ငွေကြေးအခက်အခဲဖြစ်သူများအတွက် ငွေယပ်တော်ဖြင့် ငွေဓါတ်ခေါ်နည်း
Zawgyi
Unicode
ငွေကြေးအခက်အခဲဖြစ်သူများအတွက် ဂမ္ဘီရနည်းဖြင့် ငွေယပ်တော်ဖြင့် ငွေဓါတ်ခေါ်ကြမယ်
ငွေယပ်ကလေးနဲ့လာဘ်ကိုခေါ်
ရှေးယခင့်ယခင်ကတည်းက မိမိအတွက် ခက်ခဲသော အကြောင်းအရာများ ၊အိမ်ပူအိမ်ဆူခြင်းများ ၊အေးချမ်းစေချင်သော ကိစ္စရပ်များ၊ ငွေကြေးအခက်အခဲများ ပေါ်သောအခါ
ရွှေတိဂုံဘုရား မြောက်ဘက်မုဒ် တွင် ရှိသော ချမ်းသာကြီးဘုရားတွင် ယပ်တော်သွင်းပြီး ဆုတောင်းဆုယူ ပြုလေ့ရှိပါသည်။
ထိုသို့ ယပ်တော်သွင်းဆုတောင်းပြီးရင်လည်း လျှင်လျှင်မြန်မြန် ဆုတောင်း ပြည့်ဝတာကိုလည်း ဆုတောင်းဆုယူသည့်သူတိုင်းက လက်တွေ့တွေ့မြင်လေ့ရှိပါသည်။
ယခုဘုရားကြီးများပိတ်ထားသော ကာလတွင်လည်း မိမိအိမ်ရှိ မြတ်စွာဘုရားကို ကိုယ်တိုင်ကိုယ်ကျ ယပ်တော်သွင်းပြီး ဆုတောင်းနိုင်ကြပါသည်။
ထိုသို့ယပ်တော်သွင်းဆုတောင်းရာတွင် ငွေကြေးအခက်အခဲဖြစ်သူများ အနေဖြင့်အောက်ပါနည်းလေးကို အသုံးပြုပြီး ဆုတောင်းခြင်းကို လုပ်ဆောင်နိုင်ပါသည်။
ယပ်တော်ခပ်တဲ့အခါမှာ သူ့ပကတိယပ်တော်အတိုင်း ယပ်တော် အတိုင်းမခပ်ပဲ အောက်ပါအတိုင်းပြုလုပ်ကြည့်ပါ။ ယပ်တော်ပေါ်တွင် ငွေစက္ကူတန်ဖိုး အစုံအစေ့ကပ်ပါ။
မကပ်ချင်လျင် စတာပလာဖြင့် အသာချုပ်ပါ။ ငွေယပ်ကို ရရှိမည်ဖြစ်သည်။ ဂမ္ဘီရနည်းဖြင့် ငွေယပ်တော်ဖြင့် ငွေဓါတ်ခေါ်ခြင်းပင်ဖြစ်ပါသည်။
ယပ်တော်ခပ်နေတဲ့အခါတွင်လည်း ငွေကြေးကြောင့် ဖြစ်သောအခက်အခဲတွေ ပြေပျောက်ရပါလို၏။
မိမိအတွက် ဝင်ရန်ရှိသော အရပ်၈မျက်နှာမှ ငွေကြေးလာဘ်လာဘတွေ ဝင်ပါစေဟု ယုံကြည်မှုအပြည့်နှင့် ဆုတောင်းပါ။
ထိုသို့ပြုလုပ်ပြီးသည်နှင့် ယခင်နှင့်မတူပဲ ငွေကြေးအခက်ခဲပြေလည်ခြင်း ၊ငွေလာဘ်ရွှင်ခြင်းများကို သိသိသာသာအကျိုးခံစားရသည်ကို တွေ့မြင်နိုင်ပါသည်။ခရက်ဒစ်