
Zawgyi










Unicode

ဆယ်တန်းကို ဂုဏ်ထူး(၄)ဘာသာနဲ့ ထူးချွန်စွာအောင်မြင်တဲ့ ညီမလေးမိုးမိုးဆီသွားပြီး ဆန်၊ဆီနဲ့ငွေကြေးတွေထောက်ပံ့ခဲ့တဲ့ ဖြူဖြူထွေး

မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ အပြစ်ကင်းစင်စွာ လှနေတတ်သူလေး ဖြစ်ပါတယ် ။

 

ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာဖြစ်ပြီး အခုဆိုရင် အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီပဲ ဖြစ်ပါတယ် ။

ဝေဖန်တိုက်ခိုက်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရတဲ့ ဖြူဖြူထွေးက အပြုံးမပျက်ဘဲ အလုပ်တွေကြိုးစားခဲ့တာကြောင့် အခုလို အောင်မြင်မှုရရှိလာခဲ့တာ ဖြစ်ပါတယ် ။

အထူးသဖြင့် ဖြူဖြူထွေးက အလှူအတန်းရက်ရောပြီး လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်လေး ကူညီထောက်ပံ့ပေးလေ့ရှိတာ ဖြစ်ပါတယ် ။

စေတနာထက်သန်စွာ အလှူပြုလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့စိတ်ထားလေးကို အားလုံးက လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ဖြူဖြူထွေးက ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့အောင်မြင်နေတဲ့ ညီမလေးမိုးမိုးဆီ သွားရောက်ခဲ့တာ ဖြစ်ပါတယ် ။

ဖြူဖြူထွေးက လေးဘာသာဂုဏ်ထူးရှင်ညီမလေးအတွက် ဆန်၊ဆီ၊စားသောက်ကုန်တွေနဲ့အတူ အလှူငွေကိုလည်း ပေးအပ်ခဲ့သေးတာ ဖြစ်ပါတယ် ။

မျက်နှာထက်မှာ ပီတိအပြုံးလေးတွေ ပေါ်လွင်နေတဲ့ ဖြူဖြူထွေးကတော့ “ပျော်နေတာရော ကြည်နူးမိသော အခိုက်အတန့်” ဆိုပြီး ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ် ။

ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ Crd Source Photo Credit Phyu Phyu Htwe’s FB Acc