ဘယ္ေန႔ သား/သမီးမဆို လာဘ္ပိတ္၍ စိတ္ညစ္ေနပါသလား…

Zawgyi

ဘယ္ေန႔ သား/သမီးမဆို လာဘ္ပိတ္၍ စိတ္ညစ္ေနပါသလား။ထူးျခားစြာ လာ္ဘ္ပြင့္၍ ေငြ႐ႊင္ေစႏိုင္ပါသည္။ ေဈးဆိုင္ ကုမၸဏီဆိုင္ျဖစ္ပါက ေရာင္းေကာင္းေစပါသည္

မိမိ ေမြးေန႔၏ နံနက္ပိုင္း ၉:၄၅ မိနစ္ (သို႔ ) ၁၀:၁၀ မိနစ္တြင္ ေဆာင္႐ြက္ရပါမည္။ ထူးျခားစြာ လာ္ဘ္ပြင့္၍ ေငြ႐ႊင္ေစႏိုင္ပါသည္။

ျပဳလုပ္ရန္… ေၾကးအိုး (သို႔) ေအာင္အိုး (သို႔) ေျမအိုး ပတ္လည္တြင္ “စ,ဓ,ဗ,ဝ .. ေအာင္ .. လာဘ္႐ႊင္ေစ ေငြဝင္ေစ၊ ရန္ကင္းေစ၊ ေအာင္ျမင္ေစဟု ေရးပါ ။

ေဈးဆိုင္ ကုမၸဏီဆိုင္ျဖစ္ပါက ေရာင္းေကာင္းေစပါသည္။ ထို႔ေနာက္ ထိုေအာင္အိုးအတြင္း သို႔ မိမိ၏ ေန႔နံ ပၪၥပြတ္ – ဆပြတ္ အၫြန႔္အား ၿဂိဳလ္သက္အလိုက္ ထည့္၍ အိမ္၊ ႐ုံးခန္း၊ ဆိုင္ခန္း စသည့္ ေလဝင္ေလထြက္ ေကာင္းသည့္ အျမင့္တစ္ေနရာတြင္ တင္ထားပါ။

၃ ရက္ျပည့္လွ်င္ တစ္ႀကိမ္ လဲေပးပါ။ ထူးျခားစြာ သိသာလာေစပါသည္။ အၿမဲ ေဆာင္႐ြက္ ႏိုင္ပါကလဲ ေကာင္းၿပီး အၿမဲမလုပ္ပါက (၁၀) ရက္ ေဆာင္႐ြက္လွ်င္ ရပါသည္။

မွတ္ခ်က္ .. ပၪၥပြတ္၊ ဆပြတ္၊ အၫြန႔္ပန္းမ်ား တြဲထိုးရာတြင္ ပညက္ေဖာ္၍ မထိုးမိေစရန္ ဂ႐ုစိုက္ပါ။ ဒါက မိမိမွာ ပိတ္ဆို႔ေနေသာ ကံကို ေဖာ္ၿပီး စရဏအားျဖင့္ ျမႇင့္တင္ေသာ နည္း စနစ္ျဖစ္ပါသည္။

အေတာ္ေကာင္းပါသည္။ တကယ္ လာဘ္ပိတ္ၿပီး စိတ္ညစ္ေနရသူမ်ားေသခ်ာ သတိထားၿပီး (၁၀) ရက္ အဓိ႒ာန္ျပဳကာ ေဆာင္႐ြက္ၾကပါ။ ထူးစြာ လာ္ပြင့္ၿပီး စိတ္ေအးရပါမည္။

“အရဟံ၊ ဗုေဒၶါ အရဟံ၊ အရဟံ ဗုေဒၶါ၊ ဗုဒၶႆ ဂုဏာ ေတဇသာ၊ သဗၺ သိဒၶိ လာဘံ ေမ ဘဝိႆတိ”ဟူေသာ ဂါထာျဖင့္ပုတီး စိပ္ ၍ ေသာ္လည္းေကာင္း(၂၇) ေခါက္ ႐ြတ္၍ ေသာ္ လည္း ေကာင္း

မနက္တိုင္း ေန႔စဥ္႐ြတ္ ဖတ္ေပးပါက ပို ၍ ထိေရာက္ပါ သည္။တနဂၤေႏြ – ပ်ဥ္းမ (၁၉)၊ သီဟိုဠ္ (၂၁)တနလၤာ – သီဟိုဠ္ (၂၁)၊ ထန္း (၁၀) ၫြန႔္အဂၤါ – ထန္း (၁၀) ၫြန႔္၊ အုန္း (၆) ၫြန႔္

ဗုဒၶဟူး – အုန္း (၆)၊ ကံေကာ္ (၁၅)ၾကတာသပေတး– ကံေကာ္ (၁၅)၊ ဇီး (၈) ေသာၾကာ – ဇီး (၈)၊ ႐ြက္လွ (၁၇)စေန – ႐ြက္လွ (၁၇)၊ ပ်ဥ္းမ (၁၉)

ဥပမာ… တနဂၤေႏြျဖစ္ပါက ပ်ဥ္းမ (၁၉) သီဟိုဠ္ (၂၁)၊ ေသာ ၾကာသား ျဖစ္ပါက ဇီး (၈) ႐ြက္ လွ (၁၇) တို႔အား ေအာင္အိုးတြင္ ထိုးရမည္ ျဖစ္ပါသည္။

သစ္တံခါးဆရာ ေတာ္၏ စာအုပ္မွ ကူးယူေဖာ္ျပပါသည္။

Unicode

ဘယ်နေ့ သား/သမီးမဆို လာဘ်ပိတ်၍ စိတ်ညစ်နေပါသလား။ထူးခြားစွာ လာ်ဘ်ပွင့်၍ ငွေရွှင်စေနိုင်ပါသည်။ ဈေးဆိုင် ကုမ္ပဏီဆိုင်ဖြစ်ပါက ရောင်းကောင်းစေပါသည်

မိမိ မွေးနေ့၏ နံနက်ပိုင်း ၉:၄၅ မိနစ် (သို့ ) ၁၀:၁၀ မိနစ်တွင် ဆောင်ရွက်ရပါမည်။ ထူးခြားစွာ လာ်ဘ်ပွင့်၍ ငွေရွှင်စေနိုင်ပါသည်။

ပြုလုပ်ရန်… ကြေးအိုး (သို့) အောင်အိုး (သို့) မြေအိုး ပတ်လည်တွင် “စ,ဓ,ဗ,ဝ .. အောင် .. လာဘ်ရွှင်စေ ငွေဝင်စေ၊ ရန်ကင်းစေ၊ အောင်မြင်စေဟု ရေးပါ ။

ဈေးဆိုင် ကုမ္ပဏီဆိုင်ဖြစ်ပါက ရောင်းကောင်းစေပါသည်။ ထို့နောက် ထိုအောင်အိုးအတွင်း သို့ မိမိ၏ နေ့နံ ပဉ္စပွတ် – ဆပွတ် အညွန့်အား ဂြိုလ်သက်အလိုက် ထည့်၍ အိမ်၊ ရုံးခန်း၊ ဆိုင်ခန်း စသည့် လေဝင်လေထွက် ကောင်းသည့် အမြင့်တစ်နေရာတွင် တင်ထားပါ။

၃ ရက်ပြည့်လျှင် တစ်ကြိမ် လဲပေးပါ။ ထူးခြားစွာ သိသာလာစေပါသည်။ အမြဲ ဆောင်ရွက် နိုင်ပါကလဲ ကောင်းပြီး အမြဲမလုပ်ပါက (၁၀) ရက် ဆောင်ရွက်လျှင် ရပါသည်။

မှတ်ချက် .. ပဉ္စပွတ်၊ ဆပွတ်၊ အညွန့်ပန်းများ တွဲထိုးရာတွင် ပညက်ဖော်၍ မထိုးမိစေရန် ဂရုစိုက်ပါ။ ဒါက မိမိမှာ ပိတ်ဆို့နေသော ကံကို ဖော်ပြီး စရဏအားဖြင့် မြှင့်တင်သော နည်း စနစ်ဖြစ်ပါသည်။

အတော်ကောင်းပါသည်။ တကယ် လာဘ်ပိတ်ပြီး စိတ်ညစ်နေရသူများသေချာ သတိထားပြီး (၁၀) ရက် အဓိဋ္ဌာန်ပြုကာ ဆောင်ရွက်ကြပါ။ ထူးစွာ လာ်ပွင့်ပြီး စိတ်အေးရပါမည်။

“အရဟံ၊ ဗုဒ္ဓေါ အရဟံ၊ အရဟံ ဗုဒ္ဓေါ၊ ဗုဒ္ဓဿ ဂုဏာ တေဇသာ၊ သဗ္ဗ သိဒ္ဓိ လာဘံ မေ ဘဝိဿတိ”ဟူသော ဂါထာဖြင့်ပုတီး စိပ် ၍ သော်လည်းကောင်း(၂၇) ခေါက် ရွတ်၍ သော် လည်း ကောင်း

မနက်တိုင်း နေ့စဉ်ရွတ် ဖတ်ပေးပါက ပို ၍ ထိရောက်ပါ သည်။တနင်္ဂနွေ – ပျဉ်းမ (၁၉)၊ သီဟိုဠ် (၂၁)တနင်္လာ – သီဟိုဠ် (၂၁)၊ ထန်း (၁၀) ညွန့်အင်္ဂါ – ထန်း (၁၀) ညွန့်၊ အုန်း (၆) ညွန့်

ဗုဒ္ဓဟူး – အုန်း (၆)၊ ကံကော် (၁၅)ကြတာသပတေး– ကံကော် (၁၅)၊ ဇီး (၈) သောကြာ – ဇီး (၈)၊ ရွက်လှ (၁၇)စနေ – ရွက်လှ (၁၇)၊ ပျဉ်းမ (၁၉)

ဥပမာ… တနင်္ဂနွေဖြစ်ပါက ပျဉ်းမ (၁၉) သီဟိုဠ် (၂၁)၊ သော ကြာသား ဖြစ်ပါက ဇီး (၈) ရွက် လှ (၁၇) တို့အား အောင်အိုးတွင် ထိုးရမည် ဖြစ်ပါသည်။

သစ်တံခါးဆရာ တော်၏ စာအုပ်မှ ကူးယူဖော်ပြပါသည်။