Zawgyi
Unicode
မြန်မာပလာဇာမှာ လူလစ်ရင် တို့ဆေး,တို့မယ့်ပုံစံမျိုးနဲ့ ပိုက်ဆံလိုက်တောင်းနေတဲ့ အမျိုးသမီး
အားလုံး သတိထားလို့ရအောင်ပါ။ လုံခြုံရေးကိုပါတိုင်ထားလို့ သေချာမှတင်တာပါ စီစီတီဗီပါစစ်ဖို့ ပြောခဲ့တာပါနော်။ ချမ်းမိုး ဒီနေ့ သင်တန်းကအပြန် အော်ရီဒူး showroom မှာ bill ဆောင်စရာရှိလို့ မြန်မာပလာဇာထဲ ခဏဝင်ပါတယ်။ ၃လွှာက Toilet သွားပြီး
ပြန်ထွက်လာတော့ ဆိုနီ Showroom နားမှာ အခုပုံမှာပါတဲ့ ပန်းရောင်ဝမ်းဆက်နဲ့ အန်တီက ကိုယ့်ဆီတည့်တည့်ကြီး လျှောက်လာပြီး လမ်းစရိတ်မရှိလို့ ပိုက်ဆံပေးပါဆိုပြီး ချောင်ပိတ်တောင်းတယ်။ အနီးအနား လှမ်းကြည့်တော့လည်း လူကမရှိဘူး။
သူက ရုတ်တရက်ကြီး လက်က ကိုယ့်ပခုံးကို ပုတ်တော့မလိုလို လုပ်နေတော့ တို့ဆေးများ တို့တော့မှာလားဆိုပြီး လူကပြာသွားရော။ ကိုယ့်အိတ်ထဲမှာက ဖုန်းရော လပ်တော့ရော အိမ်ကပေးလိုက်တဲ့ လစဉ်ကြေးတွေပါ ပါနေတော့ တို့ဆေးသာ အတို့ခံရရင်
ပစ္စည်းလည်းဆုံး လူပါ ဘာလုပ်ခံရမယ်မှန်း မသိလို့ သူ့လက်ကြီး ကိုယ့်ပခုံးပေါ်မရောက်ခင် အိတ်ကပ်ထဲက ပိုက်ဆံ ၁၀၀၀ အမြန် ထုတ်ပေးလိုက်ပြီး ထွက်ပြေးလာခဲ့လိုက်တယ်။ ကိုယ့်အလုပ်ပြီးတော့ ပိုက်ဆံ ၁၀၀၀ အလကားပေးလိုက်ရတာ မကျေနပ်တာနဲ့
သူ့ကို နောက်ကနေလိုက်ချောင်းတာ ကိုယ့်လို တစ်ယောက်တည်း သွားတဲ့လူတွေ ၂ ယောက်တွဲတွေကို Target ထားပြီး လိုက်တောင်းတာတွေ့တာပဲ ဖုန်းအမြန်ထုတ် ဓာတ်ပုံမသိမသာရိုက်ပြီး Marketplace ထဲက လုံခြုံရေး နဲ့ ဘိုနီယာ Showroom နားက
Security အစ်မတစ်ယောက်ကို ဓာတ်ပုံပြပြီး တိုင်ခဲ့လိုက်တယ်။ လုံခြုံရေး အချင်းချင်း လှမ်းပြီးပြောတာတော့ ကြားလိုက်တယ်။ အိမ်ကနေ လာကြိုပြီပြောလို့ ကိုယ်လည်းပြန်လာတာနဲ့ ဘာဆက်ဖြစ်သွားလဲတော့ မသိဘူး အပြင်သွားရင် သတိထားကြပါ တို့ဆေးသာဆို မလွယ်ဘူး။ခရက်ဒစ်