အလႈခံထြက္ေတာ့တာပါပဲ။ ညေနအိမ္အျပန္မွာပိုက္ဆံ ၇၀၀၀၊ ၈၀၀၀ ေလာက္မွ မရရင္ အေမျဖစ္သူက ရိုက္ႏွပ္ႏွိတ္စက္တယ္လို႔ကာယကံျဖစ္သူ ဆရာငယ္ေလးကို က်ေနာ္ေမးျမန္းၾကည့္လို႔ သိခဲ့ရပါတယ္။

 

မေန႔ညက ဒီဆရာေလးကို မႏၲေလးဘက္ကေန ရပ္ကြက္တခုက အုပ္ခ်ဳပ္ေရးမႈးအပါအဝင္ ရပ္မိရပ္ဖမ်ားနဲ႔ ရပ္ကြက္ေနျပည္သူတခ်ိဳကေန ည ၁၀ နာရီေလာက္ရွိၿပီ မိုးခ်ဳပ္လို႔စိတ္မခ်ဘူးဆိုၿပီး ဆရာေလးကို ေခၚတင္ကာ အဖြဲ႕လိုက္ကားနဲ႔ေ႐ႊမင္းဝံရပ္ကြက္ကို လိုက္ပို႔ၿပီး အုပ္ခ်ဳပ္ေရး႐ုးံကို လာေရာက္အပ္ႏွံခဲ့တာပါ။

အုပ္ခ်ဳပ္ေရးမႈးကလဲ လာေရာက္အပ္ႏွံသည့္ မန္းတေလးက ဧည့္သည္မ်ားကို ေက်းဇူးတင္ေၾကာင္းေျပာဆိုၿပီး လာေရာက္အပ္ႏွံခံရသည့္ဆရာေလးရဲ႕ အေမျဖစ္သူကို ႐ုးံေတာ္သို႔ ခ်က္ခ်င္းဆင့္ေခၚၿပီး သက္ဆိုင္ရာ ရာအိမ္မႈးမ်ား၊ မီးသက္ ရဲတပ္ဖြဲ႕မ်ား ေရွ႕မွာ စစ္ေဆးေမးျမန္းၿပီး

ေနာက္ ဒီျပဳမူမ်ိဳး မျဖစ္ရေအာင္ ခံဝန္ကတိ လက္မွတ္ထိုးခိုင္းၿပီး ဒီသီလရွင္ငယ္ေလးကို ေနာင္အလႈခံထြက္ခိုင္းရင္ အိမ္ျပန္ေရာက္လို႔ ရိုက္ႏွပ္ညွင္းပန္းႏွိပ္စက္ေနရင္ ကေလးသူငယ္ေစာက္ေရွာက္ေရး ဥပေဒမ်ားနဲ႔ ခင္မ်ားကို က်ေနာ္ကိုယ္တိုင္တရားလိုျပဳလုပ္ၿပီးတရားစြဲသြားမည္ဟုေျပာဆိုဆုံးမၿပီး ျပန္လႊတ္လိုက္ပါတယ္။အားလုးံျပန္သြားၾကေတာ့ က်ေနာ္နာရီကိုငုံ႕ၾကည့္လိုက္ေတာ့ည ၁၂ နာရီ ထိုးခါနီးေနၿပီ။ ခရက္ဒစ္

Unicode

တစ်ရက် ၇၀၀၀ မှ မရရင် ရိုက်နှက်တဲ့ သီလရှင်မလေးရဲ့မိခင်

မနေ့ညက အိတ်ရေးပျက်ခံပြီး ရွှေမင်းဝံရပ်ကွက် ဂုဏ်သိက္ခာမကျအောင် ဝိုင်းဝန်းကူညီဖြရှင်းပေးကြသော အုပ်ချုပ်ရေးမှုးနှင့် နယ်မြေမှုးများ၊ ရပ်ကွက်နေပြည်သူများ၊ မီးသက်တပ်ဖွဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ စည်းလုးံညီညွှတ်စွာနဲ့ ဝိုင်းဝန်းဆောင်ရွက်ချက်လေးတွေကိုတော့ လေးစားမိတယ်ဗျာ။

အကြောင်းကဒီလိုပါ ပုံပါ ၇ နှစ်အရွယ်သီလရှင်ဆရာလေးကို ကျောင်းမထား စာမသင်ပဲ ဘာသာသာသနာညှိုးနွမ်းအောင်ပြုလုပ်ပြီး အလှုခံခိုင်းစားနေတဲ့ တာဝန်မဲ့အမေတယောက်ရဲ့လုပ်ရပ်ကို ဖေါ်ထုပ်တားဆီးနိုင်ခဲ့လိုက်သောဖြစ်ရပ်တခုပါ။

သူတို့နေထိုင်တာက ပညာရေးတောင်ဘက် တက္ကသိုလ်တံတိုင်းဘေး ချောင်းနုတ်ခမ်းပေါ် ကျုးကျော်ထဲမှာနေထိုင်ခဲ့တာ၃ နှစ်ကျော်ခန့်ရှိပြီလို့ သိရပါတယ်။ ဒီသီလရှင်ဆရာငယ်လေးကို လူတိုင်းမြင်ဘူးကြမှာပါ။

အမေဖြစ်သူက နေ့စဉ် မနက်လင်းအချိန်ကစ၍့အိမ်ကနေ မုန့်ဖို့လေး၅၀၀ လောက် ပေးလိုက်ပြီး အလှုခံထွက်တော့တာပါပဲ။ ညနေအိမ်အပြန်မှာပိုက်ဆံ ၇၀၀၀၊ ၈၀၀၀ လောက်မှ မရရင် အမေဖြစ်သူက ရိုက်နှပ်နှိတ်စက်တယ်လို့ကာယကံဖြစ်သူ ဆရာငယ်လေးကို ကျနော်မေးမြန်းကြည့်လို့ သိခဲ့ရပါတယ်။

မနေ့ညက ဒီဆရာလေးကို မန္တလေးဘက်ကနေ ရပ်ကွက်တခုက အုပ်ချုပ်ရေးမှုးအပါအဝင် ရပ်မိရပ်ဖများနဲ့ ရပ်ကွက်နေပြည်သူတချိုကနေ ည ၁၀ နာရီလောက်ရှိပြီ မိုးချုပ်လို့စိတ်မချဘူးဆိုပြီး ဆရာလေးကို ခေါ်တင်ကာ အဖွဲ့လိုက်ကားနဲ့ရွှေမင်းဝံရပ်ကွက်ကို လိုက်ပို့ပြီး အုပ်ချုပ်ရေးရုးံကို လာရောက်အပ်နှံခဲ့တာပါ။

အုပ်ချုပ်ရေးမှုးကလဲ လာရောက်အပ်နှံသည့် မန်းတလေးက ဧည့်သည်များကို ကျေးဇူးတင်ကြောင်းပြောဆိုပြီး လာရောက်အပ်နှံခံရသည့်ဆရာလေးရဲ့ အမေဖြစ်သူကို ရုးံတော်သို့ ချက်ချင်းဆင့်ခေါ်ပြီး သက်ဆိုင်ရာ ရာအိမ်မှုးများ၊ မီးသက် ရဲတပ်ဖွဲ့များ ရှေ့မှာ စစ်ဆေးမေးမြန်းပြီး

နောက် ဒီပြုမူမျိုး မဖြစ်ရအောင် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းပြီး ဒီသီလရှင်ငယ်လေးကို နောင်အလှုခံထွက်ခိုင်းရင် အိမ်ပြန်ရောက်လို့ ရိုက်နှပ်ညှင်းပန်းနှိပ်စက်နေရင် ကလေးသူငယ်စောက်ရှောက်ရေး ဥပဒေများနဲ့ ခင်များကို ကျနော်ကိုယ်တိုင်တရားလိုပြုလုပ်ပြီးတရားစွဲသွားမည်ဟုပြောဆိုဆုံးမပြီး ပြန်လွှတ်လိုက်ပါတယ်။အားလုးံပြန်သွားကြတော့ ကျနော်နာရီကိုငုံ့ကြည့်လိုက်တော့ည ၁၂ နာရီ ထိုးခါနီးနေပြီ။ ခရက်ဒစ်