တရားက်င့္ႀကံအားထုတ္ထားမႈေၾကာင့္ ၿပဳံး၍ကြယ္လြန္ေသာ ေယာဂီအဖြား

Zawgyi

တရားက်င့္ႀကံအားထုတ္ထားမႈေၾကာင့္ ၿပဳံး၍ကြယ္လြန္ေသာ ေယာဂီအဖြား

လူဆိုတာ ေကြးေသာလက္မဆန႔္မီ ဆန႔္ေသာလက္မေကြးမီ ေသျခင္းတရားကိုရင္ဆိုင္ရတတ္ပါတယ္။ အသက္အ႐ြယ္အလိုက္ ေသျခင္းတရားက ေဝးလြန္းတယ္ နီးလြန္းတယ္မရွိပါဘူး ၊ ငါ့အ႐ြယ္က တရားအားထုတ္ရမဲ့အ႐ြယ္မဟုတ္ေသးပါဘူးဆိုၿပီး ေပါ့ေပါ့ေလး မေနလိုက္ပါနဲ႔ ၊ ေသျခင္းတရားက အသက္အ႐ြယ္ကိုမၾကည့္ပါဘူး ။ ဒါေၾကာင့္ ရခဲလွတဲ့ လူ႔ဘဝမွာ အေနတတ္မွ အေသျမတ္ပါလိမ့္မယ္။

အခုတစ္ခါကေတာ့ ဗုဒၶရဲ႕ နည္းလမ္းေတြကို မွန္ကန္စြာ ရွာေဖြေတြ႕ရွိသြားတဲ့ ေယာဂီအဖြားအေၾကာင္းကိုေျပာျပခ်င္ပါတယ္။ အဖြားက ဗုဒၶရဲ႕လမ္းၫႊန္ဆုံးမမႈေတြအတိုင္းလိုက္နာၿပီး အၿမဲမျပတ္သီလေဆာက္တည္ တရားအားထုတ္ခဲ့တာေၾကာင့္ ေနာက္ဆုံး သူမရဲ႕အခ်ိန္ေရာက္လာခ်ိန္မွာေတာင္ ဘာေဝဒနာကိုမွ ခံစားမသြားရပဲ ၿငိမ္းခ်မ္းစြာနဲ႔ ႏႈတ္ဆက္သြားခဲ့ပါတယ္။

အဖြားရဲ႕ အၿပဳံးနဲ႔ႏႈတ္ဆက္ထြက္ခြာသြားတဲ့ပုံရိပ္ေလးေတြကိုလည္း မွ်ေဝေပးလိုက္ပါတယ္ ။ ေသမင္းကိုအၿပဳံးနဲ႔ရင္ဆိုင္အႏိူင္ရလိုက္တဲ့အဖြားသီလသမာဓီပညာေတြကိုရွစ္ခိုးပါ၏။ အဖြားလိုအၿပဳံးနဲ႔ေသႏိူင္ေသာသူျဖစ္ရပါလို၏ဘုရား…ဒီလိုေသႏိူင္ဘို႔က်င့္ႏိူင္ေအာင္အဖက္ဖက္ကအေထာက္အကူေကာင္ေတြရၿပီး အေႏွာက္အရွက္ေတြကင္းကင္းနဲ႔ေအးခ်မ္းစြာအားထုတ္ရပါေစဘုရား…

ဗုဒၶရဲ႕အဆုံးအမေတြကိုယ္လိုက္လို႔အဖြားၿပဳံးၿပဳံးေလးျပန္သြားႏိုင္တာပါ…က်မတို႔ေတြေကာအဖြားလိုၿပဳံႏိုင္ေအာင္ႀကိဳးစားရအုံးမယ္ အားတင္းရင္း…ခရက္ဒစ္

Unicode

တရားကျင့်ကြံအားထုတ်ထားမှုကြောင့် ပြုံး၍ကွယ်လွန်သော ယောဂီအဖွား

လူဆိုတာ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ သေခြင်းတရားကိုရင်ဆိုင်ရတတ်ပါတယ်။ အသက်အရွယ်အလိုက် သေခြင်းတရားက ဝေးလွန်းတယ် နီးလွန်းတယ်မရှိပါဘူး ၊ ငါ့အရွယ်က တရားအားထုတ်ရမဲ့အရွယ်မဟုတ်သေးပါဘူးဆိုပြီး ပေါ့ပေါ့လေး မနေလိုက်ပါနဲ့ ၊ သေခြင်းတရားက အသက်အရွယ်ကိုမကြည့်ပါဘူး ။ ဒါကြောင့် ရခဲလှတဲ့ လူ့ဘဝမှာ အနေတတ်မှ အသေမြတ်ပါလိမ့်မယ်။

အခုတစ်ခါကတော့ ဗုဒ္ဓရဲ့ နည်းလမ်းတွေကို မှန်ကန်စွာ ရှာဖွေတွေ့ရှိသွားတဲ့ ယောဂီအဖွားအကြောင်းကိုပြောပြချင်ပါတယ်။ အဖွားက ဗုဒ္ဓရဲ့လမ်းညွှန်ဆုံးမမှုတွေအတိုင်းလိုက်နာပြီး အမြဲမပြတ်သီလဆောက်တည် တရားအားထုတ်ခဲ့တာကြောင့် နောက်ဆုံး သူမရဲ့အချိန်ရောက်လာချိန်မှာတောင် ဘာဝေဒနာကိုမှ ခံစားမသွားရပဲ ငြိမ်းချမ်းစွာနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။

အဖွားရဲ့ အပြုံးနဲ့နှုတ်ဆက်ထွက်ခွာသွားတဲ့ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ် ။ သေမင်းကိုအပြုံးနဲ့ရင်ဆိုင်အနိူင်ရလိုက်တဲ့အဖွားသီလသမာဓီပညာတွေကိုရှစ်ခိုးပါ၏။ အဖွားလိုအပြုံးနဲ့သေနိူင်သောသူဖြစ်ရပါလို၏ဘုရား…ဒီလိုသေနိူင်ဘို့ကျင့်နိူင်အောင်အဖက်ဖက်ကအထောက်အကူကောင်တွေရပြီး အနှောက်အရှက်တွေကင်းကင်းနဲ့အေးချမ်းစွာအားထုတ်ရပါစေဘုရား…

ဗုဒ္ဓရဲ့အဆုံးအမတွေကိုယ်လိုက်လို့အဖွားပြုံးပြုံးလေးပြန်သွားနိုင်တာပါ…ကျမတို့တွေကောအဖွားလိုပြုံနိုင်အောင်ကြိုးစားရအုံးမယ် အားတင်းရင်း…ခရက်ဒစ်