ႏႈတ္၀စီျကမ္းတဲ့အခါ ဘ၀ပါျကမ္းတက္တယ္

Zawgyi

ႏႈတ္၀စီျကမ္းတဲ့အခါ ဘ၀ပါျကမ္းတက္တယ္

လြန္ခဲ ့တဲ ့၁၀ ႏွစ္ေက်ာ္ေလာက္က က်မတို႔အလုပ္မွာ အလြန္ေတာ္တဲ့ စီနီယာ အမ်ိဳးသမီး တေယာက္နဲ ့ၾကံဳဖူးတယ္ေနာက္ပိုင္းမွာသူမအလုပ္ထြက္သြားေတာ့ သူမရာထူးေနရာမွာ က်မေရာက္လာခဲ ့တယ္

ဒီလိုအလုပ္ထြက္သြားတဲ့အတြက္ အလြန္ကို ႏွေမ်ာမိတာ က်မ နဲ ့အလုပ္ရွင္ ၂ ေယာက္ပဲရွိမယ္ထင္တယ္က်န္တဲ ့ဝန္ထမ္းေတြကေတာ့ ေပ်ာ္လြန္းလို ့သူထြက္သြားေတာ့ စားပြဲေသာက္ပြဲေတာင္လုပ္ၾကတယ္လို့ေနာက္ပိုင္းျပန္ၾကားရတယ္

ဒီအမ်ိဳးသမီးဟာ လုပ္ငန္းလည္းကၽြမ္းက်င္တဲ့အျပင္ အလုပ္ခြင္အေတြ႕အၾကံဳလည္းရင့္က်က္တဲ ့အမ်ိဳးသမီးတဦးပါ ႏႈတ္ ဝစီၾကမ္းရင္ ဘဝၾကမ္းတတ္တယ္.. ဒီပို႔ေလးကို ေတြ႔တဲ့သူတိုင္း ေက်ာ္မသြားပါနဲ႔ေနာ္

ဒါပင္မယ့္ အေျပာအဆိုၾကမ္းျပီး တခါတရံ႐ိုင္းတဲ့ဘက္ကိုပါႏြယ္တတ္ပါေသးတယ္ ဒီ့အတြက္ေၾကာင့္လူအေတာ္မ်ားမ်ားနဲ ့အဆင္မေျပပါဘူးအသင္းအဖြဲ ့နဲ ့လုပ္တဲ ့ေနရာမွာ တဦးေကာင္းလုပ္လို ့မရသလို လုပ္ငန္းေအာင္ျမင္ျပီးစီးဖို ့အတြက္ ကိုယ့္အသင္းကို ကိုယ့္နဲ ့အတူတူပါလာေအာင္ ေခၚႏိုင္ဖို ့ဆိုတာလည္အလြန္အေရးႀကီးပါတယ္

ဒီလိုအမ်ားေနာက္ကပါလာဖို ့ဆိုတာကလဲ ကိုယ့္ရဲ ့ဦးတည္ခ်က္ကို ႐ိုးသားစြာခ်ျပျပီး ခ်ိဳခ်ိဳသာသာေျပာဆိုတတ္ဖို ့က ေနရာေတာ္ေတာ္မ်ားမ်ားမွာ အေရးပါေနျပန္ေရာဒါဟာ တကယ္ေတာ့ ခ်ိဳခ်ိဳသာသာနဲ ့ညာခိုင္းတာမဟုတ္ပါဘူး

ကိုယ္နဲ ့တြဲလုပ္တဲ ့အဆင့္အမ်ိဳးမ်ိဳးက လုပ္ေဖၚကိုင္ဖက္ေတြကို teamwork တခုအေနနဲ႔ တဦးဦးကိုတဦး ေဖးမတြဲေခၚျခင္းတမ်ိဳးပါသူမကႏႈတ္ၾကမ္းေတာ့ အလုပ္ေတာ့ျပီးသြားပါရဲ႕ဒါေပမဲ့ သူမနဲ႔အတူတူတြဲလုပ္သူေတြအေနနဲ႔ကေတာ့ညိဳျငင္စြာနဲ႔သာအလုပ္တခုၿပီးသြားတာပါ

သူေျပာေနက်စကားတစ္ခြန္းရွိတယ္“ငါက ပြင့္ပြင့္လင္းလင္းမွန္မွန္ကန္ကန္ပဲေျပာတတ္တယ္” လို ့ေႂကြးေၾကာ္တတ္ေပမဲ့ လိုရင္းတိုရွင္းပြင့္ပြင့္လင္းလင္းေျပာဆိုတာနဲ႔ ႐ိုင္းစိုင္းၾကမ္းတမ္းစြာ ေျပာတာနဲ႔က တျခားစီပါက်မ မၾကာခဏ အေျပာအဆို႐ိုင္းစိုင္း ၾကမ္းတမ္းတဲ ့သူေတြကိုေတြ ့ဖူးတယ္

သူတို ့အားလံုးတူေနၾကတာက အေျပာအဆို ႐ိုင္းစိုင္း ၾကမ္းတမ္းမႈကို ပြင့္လင္း႐ိုးသားမႈနဲ ့ေခါင္းစဥ္တပ္ၿပီးဖံုးကြယ္တတ္ၾကတာပဲယဥ္ယဥ္ေက်းေက်းခ်ိဳခ်ိဳသာသာေျပာတတ္သူဆို ဒါလိမ္ေနတာ ညာစားေနတာလို ့အတပ္ကိုေျပာခ်တတ္ၾကတယ္

လူအမ်ိဳးမ်ိဳး စ႐ိုက္အမ်ိဳးမ်ိဳးမို ့သူ ့ၾကမ္းတမ္းတဲ့စ႐ိုက္ကိုထားလို ့က်မအဓိကေျပာခ်င္တာက သူ ့ရဲ ့ဝစီကံ အေၾကာင္းပါဒီဝစီမေစာင့္တဲ ့အတြက္ သူကိုယ္တိုင္ပူေလာင္သလို သူ ့နဲ ့နီးစပ္သူေတြလည္းအေတာ္ပူေလာင္ပါတယ္

ေနာက္ဆံုး သူခင္တြယ္တဲ ့သူေတြရဲ႕ေရွာင္ဖယ္တာခံရျခင္း၊ အထီးက်န္ျခင္း၊ ေကာင္းက်ိဳးထက္ဆိုးက်ိဳးပိုမ်ားတဲ ့သူမေစတနာကို အသိအမွတ္အျပဳမခံရျခင္း ၊ႏွ ုတ္မေစာင့္လို႔ မလိုလားတဲ့တုန္႔ျပန္မႈဆိုးက်ိဳးေတြကိုရင္ဆိုင္ရင္းသူခင္တြယ္ရာလုပ္ငန္းခြင္ကေန မေပ်ာ္ပိုက္ေတာ့ပဲ စြန္ ့ခြာသြားခဲ ့တာ သူ ့လုပ္ခဲ ့တဲ ့အလုပ္တိုင္းလိုလိုမွာပါ

ေလာကႀကီးမွာ လူတိုင္းဟာ အပူမ်ိဳးစံုမို ့သူ ့အပူနဲ႔ ကိုယ့္အပူ မတူ အပူအမ်ိဳးအစားကြဲတာပဲရွိတာပါမလြန္ဆန္ႏိုင္တဲ့ေလာကဒါဏ္ေၾကာင့္ ပူရတဲ ့အထဲ ကိုယ့္ႏွ ုတ္ေၾကာင့္ မလိုလားအပ္ပဲ ထပ္ေလာင္းက်ေရာက္လာတဲ့ အပူေတြေၾကာင့္မို ေတာက္ေလာင္ရတဲ ့မီးဟာ ကိုယ္ကလြဲၿပီးဘယ္သူမွၿငိမ္းေပးဖို ့မလြယ္ပါဘူး

က်မတို ့ငယ္ငယ္က ေမာင္ႏွမေတြ ၾကမ္းတမ္းတမ္းေျပာတိုင္း ေမေမအၿမဲဆံုးမဖူးတယ္ႏႈတ္ကိုထိန္းပါ၊ ႏႈတ္ေၾကာင့္ေသတတ္သလို ကံေၾကာင့္ေၾကတတ္တယ္၊ ဝစီၾကမ္းရင္ ဘဝၾကမ္းမယ္” တဲ ့ကံဆိုတာကလည္း ကိုယ့္အားထုတ္မႈေၾကာင့္သက္ေရာက္မႈ ရွိသလိုမေမွ်ာ္လင့္ပဲ ၾကမ္းတမ္းစြာ က်ေရာက္လာတတ္တာမ်ိဳးမလား

ဒါဟာ ေလာကဒါဏ္လို ့ပဲက်မျမင္တယ္ ဘဝၾကမ္းၾကမ္းမွာ အက်မနာဖို ့အတြက္ က်မတို ့စိတ္ကပါသည္ျဖစ္ပါေစ မပါသည္ျဖစ္ပါေစ ဝစီကံ ကိုအတတ္ႏိုင္ဆံုးထိန္းသင့္ပါတယ္ကိုယ္တိုင္ၿငိမ္းခ်မ္းဖို ့ကိုယ္ခ်စ္တဲ ့သူေတြၿငိမ္းခ်မ္းဖို ့ခ်ိဳသာေသာစကားေျပာၾကရေအာင္ ။ ခရက္ဒစ္

Unicode

နှုတ်ဝစီကြမ်းတဲ့အခါ ဘဝပါကြမ်းတက်တယ်

လွန်ခဲ့တဲ့၁၀ နှစ်ကျော်လောက်က ကျမတို့အလုပ်မှာ အလွန်တော်တဲ့ စီနီယာ အမျိုးသမီး တယောက်နဲ့ကြုံဖူးတယ်နောက်ပိုင်းမှာသူမအလုပ်ထွက်သွားတော့ သူမရာထူးနေရာမှာ ကျမရောက်လာခဲ့တယ်

ဒီလိုအလုပ်ထွက်သွားတဲ့အတွက် အလွန်ကို နှမျောမိတာ ကျမ နဲ့အလုပ်ရှင် ၂ ယောက်ပဲရှိမယ်ထင်တယ်ကျန်တဲ့ဝန်ထမ်းတွေကတော့ ပျော်လွန်းလို့သူထွက်သွားတော့ စားပွဲသောက်ပွဲတောင်လုပ်ကြတယ်လို့နောက်ပိုင်းပြန်ကြားရတယ်

ဒီအမျိုးသမီးဟာ လုပ်ငန်းလည်းကျွမ်းကျင်တဲ့အပြင် အလုပ်ခွင်အတွေ့အကြုံလည်းရင့်ကျက်တဲ့အမျိုးသမီးတဦးပါ နှုတ် ဝစီကြမ်းရင် ဘဝကြမ်းတတ်တယ်.. ဒီပို့လေးကို တွေ့တဲ့သူတိုင်း ကျော်မသွားပါနဲ့နော်

ဒါပင်မယ့် အပြောအဆိုကြမ်းပြီး တခါတရံရိုင်းတဲ့ဘက်ကိုပါနွယ်တတ်ပါသေးတယ် ဒီ့အတွက်ကြောင့်လူအတော်များများနဲ့အဆင်မပြေပါဘူးအသင်းအဖွဲ့နဲ့လုပ်တဲ့နေရာမှာ တဦးကောင်းလုပ်လို့မရသလို လုပ်ငန်းအောင်မြင်ပြီးစီးဖို့အတွက် ကိုယ့်အသင်းကို ကိုယ့်နဲ့အတူတူပါလာအောင် ခေါ်နိုင်ဖို့ဆိုတာလည်အလွန်အရေးကြီးပါတယ်

ဒီလိုအများနောက်ကပါလာဖို့ဆိုတာကလဲ ကိုယ့်ရဲ့ဦးတည်ချက်ကို ရိုးသားစွာချပြပြီး ချိုချိုသာသာပြောဆိုတတ်ဖို့က နေရာတော်တော်များများမှာ အရေးပါနေပြန်ရောဒါဟာ တကယ်တော့ ချိုချိုသာသာနဲ့ညာခိုင်းတာမဟုတ်ပါဘူး

ကိုယ်နဲ့တွဲလုပ်တဲ့အဆင့်အမျိုးမျိုးက လုပ်ဖေါ်ကိုင်ဖက်တွေကို teamwork တခုအနေနဲ့ တဦးဦးကိုတဦး ဖေးမတွဲခေါ်ခြင်းတမျိုးပါသူမကနှုတ်ကြမ်းတော့ အလုပ်တော့ပြီးသွားပါရဲ့ဒါပေမဲ့ သူမနဲ့အတူတူတွဲလုပ်သူတွေအနေနဲ့ကတော့ညိုငြင်စွာနဲ့သာအလုပ်တခုပြီးသွားတာပါ

သူပြောနေကျစကားတစ်ခွန်းရှိတယ်“ငါက ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပဲပြောတတ်တယ်” လို့ကြွေးကြော်တတ်ပေမဲ့ လိုရင်းတိုရှင်းပွင့်ပွင့်လင်းလင်းပြောဆိုတာနဲ့ ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောတာနဲ့က တခြားစီပါကျမ မကြာခဏ အပြောအဆိုရိုင်းစိုင်း ကြမ်းတမ်းတဲ့သူတွေကိုတွေ့ဖူးတယ်

သူတို့အားလုံးတူနေကြတာက အပြောအဆို ရိုင်းစိုင်း ကြမ်းတမ်းမှုကို ပွင့်လင်းရိုးသားမှုနဲ့ခေါင်းစဉ်တပ်ပြီးဖုံးကွယ်တတ်ကြတာပဲယဉ်ယဉ်ကျေးကျေးချိုချိုသာသာပြောတတ်သူဆို ဒါလိမ်နေတာ ညာစားနေတာလို့အတပ်ကိုပြောချတတ်ကြတယ်

လူအမျိုးမျိုး စရိုက်အမျိုးမျိုးမို့သူ့ကြမ်းတမ်းတဲ့စရိုက်ကိုထားလို့ကျမအဓိကပြောချင်တာက သူ့ရဲ့ဝစီကံ အကြောင်းပါဒီဝစီမစောင့်တဲ့အတွက် သူကိုယ်တိုင်ပူလောင်သလို သူ့နဲ့နီးစပ်သူတွေလည်းအတော်ပူလောင်ပါတယ်

နောက်ဆုံး သူခင်တွယ်တဲ့သူတွေရဲ့ရှောင်ဖယ်တာခံရခြင်း၊ အထီးကျန်ခြင်း၊ ကောင်းကျိုးထက်ဆိုးကျိုးပိုများတဲ့သူမစေတနာကို အသိအမှတ်အပြုမခံရခြင်း ၊နှ ုတ်မစောင့်လို့ မလိုလားတဲ့တုန့်ပြန်မှုဆိုးကျိုးတွေကိုရင်ဆိုင်ရင်းသူခင်တွယ်ရာလုပ်ငန်းခွင်ကနေ မပျော်ပိုက်တော့ပဲ စွန့်ခွာသွားခဲ့တာ သူ့လုပ်ခဲ့တဲ့အလုပ်တိုင်းလိုလိုမှာပါ

လောကကြီးမှာ လူတိုင်းဟာ အပူမျိုးစုံမို့သူ့အပူနဲ့ ကိုယ့်အပူ မတူ အပူအမျိုးအစားကွဲတာပဲရှိတာပါမလွန်ဆန်နိုင်တဲ့လောကဒါဏ်ကြောင့် ပူရတဲ့အထဲ ကိုယ့်နှ ုတ်ကြောင့် မလိုလားအပ်ပဲ ထပ်လောင်းကျရောက်လာတဲ့ အပူတွေကြောင့်မို တောက်လောင်ရတဲ့မီးဟာ ကိုယ်ကလွဲပြီးဘယ်သူမှငြိမ်းပေးဖို့မလွယ်ပါဘူး

ကျမတို့ငယ်ငယ်က မောင်နှမတွေ ကြမ်းတမ်းတမ်းပြောတိုင်း မေမေအမြဲဆုံးမဖူးတယ်နှုတ်ကိုထိန်းပါ၊ နှုတ်ကြောင့်သေတတ်သလို ကံကြောင့်ကြေတတ်တယ်၊ ဝစီကြမ်းရင် ဘဝကြမ်းမယ်” တဲ့ကံဆိုတာကလည်း ကိုယ့်အားထုတ်မှုကြောင့်သက်ရောက်မှု ရှိသလိုမမျှော်လင့်ပဲ ကြမ်းတမ်းစွာ ကျရောက်လာတတ်တာမျိုးမလား

ဒါဟာ လောကဒါဏ်လို့ပဲကျမမြင်တယ် ဘဝကြမ်းကြမ်းမှာ အကျမနာဖို့အတွက် ကျမတို့စိတ်ကပါသည်ဖြစ်ပါစေ မပါသည်ဖြစ်ပါစေ ဝစီကံ ကိုအတတ်နိုင်ဆုံးထိန်းသင့်ပါတယ်ကိုယ်တိုင်ငြိမ်းချမ်းဖို့ကိုယ်ချစ်တဲ့သူတွေငြိမ်းချမ်းဖို့ချိုသာသောစကားပြောကြရအောင် ။ ခရက်ဒစ်