ဗေဒင်ယတြာမလိုဘဲ တနေ့တခြား ကံတွေကောင်းလာမည့် အောင်အိုးလှူနည်း
Zawgyi
နဂါးမတောင်မှ ဝိဇ္ဇာဓိုရ် ဆရာတော်ကြီးများရဲ့ အောင်အိုးလှူနည်း
ဆရာတော်ကြီးများမေတ္တာဓာတ်ခံယူပြီး ဘုရားကိုလှူဒါန်းတာဖြစ်ပါတယ်။ ယတြာ ချေ စရာမလိုဘဲအခက်အခဲများပပျောက်စေခြင်း၊ အောင်ဓာတ်ရပြီး အဆင်ပြေအောင်မြင်စေခြင်း၊ ဆရာတော်ကြီးတွေရဲ့ မေတ္တာဓာတ်ကိုခံယူနိုင်ခြင်းစတဲ့အကျိုးကျေးဇူးများကိုရနိုင်တဲ့ ရတနာသုံးပါးကိုဦးထပ်ထားတဲ့အောင်အိုးလှူဒါန်းခြင်းဖြစ်ပါတယ်။
အောင်အိုးထဲမှာ ၊အုန်း၇ညွန့် ၊သပြေ၇ညွန့် ၊ကံကော် ၇ညွန့် ၊ကံတက်သား ၇လက်မ သုံးချောင်း(ခံတက်ချဉ်လုပ်တဲ့အပင်က ကိုင်းသို့မဟုတ်အသား) ၊ကံတက်သားမရရင်လည်း အုန်း၊သပြေ၊ကံကော်ပဲလှူပါ။ရေကို ၂၄ပစ္စည်းဆိုပြီး အောင်အိုးထဲထည့်ပါ။အောင်အိုးမှာ ဗုဒ္ဓေါ အောင်ပြီလို့ ရေးထားရင် ပိုကောင်းပါတယ်။
ဗုဒ္ဓေါ အောင်ပြီ
ဓမ္မော အောင်ြ်ပီ
သံဃော အောင်ပြီ
သုဂတော အောင်ပြီ
စဓဗဝအောင်ပြီ
သစ္စာအောင်ပြီ တတ်နိုင်သလောက်နေ့စဉ်စိပ်ပါ။ မဟာလေးမျိုး ပူဇော်ပါ။ဗေဒင်ယတြာမလိုဘဲ တနေ့တခြား ကံတွေကောင်းလာပါမယ်။အစစအရာရာ အဆင်ပြေလာစေပါမယ်။
Unicode