Zawgyi
ဒေဝါနံ နန္ဒနော ဒေဝါ ၊
ဒေဝ ဒေဝေန နန္ဒိနော။
ဝေဒ ဒိနေန ဝေဒေန၊
ဝေဒိ ဝေဒေန ဝေဒိနော။
Unicode
မိဘ များအနေဖြင့် ကိုယ့်သား သမီး စာမေးပွဲအောင်စေ ရန် ဒီဂါထာလေးကို ဒီည ရွှတ်ဖတ်ခိုင်းကြပါ
စာမေးပွဲအောင် အထောက်အကူပြု ဂါထာတော်
ဒေဝါနံ နန္ဒနော ဒေဝါ ၊
ဒေဝ ဒေဝေန နန္ဒိနော။
ဝေဒ ဒိနေန ဝေဒေန၊
ဝေဒိ ဝေဒေန ဝေဒိနော။
ဒေဝါ နံ စတုမဟာ တာဝတိံသာ ဘုံစံ လှုံပျော်အောင် နတ်ပရိဿတ် အပေါင်းတို့ နန္ဒနော နှစ်သက်စေနိုင်သော ဒေဝါ နတ်တို့သနင်း သိကြားမင်းသည် နောအမှာကံ အကျွန်ုပ်တို့၏ ဒေဝ ဒေဝေ နတ်တကာတို့ထက် မြတ်သော ဝိသုဒ္ဓိသခင် ဘုရားရှင်၌ ဒေဝဒိနေ ပညာနုံ့နှေး အထင်သေးခြင်းကြောင့် နန္ဒိနော အားရ စုံမက် နှစ်သက်ရောင့်ရဲခြင်းမရှိပေ။
အထ ထို့နောက်မှ ဝေဒိနော တုဘက်မစံ ဉာဏ်တော်သခင် ဘုရားရှင်၏ ဝေဒေန ဉာဏ်ပညာတော်၏ တန်ခိုးတေဇော် အာနုဘော်တော်တို့ကြောင့် ဒေဝါ နတ်တို့သနင်း သိကြားမင်းသည် ဝေဒေန ဆင်ခြင် နှိုင်းကြံ ကိုယ်ပိုင်ဉာဏ်ဖြင့် ဒေဒိ မြတ်စွာဘုရား၏ ကြီးမားဆင့်ဆင့် မြင့်မြတ်တော်မူဟန်ကို ကောင်းစွာမသွေ အမှန်သိလေပြီ။
ဤဂါထာကို စာမေးပွဲ ဖြေဆိုနေကြသော သားငယ် သမီးငယ်များ၊ မိတ်ဆွေများ မဖြေဆိုခင် အိမ်၌ဘုရား တရား သံဃာ မိဘ ဆရာသမားတို့အား ကန်တော့ အာရုံပြု၍ ၇ ခေါက်ရွတ်ဆိုပြီးသွားရောက်ဖြေဆိုကြပါ။
သားတို့ သမီးတို့ကလည်း အမှန်တကယ် ကျက်မှတ်ရရှိပြီးသားဆိုပါလျှင် စာမေးပွဲဖြေဆိုရာ၌ အမှားအယွင်း အမေ့အလျော့မရှိ ဂုဏ်ထူးရရှိသည်ထိတိုင်အောင် ဖြေဆိုနိုင်ကြမည်ဖြစ်ပါသည်။ဂုဏ်ထူးတွေဝေသီ ပြုံးပန်းတွေစီ၍ ရီမောနိုင်ကြပါစေမုချအောင်ကြပါစေ။အောင်စေ၊ နိုင်စေ၊ ပိုင်စေသတည်း။ခရက်ဒစ်