ကြောက်စရာ လူသားတို့ရဲ့လောဘ

Zawgyi

ကြောက်စရာ လူသားတို့ရဲ့လောဘ

ထိုင်းနိုင်ငံ တခ် ( Tak ) ခရိုင် ” ဘန့်တခ် ” မြို့နယ်က ” ဖရဘရုမ်ထတ် ” ဘုန်းကြီးကျောင်းနဲ့မလှမ်းမကမ်းမှာရှိတဲ့ ” နောင်လဲမ့် ” ရှေးသမိုင်းဝင်ရေကန်ကြီးထဲမှာ မနေ့က ( ၂၁-၈-၂၀၂၀ ) ဒေသခံတွေ ငါးဖမ်းပြိုင်ပွဲကြီးပြုလုပ်ကြတယ်.

လူတွေကြိတ်ကြိတ်တိုးနေကြတဲ့မြင်ကွင်းက ကုန်းပေါ်မှာမဟုတ်ပါဘူး ၊ ရေကန်ကြီးထဲမှာ ပိုက်ကွန်တွေနဲ့အလုအယက်ဖမ်းယူနေကြတဲ့မြင်ကွင်းတွေပါ ။ဘေးမဲ့ပေးထားတဲ့ သက်တမ်းရင့် ဧရာမ ( Pangasianodon gigas ) ငါးကြီးတွေ

ကီလို ၁၅၀ ကနေ ၂၅၀ အထိရှိတဲ့ငါးတွေ တစ်ကောင်မှမကျန်လို့ ထိုင်းလူမှုကွန်ယက်စာမျက်နှာ​ရော ၊ ရုပ်သံမှာပါ တာဝန်ရှိသူအုပ်ချုပ်ရေးနဲ့ ခရိုင်အဆင့်အဖွဲ့ကို မသိရကောင်းလားဆိုပြီး ဝေဖန်မှုတွေ ၊ ဖြန့်ဝေမှုတွေမြင့်တက်နေပါတယ် ၊

ဒါ..မဖြစ်သင့်ဘူးလို့လည်းဆိုကြပါတယ် ။ဒီငါးကြီးတွေဟာ ဘေးမဲ့ပေးထားတာကြာခဲ့ပြီလို့လည်းသိရပါတယ် ၊ အခုမှ မည်သူကလေလံဆွဲသလည်းဆိုတာ စုံစမ်းမှုတွေပြုလုပ်နေပါပြီ ၊

နောက်ကွယ်ကအဓိကကြိုးကိုင်ပြီးလေလံဆွဲသူကိုအရေးယူပေးဘို့ ဝိုင်းဝန်းတောင်းဆိုထားကြပါတယ် ။တစ်ချို့ငါးကြီးတွေဆိုရင် ကြီးလွန်းလို့ သယ်တောင် မသယ်နိုင်ကြပါဘူး ။ခရက်ဒစ်

Unicode