အဘဦးဖိုးနီ” ေျပာတဲ့ လက္ဖဝါးေပၚမွာ လၽွို႔ဝွက္ဆန္းၾကယ္ ဂမၻီရၾကက္ေျခပါသူမ်ား အေၾကာင္း

Zawgyi

အဘ ဦးဖိုးနီ” ေျပာတဲ့ လက္ဖဝါး ေပၚမွာ လၽွို႔ဝွက္ ဆန္းၾကယ္ ဂမၻီရၾကက္ေျခပါသူမ်ား အေၾကာင္း

ဒီမနက္လဲ နံနက္ (၁-၀၀)ေလာက္မွာနိုးလာပါတယ္။ ခါတိုင္းဆိုဘုရားကန္ေတာ့သစၥာျပဳၿပီး စာဖတ္၊ၿပီးရင္ တရားထိုင္ၿပီးက ေရးျခင္တဲ့စာေရးတင္ပါတယ္။ၿပီးရင္ျပန္လွဲပါတယ္။ ဒီမနက္ကေတာ့ စာမဖတ္အားဘဲ ေရးျခင္ေဖာ္ျပျခင္ေနတဲ့ကိစၥ ရပ္ေလးတစ္ခုရွိေနပါတယ္။ဒါကေတာ့ ငါးပါးသီလလုံစြာေနထိုင္ေနေပမဲ့ ေလာကဓံဒါဏ္ကိုခံေနရတဲ့ မိတ္ေဆြမ်ားအတြက္ပါ။

မေန႔ကေတာ့ ဘုရားစာေတြရြတ္ေပမဲ့ ဘဝမတိုးတက္သူေတြ အေႏွာင့္အရွက္ ခံေနရသူေတြကို ပရိကံလိုအပ္ခ်က္ျဖန႔္ေဝေပး ခဲ့ၿပီးပါၿပီ။ ဒီေန႔ကေတာ့ ငါးပါးသီလ လုံပါလ်က္ မျပည့္မစုံျဖစ္ေနၾကရေသာ မိတ္ေတြအတြက္ပါ။ စာေတြလိုက္ဖတ္တဲ့အခါမွာ ဂမၻီရ ၾကက္ေၿခ ပါရင္ အရာရာျပည့္စုံမယ္ ႀကီးပြားမယ္လို႔ ေရးထားတာေတြ ဖတ္ရပါတယ္။

သုေတသန အရ တဝက္မွန္တဝက္မွားပါတယ္လို႔ကၽြန္ေတာ္ အခိုင္အမာေျပာပါ မယ္။ ဘာေၾကာင့္ေျပာနိုင္သလဲဆိုရင္လက္ခဏာပညာရပ္ကို(၁၃)ႏွစ္သားကစတင္ရင္းႏွီးၿပီး ယေန႔အခ်ိန္အထိ အဆက္မျပတ္ သုေတ သနလုပ္ခဲ့လို႔ပါဘဲ။

လကၡဏာပညာရဲ့အားသာခ်က္က တြက္ခ်က္ေနစရာ ဘာပစၥည္းဘာအေထာက္အကူမွမလိုဘဲလက္ကိုယူၾကည့္တာနဲ႔ ျခဳံငုံေျပာ နိုင္ပါတယ္။ေမြးႏွစ္ ေမြးလ ရက္ေန႔ဘာမွမလိုပါ။လက္ခဏာနဲ႔ အေသးစိတ္ကေတာ့ အတိုင္းအထြာ လိုပါတယ္။ဒါေပမဲေဗဒင္ ပညာေလာက္အႏုမစိတ္နိုင္ပါဘူး။ သယ္ေဆာင္ရတဲ့ပစၥည္း ပစၥယတာဝန္နည္းပါတယ္။

မ်န္ဘီလူးတစ္ခ်ပ္ပါရင္ရပါၿပီ။ ဝန္က်ဥ္းေပမဲ့ဒီပညာလဲ မိမိမွာအေတြ႕အၾကဳံ ရွိသေလာက္ မွန္ဘီလူးေကာင္းရင္ေကာင္းသေလာက္ သိနိုင္ေျပာနိုင္တဲ့ ပညာေတြအမ်ားႀကီးရွိပါတယ္။ သမထ နဲ႔ေပါင္းရင္ေတာ့ လက္ကိုကိုင္တာ နဲ႔အပူအေအး အရွိန္အဟုန္ရိုက္ခတ္မႈ႔ေၾကာင့္ ၃၀% ေလာက္ေျပာနိုင္ေနပါၿပီ။

႐ုပ္ရွင္ေတြထဲမွာ လက္ခဏာဆရာလက္ကိုင္ရင္ အသားယူတယ္ဆိုတဲ့ ျပကြက္ေတြဟာသေႏွာ ရိုက္ထားတာေတြ႕ေနၾကမို႔လူအမ်ားကအထူးသျဖင့္ (မိန္းခေလး)ေတြမႏွစ္သက္ပါဘူး။ဒါေပမဲ့လက္ေရစာ ၾကမ္းမၾကမ္းက အဓိကအခ်က္ပါ။ မကိုင္ဘဲမပြတ္သပ္ဘဲမသိနိုင္ပါဘူး။ႏုရင္ပင္ပန္းဆင္းရဲနည္း ပါတယ္။ ၾကမ္းရင္သူေဌးေတာင္ မေနနိုင္မထိုင္နိုင္ဖုန္သုတ္ေနရ မွေနတတ္ပါတယ္။လက္ေရစာၾကဲရင္လဲ ပင္ပန္းပါတယ္။လက္ေရစာစိတ္ရင္သက္သာပါတယ္။အားလုံးလဲ အေျခခံသိေအာင္ထည့္ေျပာေနတာပါ။

အေရာင္အေသြးမွာလဲ ပန္းေရာင္ျဖစ္ရင္ ေအးခ်မ္းၿပီး အနီေရာင္ ဆို ရင္ေလာဘ ေဒါသ ေမာဟ မ်ားလာပါၿပီ ခရမ္းေရာင္ဆိုရင္ ျပစ္မႈ႔ နီးစပ္ေနၿပီး ျဖဴေဖ်ာ့ေနရင္က်န္းမာေရးက်ေနတာ ေဖာ္ျပေနပါ တယ္။ အနီေရာင္သန္းၿပီး အျဖဴစကေတြမ်ားေနရင္ အသည္းကို ဒုကၡေပးေနပါၿပီ။ စာေလးမွာစိုးလို႔အေျခခံသေဘာေတြ ကိုရပ္ပါၿပီ။

ဂမၻီရ ၾကက္ေျခပါတာ ေကာင္းတဲ့အမွတ္အသားဆိုတာ ေထာက္ခံ ပါတယ္။ ဒါေပမဲ့ ဒီဘဝမွာ ေလာကဓံအေတာ္ခံရမဲ့သူေတြလို႔ ကၽြန္ေတာ္ တိတိက်က် ေျပာပါတယ္။ သက္သက္သာသာနဲ႔ ဘာတခုမွအေခ်ာင္မရပါဘူး။ တခါလုပ္႐ုံနဲ႔လဲ အဆင္မေျပပါဘူး။အနည္းဆုံး ၂ႀကိမ္ႀကိဳးစား ရသူေတြပါ။

ဒီအမွတ္ပါထားရင္ ၁။အမ်ားအတြက္ လူပင္ပန္း စိတ္ပင္ပန္း ရပါမယ္။ အက်ိဳးေဆာင္လိုက္ပါ။ ၂။အမ်ားအားကိုးခံရပါမယ္။ပဲခူးဆားပါ။ ၃။အိပ္မက္ထူးမ်ားျမင္မက္ပါတယ္။ ၄။တခါမွမေရာက္ဘူတဲ့ေနရာ ေရာက္သြားရင္ ရင္းႏွီးစြာ သိေနပါတယ္။ ၅။မသန႔္တဲ့ေနရာ အသုံးအေဆာင္နဲ႔ၾကဳံရင္ ခ်က္ျခင္းစိတ္ကသိၿပီး ဓါတ္ျပင္း သူေတြဆို ယားယံလာပါမယ္။

၆။လူတေယာက္ကို ခ်က္ျခင္း အကဲခတ္ မသိစိတ္က ပုံေဖာ္ၿပီး လူေကာင္းဟုတ္ မဟုတ္ခ်က္ျခင္းသိပါတယ္။ ၇။ဓါတ္ျပင္းသူမ်ား ဆိုရင္ စုန္းတတေစၧ ပူးသူနားေရာက္တာနဲ႔ ခ်က္ျခင္းေရာဂါေပ်ာက္ ပါတယ္။

၈။ေမြးျမဴေရးလုပ္ အရင္းျပဳတ္ ပါတယ္။ ၉။အကုသိုလ္အလုပ္ ဘာမွအက်ိဳးမေပးပါ။ ၁၀။မီးေလာင္ ေရနစ္ ဓါတ္လိုက္ accident မ်ိဳးစုံၾကဳံဘူးပါမယ္။ ၁၁။အိမ္ေထာင္ေရးသာယာမႈ႔နည္းပါတယ္။ကြဲတတ္ပါတယ္။ မကြဲရင္ခြဲေနရပါမယ္။ ၁၂။အခက္အခဲသိပ္ၾကဳံလာရင္ ေနာက္ဆုံးအခ်ိန္မွာ ကူညီသူ ေပၚလာ ပါတယ္။

၁၃။အခ်ဳပ္အေႏွာင္ကိန္းေတြလဲၾကဳံရပါတယ္။ ၁၄။သြားပုပ္ေလလြင့္လဲအေျပာခံရပါမယ္။ ၁၅။ဘဝေနဝင္ခ်ိန္မွ ဥစၥာခ်မ္းသာ တရားအသိ ခ်မ္းသာရပါတယ္။ ၁၆။ပထမ ဒုတိယ တတိယ အရြယ္ေတြမွာ ခံရၿပီးစတုထၳအရြယ္မွာမွ ေအးခ်မ္းရပါမယ္။

ဒါကိုေကာင္းတယ္ေျပာမွာလားလို႔ေမးရင္ေကာင္းတယ္ လို႔ ေျဖပါမယ္။ ဒီလက္ပိုင္ရွင္ဟာ ေသာတာပန္ အဆင့္အနည္းဆုံးကူးေျပာင္းေတာ့မဲ့ သူမို႔ပါ။ သံသရာျပတ္ဖို႔ငါး ဘဝသာ က်န္ေတာ့တယ္လို႔ေရွးေဟာင္း က်မ္းေတြက ဆိုပါတယ္။ ဒါေၾကာင့္ ၈မၻီရၾကက္ေျခပါၿပီး ေလာကဓံၾကဳံေနသူေတြ ကိုေျပာျပျခင္ တာက ဝဋ္ေႂကြးအကုန္ဆပ္ရေအာင္ အေႂကြးေတာင္းခံေနရတာပါလို႔။ ေလာကဓံေတြက သင့္ကို အတိတ္အေႂကြးေတြ ဆပ္ခိုင္းေန သလို သံသရာျပတ္ျခင္ေအာင္ တြန္းပို႔ ေနတာပါလို႔ မွာပါရေစ။

စိတ္ဓါတ္မက်ပါနဲ႔။ ဘယ္ေတာ့မွ ထမင္းမငတ္ တဲ့လက္ပါ။ကိုယ္စိတ္ကေတာ့ အနားမရဘဲ ပင္ပန္းပါမယ္။ သူမ်ားလက္ခ်က္နဲ႔ ဘယ္ေတာ့မွမေသပါဘူး။ Accident ေၾကာင့္လဲမေသပါဘူး။ တြဲလ်က္အရံအသက္လမ္းေၾကာင္းလဲပါမွာပါ။ ခြဲစိတ္ ျဖတ္ေတာက္ကုသ ခံရမွာေတာ့၁၀၀% အျပည့္ပါလို႔ မွာရင္း သူေတာ္ေကာင္း လက္၊ ဒါမွ မဟုတ္သူေတာ္ေကာင္းျဖစ္ေတာ့မဲ့လက္လို႔ အာမခံ ေျပာရဲပါတယ္။

တရားထိုင္ရင္တရားထူးအျမန္ရပါမယ္။ ထူးျခားသူမ်ား နဲ႔ ထူးျခားျဖစ္စဥ္မ်ား ကိုၾကဳံရျမင္ရပါမယ္။ နိတ္ဗာန္ကိုျမင္ေနရပါၿပီ။ေရာက္ဖို႔အတြက္ အားထုတ္ဖို႔က မိမိတာဝန္ပါ။ သူမ်ားေတြ ေဝးေနေသးတဲ့ နိတ္ဗာန္ကို ျမင္ေနရတဲ့ လမ္းေပၚေျခခ်မိေနမွေတာ့ ဘာ စိတ္ညစ္စရာ လိုပါေသးလဲ။ ျမန္ျမန္သြားရင္ျမန္ျမန္ေရာက္မယ္ ေႏွးေႏွး သြားရင္ ေႏွးေႏွးေရာက္မယ္။ ဒါဘဲကြာပါေတာ့တယ္။ မိတ္ေဆြအားလုံး စိတ္၏ခ်မ္းသာျခင္း ကိုယ္၏ က်န္းမာျခင္းႏွင့္ျပည့္စုံၾကပါေစ။ခရက္ဒစ္

Unicode

အဘ ဦးဖိုးနီ” ပြောတဲ့ လက်ဖဝါး ပေါ်မှာ လျှို့ဝှက် ဆန်းကြယ် ဂမ္ဘီရကြက်ခြေပါသူများ အကြောင်း

ဒီမနက်လဲ နံနက် (၁-၀၀)လောက်မှာနိုးလာပါတယ်။ ခါတိုင်းဆိုဘုရားကန်တော့သစ္စာပြုပြီး စာဖတ်၊ပြီးရင် တရားထိုင်ပြီးက ရေးခြင်တဲ့စာရေးတင်ပါတယ်။ပြီးရင်ပြန်လှဲပါတယ်။ ဒီမနက်ကတော့ စာမဖတ်အားဘဲ ရေးခြင်ဖော်ပြခြင်နေတဲ့ကိစ္စ ရပ်လေးတစ်ခုရှိနေပါတယ်။ဒါကတော့ ငါးပါးသီလလုံစွာနေထိုင်နေပေမဲ့ လောကဓံဒါဏ်ကိုခံနေရတဲ့ မိတ်ဆွေများအတွက်ပါ။

မနေ့ကတော့ ဘုရားစာတွေရွတ်ပေမဲ့ ဘဝမတိုးတက်သူတွေ အနှောင့်အရှက် ခံနေရသူတွေကို ပရိကံလိုအပ်ချက်ဖြန့်ဝေပေး ခဲ့ပြီးပါပြီ။ ဒီနေ့ကတော့ ငါးပါးသီလ လုံပါလျက် မပြည့်မစုံဖြစ်နေကြရသော မိတ်တွေအတွက်ပါ။ စာတွေလိုက်ဖတ်တဲ့အခါမှာ ဂမ္ဘီရ ကြက်ခြေ ပါရင် အရာရာပြည့်စုံမယ် ကြီးပွားမယ်လို့ ရေးထားတာတွေ ဖတ်ရပါတယ်။

သုတေသန အရ တဝက်မှန်တဝက်မှားပါတယ်လို့ကျွန်တော် အခိုင်အမာပြောပါ မယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင်လက်ခဏာပညာရပ်ကို(၁၃)နှစ်သားကစတင်ရင်းနှီးပြီး ယနေ့အချိန်အထိ အဆက်မပြတ် သုတေ သနလုပ်ခဲ့လို့ပါဘဲ။

လက္ခဏာပညာရဲ့အားသာချက်က တွက်ချက်နေစရာ ဘာပစ္စည်းဘာအထောက်အကူမှမလိုဘဲလက်ကိုယူကြည့်တာနဲ့ ခြုံငုံပြော နိုင်ပါတယ်။မွေးနှစ် မွေးလ ရက်နေ့ဘာမှမလိုပါ။လက်ခဏာနဲ့ အသေးစိတ်ကတော့ အတိုင်းအထွာ လိုပါတယ်။ဒါပေမဲဗေဒင် ပညာလောက်အနုမစိတ်နိုင်ပါဘူး။ သယ်ဆောင်ရတဲ့ပစ္စည်း ပစ္စယတာဝန်နည်းပါတယ်။

မျန်ဘီလူးတစ်ချပ်ပါရင်ရပါပြီ။ ဝန်ကျဉ်းပေမဲ့ဒီပညာလဲ မိမိမှာအတွေ့အကြုံ ရှိသလောက် မှန်ဘီလူးကောင်းရင်ကောင်းသလောက် သိနိုင်ပြောနိုင်တဲ့ ပညာတွေအများကြီးရှိပါတယ်။ သမထ နဲ့ပေါင်းရင်တော့ လက်ကိုကိုင်တာ နဲ့အပူအအေး အရှိန်အဟုန်ရိုက်ခတ်မှု့ကြောင့် ၃၀% လောက်ပြောနိုင်နေပါပြီ။

ရုပ်ရှင်တွေထဲမှာ လက်ခဏာဆရာလက်ကိုင်ရင် အသားယူတယ်ဆိုတဲ့ ပြကွက်တွေဟာသနှော ရိုက်ထားတာတွေ့နေကြမို့လူအများကအထူးသဖြင့် (မိန်းခလေး)တွေမနှစ်သက်ပါဘူး။ဒါပေမဲ့လက်ရေစာ ကြမ်းမကြမ်းက အဓိကအချက်ပါ။ မကိုင်ဘဲမပွတ်သပ်ဘဲမသိနိုင်ပါဘူး။နုရင်ပင်ပန်းဆင်းရဲနည်း ပါတယ်။ ကြမ်းရင်သူဌေးတောင် မနေနိုင်မထိုင်နိုင်ဖုန်သုတ်နေရ မှနေတတ်ပါတယ်။လက်ရေစာကြဲရင်လဲ ပင်ပန်းပါတယ်။လက်ရေစာစိတ်ရင်သက်သာပါတယ်။အားလုံးလဲ အခြေခံသိအောင်ထည့်ပြောနေတာပါ။

အရောင်အသွေးမှာလဲ ပန်းရောင်ဖြစ်ရင် အေးချမ်းပြီး အနီရောင် ဆို ရင်လောဘ ဒေါသ မောဟ များလာပါပြီ ခရမ်းရောင်ဆိုရင် ပြစ်မှု့ နီးစပ်နေပြီး ဖြူဖျော့နေရင်ကျန်းမာရေးကျနေတာ ဖော်ပြနေပါ တယ်။ အနီရောင်သန်းပြီး အဖြူစကတွေများနေရင် အသည်းကို ဒုက္ခပေးနေပါပြီ။ စာလေးမှာစိုးလို့အခြေခံသဘောတွေ ကိုရပ်ပါပြီ။

ဂမ္ဘီရ ကြက်ခြေပါတာ ကောင်းတဲ့အမှတ်အသားဆိုတာ ထောက်ခံ ပါတယ်။ ဒါပေမဲ့ ဒီဘဝမှာ လောကဓံအတော်ခံရမဲ့သူတွေလို့ ကျွန်တော် တိတိကျကျ ပြောပါတယ်။ သက်သက်သာသာနဲ့ ဘာတခုမှအချောင်မရပါဘူး။ တခါလုပ်ရုံနဲ့လဲ အဆင်မပြေပါဘူး။အနည်းဆုံး ၂ကြိမ်ကြိုးစား ရသူတွေပါ။

ဒီအမှတ်ပါထားရင် ၁။အများအတွက် လူပင်ပန်း စိတ်ပင်ပန်း ရပါမယ်။ အကျိုးဆောင်လိုက်ပါ။ ၂။အများအားကိုးခံရပါမယ်။ပဲခူးဆားပါ။ ၃။အိပ်မက်ထူးများမြင်မက်ပါတယ်။ ၄။တခါမှမရောက်ဘူတဲ့နေရာ ရောက်သွားရင် ရင်းနှီးစွာ သိနေပါတယ်။ ၅။မသန့်တဲ့နေရာ အသုံးအဆောင်နဲ့ကြုံရင် ချက်ခြင်းစိတ်ကသိပြီး ဓါတ်ပြင်း သူတွေဆို ယားယံလာပါမယ်။

၆။လူတယောက်ကို ချက်ခြင်း အကဲခတ် မသိစိတ်က ပုံဖော်ပြီး လူကောင်းဟုတ် မဟုတ်ချက်ခြင်းသိပါတယ်။ ၇။ဓါတ်ပြင်းသူများ ဆိုရင် စုန်းတတစ္ဆေ ပူးသူနားရောက်တာနဲ့ ချက်ခြင်းရောဂါပျောက် ပါတယ်။

၈။မွေးမြူရေးလုပ် အရင်းပြုတ် ပါတယ်။ ၉။အကုသိုလ်အလုပ် ဘာမှအကျိုးမပေးပါ။ ၁၀။မီးလောင် ရေနစ် ဓါတ်လိုက် accident မျိုးစုံကြုံဘူးပါမယ်။ ၁၁။အိမ်ထောင်ရေးသာယာမှု့နည်းပါတယ်။ကွဲတတ်ပါတယ်။ မကွဲရင်ခွဲနေရပါမယ်။ ၁၂။အခက်အခဲသိပ်ကြုံလာရင် နောက်ဆုံးအချိန်မှာ ကူညီသူ ပေါ်လာ ပါတယ်။

၁၃။အချုပ်အနှောင်ကိန်းတွေလဲကြုံရပါတယ်။ ၁၄။သွားပုပ်လေလွင့်လဲအပြောခံရပါမယ်။ ၁၅။ဘဝနေဝင်ချိန်မှ ဥစ္စာချမ်းသာ တရားအသိ ချမ်းသာရပါတယ်။ ၁၆။ပထမ ဒုတိယ တတိယ အရွယ်တွေမှာ ခံရပြီးစတုထ္ထအရွယ်မှာမှ အေးချမ်းရပါမယ်။

ဒါကိုကောင်းတယ်ပြောမှာလားလို့မေးရင်ကောင်းတယ် လို့ ဖြေပါမယ်။ ဒီလက်ပိုင်ရှင်ဟာ သောတာပန် အဆင့်အနည်းဆုံးကူးပြောင်းတော့မဲ့ သူမို့ပါ။ သံသရာပြတ်ဖို့ငါး ဘဝသာ ကျန်တော့တယ်လို့ရှေးဟောင်း ကျမ်းတွေက ဆိုပါတယ်။ ဒါကြောင့် ၈မ္ဘီရကြက်ခြေပါပြီး လောကဓံကြုံနေသူတွေ ကိုပြောပြခြင် တာက ဝဋ်ကြွေးအကုန်ဆပ်ရအောင် အကြွေးတောင်းခံနေရတာပါလို့။ လောကဓံတွေက သင့်ကို အတိတ်အကြွေးတွေ ဆပ်ခိုင်းနေ သလို သံသရာပြတ်ခြင်အောင် တွန်းပို့ နေတာပါလို့ မှာပါရစေ။

စိတ်ဓါတ်မကျပါနဲ့။ ဘယ်တော့မှ ထမင်းမငတ် တဲ့လက်ပါ။ကိုယ်စိတ်ကတော့ အနားမရဘဲ ပင်ပန်းပါမယ်။ သူများလက်ချက်နဲ့ ဘယ်တော့မှမသေပါဘူး။ Accident ကြောင့်လဲမသေပါဘူး။ တွဲလျက်အရံအသက်လမ်းကြောင်းလဲပါမှာပါ။ ခွဲစိတ် ဖြတ်တောက်ကုသ ခံရမှာတော့၁၀၀% အပြည့်ပါလို့ မှာရင်း သူတော်ကောင်း လက်၊ ဒါမှ မဟုတ်သူတော်ကောင်းဖြစ်တော့မဲ့လက်လို့ အာမခံ ပြောရဲပါတယ်။

တရားထိုင်ရင်တရားထူးအမြန်ရပါမယ်။ ထူးခြားသူများ နဲ့ ထူးခြားဖြစ်စဉ်များ ကိုကြုံရမြင်ရပါမယ်။ နိတ်ဗာန်ကိုမြင်နေရပါပြီ။ရောက်ဖို့အတွက် အားထုတ်ဖို့က မိမိတာဝန်ပါ။ သူများတွေ ဝေးနေသေးတဲ့ နိတ်ဗာန်ကို မြင်နေရတဲ့ လမ်းပေါ်ခြေချမိနေမှတော့ ဘာ စိတ်ညစ်စရာ လိုပါသေးလဲ။ မြန်မြန်သွားရင်မြန်မြန်ရောက်မယ် နှေးနှေး သွားရင် နှေးနှေးရောက်မယ်။ ဒါဘဲကွာပါတော့တယ်။ မိတ်ဆွေအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။ခရက်ဒစ်