ပြုလုပ်နည်းကတော့
ယူနီကုဒ်ဖြင့် ဖတ်ရန်
အချိုမှုန့် ကြက်သားမှုန့်အစားထိုး ဟင်းခတ်မှုန့်လေးလုပ်ကြည့်ရအောင်”ကျန်းမာရေးနဲ့မညီညွတ်လို့ အချိုမှုန့်ရော ကြက်သားမှုန့်ရော မစားချင်ပါဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ကျန်းမာရေးနဲ့လဲ ညီညွတ်မယ်
လုပ်ရတာလဲ လွယ်ကူတဲ့ဟင်းခတ်မှုန့်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ပါဝင်တဲ့ပစ္စည်းတွေက
ကန်စွန်းဥ ၅၀သား ကြက်သွန်နီ ၂၀သား ကြက်သွန်ဖြူ ၅ကျပ်သား ဆား ထမင်းစားဇွန်း ၁ဇွန်း သကြား ထမင်းစားဇွန်း ၃ဇွန်း အုန်းထန်းလျက် ၅လုံး ငြုပ်ကောင်း ထမင်းစားဇွန်း ၁ဇွန်း
ပြုလုပ်နည်းကတော့
ကန်စွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ခြစ်နှင့်ပါးပါးခြစ်ပြီး နေပူပူတွင်ခြောက်အောင်လှန်းပါ။
ခြောက်သွားပြီဆိုရင်တော့ မီးအေးအေးလေးနဲ့ မွှေးပြီးကြွပ်ရွနေအောင်လှော်ပါ ကန်စွန်းဥ ကြက်သွန်မွှေးနံ့လေးထွက်လာပြီဆိုရင် ဆား၊ သကြား၊ ငြုပ်ကောင်းထည့် ခဏမွှေပြီး အအေးခံပါ။
ပြီးရင် ကြိတ်စက် (Blander) ထဲကို ထုချေထားတဲ့ ထျန်းလျက်ခဲရယ် လှော်ပြီးအအေးခံထားတဲ့ ကန်စွန်းဥ တွေရယ်ထည့်ပြီး ကြိတ်ပါ ကြိတ်ပြီးရင်တော့ အအေးခံပြီး လေလုံဗူးထဲ ထည့်သိမ်းလို့ရပါပြီ။
ခုဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သက်သက်လွတ် ကန်စွန်းဥဟင်းခတ်မှုန့် ပြုလုပ်နည်းလေးအတိုင်း ပြုလုပ်စားသုံးပြီး ကျန်းမာပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။
(လေးစားမှုဖြင့် ခရက်ဒစ်)