Zawgyi
တနင်္ဂနွေသားသမီး
တနင်္လာသားသမီး
အင်္ဂါသားသမီး
ရပ်ဝေးခရီးကိစ္စ နိုင်ငံရပ်ခြားကိစ္စများဆောင်ရွက်ထားပါကအထူးအောင်မြင်ပါလိမ့်မည် ပွဲစားလုပ်ငန်းလုပ်သူများ အကျိုးအမြတ်ကြီးကြီးရရှိပါလိမ့်မည် မြေကိစ္စများအကျိုးအမြတ်ရတတ်သလို အမွေအနှစ်ဆိုင်ရာကိစ္စများအထူးအဆင်ပြေပါလိမ့်မည်။
ထီ69ပါသောထီကိုထိုးပါ ယတြာ နို့ထမင်းကိုဘုရားလှုဒါန်းပေးပါ
ဗုဒ္ဓဟူးသားသမီး
ထီ85ပါသောထီထိုးပါ ယတြာလူသွားလမ်းချိုင့်တွေခင်းဖို့ပေးပါ
ကြာသာပေတးသားသမီး
ခရီးထွက်ရင်းမိမိအတွက်အကျိုးအမြတ်ရနိုင်သောအခွင့်အလန်းကောင်းများနှင့်ကြုံရပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးကံအလွန်စန်းပွင့်နေပါမည်။
သောကြာသားသမီး
စေနသားသမီး
Unicode
တစ်ပတ် စာ ခုနှစ်ရက် သား သမီး ကံကြမ္မာ ဟောကိန်း (10-8-2020 to 16-8-2020
တနင်္ဂနွေသားသမီး
မိမိလုပ် စရာရှိသော ကိစ္စများကိုရဲရဲဝံ့ဝံ့လုပ်ကိုင် ဆောင်ရွက်ပါ ကြိမ်းသေအောင်မြင်ပါလိမ့်မည် မိမိကို အကူအညီပေးမည့်သူများလည်းပေါ်ပေါက်လာပါလိမ့်မည်။
ကျန်းမာရေးအနည်းငယ်ချူ ချာနေ လိမ့်မည် အစားမကြာခဏမှားပြီးဝမ်းဗိုက်မအီမလည်ဖြစ်နေတတ်ပါသည် ။စက်ပစ္စည်းအသစ်တွေလည်းဝင်လာပါလိမ့်မည် အချစ်ရေးတွင်မပွင့်မလင်းမပြတ်မသားဖြစ်နေလိမ့်မည်။
ထီ ၇၅ပါသောထီထိုးပါ ယတြာ လူသွားလမ်းချိုင့်တွေကိုအုတ်ခင်းဖို့ပေးပါ
တနင်္လာသားသမီး
ဆုံးဖြတ်ချက်တွေတွေဝေပြီးမပြတ်မသားဖြစ်နေတတ်တဲ့ကာလပါ လုပ်ငန်းတွေလည်း မပြီးမပြတ်နဲ့ကြန့်ကြာနေတတ်ပါတယ် လုပ်လက်စနဲ့တို့လို့တန်းလန်းဖြစ်ဖြစ်ပြီးစိတ်တွေပါလေးလံလာတတ်ပါတယ်။
ဒီလိုအချိန်မှာဘာပဲ လုပ်လုပ်မလောပါနဲ့စိတ်အေးအေးထားပြီးလုပ်ပါ အရေးကြီးတဲ့ကိစ္စတွေကို မှတ်သားဖို့မှတ်စုထားဖို့မမေ့ပါနဲ့ ကျန်းမာရေးမှာခေါင်းနောက်ပြီးသတိမကြာခဏမေ့နေတတ်ပါသည် ငယ်ရွယ်သူများအချစ်သစ်တွေ့ပါမည်။
ထီ၆၉ထပါသောထီကိုထိုးပါ ယတြာ သစ်ခွဖျော်ရည်ကိုဘုရားကပ်လှုပေးပါ
အင်္ဂါသားသမီး
ရပ်ဝေးခရီးကိစ္စ နိူင်ငံရပ်ခြားကိစ္စများဆောင်ရွက်ထားပါကအထူးအောင်မြင်ပါလိမ့်မည် ပွဲစားလုပ်ငန်းလုပ်သူများ အကျိူးအမြတ်ကြီးကြီးရရှိပါလိမ့်မည် မြေကိစ္စများအကျိူးအမြတ်ရတတ်သလို အမွေအနှစ်ဆိုင်ရာကိစ္စများအထူးအဆင်ပြေပါလိမ့်မည်။
ကျန်းမာရေးမကောင်းသူများဆေးကောင်းဝါးကောင်းတွေ့မည် အချစ်ရေးတွင်ချစ်ရသူထံမှချစ်အဖြေရရှိပါမည်။
ထီ69ပါသောထီကိုထိုးပါ ယတြာ နိူ့ထမင်းကိုဘုရားလှုဒါန်းပေးပါ
ဗုဒ္ဓဟူးသားသမီး
မိမိအတွက်လုပ်ငန်းအခွင့်အလန်းကောင်းများကြုံရမည့်ကာလပါ မိမိဘက်ကသာရရှိလာသော အခွင့်အရေးကိုအမိအရလက်ဆုပ်လက်ကိုင်ပြုပြီးအောင်မြင်အောင်ကြိုးစားသွားဖို့လိုပါသည်။ပစ္စည်းပျောက်ငွေပျောက်စာရင်းဇယားမှားခြင်းများဖြစ်တတ်ပါသည် ။
ဘာပဲလုပ်လုပ်အယုံမလွယ်ပါနှင့်သတိထား၍အလုပ်လုပ်ပါ ခြေထောက်မတော်တဆထိခိုက်မိတတ်ပါသည် အချစ်ရေးတွင်ကိုယ်ချစ်နေတာကတစ်ယောက်ကိုယ့်ပြန်ချစ်နေတာကတစ်ယောက်ဖြစ်နေလိမ့်မည်။
ထီ85ပါသောထီထိုးပါ ယတြာလူသွားလမ်းချိူင့်တွေခင်းဖို့ပေးပါ
ကြာသာပေတးသားသမီး
စိတ်အလွန်ရှုပ်ထွေးနေရတတ်သောကာလပါ အာရုံကြောအားနည်းခြင်း သတိမကြာခဏမေ့တတ်ခြင်းများဖြစ်တတ်ပါသည် ကျန်းမာရေးအထူးဂရုပြုရမည့်ကာလပါ ခရီးတစ်ခုထွက်ရမည်ကောင်းသောခရီးပါ။
ခရီးထွက်ရင်းမိမိအတွက်အကျိူးအမြတ်ရနိူင်သောအခွင့်အလန်းကောင်းများနှင့်ကြုံရပါလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးကံအလွန်စန်းပွင့်နေပါမည်။
ထီ90ပါသော ထီကိုထိုးပါ ယတြာ ရွှေရင်အေးဘုရားကပ်လှုပါ
သောကြာသားသမီး
ထူးထူးခြားခြားဖြစ်ရပ်များကြုံရတတ်သောကာလပါ အံ့သြဖွယ်ရာဖြစ်ရပ်တွေကြုံရတတ်ပါတယ်။ဂမ္ဘီရပစ္စည်းတွေလည်းဝင်ရောက်လာတတ်ပါတယ် အလုပ်အိုးအိမ်နေရာထိုင်ခင်းကိစ္စများအတွက်စကားပြောဆိုမူများအောင်မြင်ပါလိမ့်မည်။
အလုပ်လျှောက်ထားသူများ အလုပ်အကိုင်ရရှိပါလိမ့်မည်အစပိုင်းမှလစာနည်းပေမယ့် ရေရှည်မှာလစာဝင်ငွေကောင်းလာပါလိမ့်မည် ဒူးအဆစ်အမြစ်တွေညောင်ညာပြီးမလှုပ်ချင်မကိုင်ချင်ဖြစ်နေပါလိမ့်မည်။
ငယ်ရွယ်သူများအချစ်ရေး ကံအားနည်းနေပါသေးတယ် မိမိရဲ့အချစ်အပေါ်မယုံကြည်ခြင်းခံနေရပါလိမ့်မည်။
ထီ၉၁ပါသောထီထိုးပါ ယတြာ ဂျင်းတက် တစ်တက်ပေါ်မှာအမွှေးတိုင်တစ်တိုင်စိုက်ပြီးအိမ်ရှေ့အဝင်ဝမှာထွန်းပေးပါ။
စေနသားသမီး
ပညာရေးကိစ္စသင်တန်းကိစ္စများတွင်အနှောင့်အယှက်အနည်းငယ်ကြုံ ပြီးမှသာအဆင်ပြေလာပါလိမ့်မည် အရှေ့တောင်အရပ်မှလက်ဆောင်ပစ္စည်းကောင်းရရှိမည်။
မိမိတွင်ဖြစ်နေသော အခက်အခဲများအတွက်မိတ်ကောင်းဆွေကောင်းများ ထံမှအကူအညီကောင်းအထောက်အကူကောင်းများ ရပါလိမ့်မည် ကျန်းမာရေးတွင်ရောဂါအသေးအမွှားလေးတွေမကြာခဏဖြစ်နေလိမ့်မည်။
ငယ်ရွယ်သူများအချစ်ရေးတွင် မိမိချစ်ရသူထံမှမိမိမျှော်လင့်ထားသောအဖြေရရှိပါလိမ့်မည်။
ထီ၉၇ပါသောထီထိုးပါ ယတြာ သွပ်ပြားလေးလက် တစ်ဆစ်ပေါ်တွင် ဗ ဟုရေးပြီးဆောင်ထားပါ။ခရက်ဒစ်